အကြမ်းဖက်စစ်ကောင်စီမှ ၁၅နှစ်အရွယ်တစ်ဦးအပါအဝင် ဒေသခံလေးဦးကို ဖမ်းဆီးခေါ်ဆောင်သွား


 ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းရှိ ရိက္ခာပြန်လာယူတဲ့ ဆိုင်ကယ်မောင်းနှင်လာသူ အမျိုးသားလေးဦးကို ဒီကနေ့ ဩဂုတ်လ ၁၄ရက်နေ့ နေ့ခင်းမှာ စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ 

ဖမ်းဆီးခေါ်ဆောင်သွားသူများအနက် အသက် ၁၅နှစ်အရွယ်တစ်ဦး၊ ၄၀ ဝန်းကျင်အရွယ်နှစ်ဦးနဲ့ အသက် ၅၆ နှစ်အရွယ်တစ်ဦးတို့ ဖြစ်ကြပြီး အသက် ၁၅နှစ်အရွယ်တစ်ဦးကိုတော့  ကြိုးတုတ်ပြီး ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

“အခုက လေးယောက်အဖမ်းခံလိုက်ရတယ်ပေါ့ ဘယ်နားလဲဆိုတော့ ဒေါတကလဲရွာကပေါ့ ဒါပေမယ့် ဒေါတကလဲရွာဆိုပေမယ့် သူတို့ခေါ်တာက ဒေါတကလဲရွာကနေ ထီးဖိုးကလိုးအုပ်စုကို ဆင်းတဲ့ တောလမ်းတောင်ကြားလမ်းမှာ စစ်ကောင်စီ (စကစ) တွေက အဲ့လမ်းမှာစောင့်ပြီးဖမ်းတယ်။ စစ်ရှောင်ရတော့ တစ်ချို့ကလည်း စားနပ်ရိက္ခာပြန်လာယူတဲ့ချိန် အမျိုးသား ၄ယောက်လုံးပေါ့။ အဖမ်းခံလိုက်ရတယ်။ အဖမ်းခံလိုက်ရတဲ့အချိန် ၁နာရီဝန်းကျင်လို့ပြောတယ် ။၄ယောက်ထဲက တစ်ယောက်ကိုတော့ လူငယ်တစ်ယောက်ပါတယ် ၁၅နှစ်အရွယ်တစ်ယောက်ပါသွားတယ်။ ပိုထူးဆန်းတာက အဲ့လူငယ်ကိုတော့ ကြိုးတုတ်ပြီးမှ ခေါ်သွားတယ်။ ခေါ်သွားတဲ့နေရာကတော့ ဒေါတဒါးတောင်ပေါ်တစ်ကြောပေါ့။” လို့ ဒေသခံတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

ဒီမော့ဆိုမြို့နယ်အရှေ့ဖက်ခြမ်းမှာ ယမန်နေ့ည ( ဩဂုတ်လ ၁၃ ရက်နေ့) ညနေပိုင်း ၆နာရီကျော်မှာ ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)ပူးပေါင်းတပ် နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားတာကြောင့် ဒေသခံပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ ကျေးရွာအထိ အင်အားတိုးချဲ့မှုလုပ်ဆောင်နေပြီး တိုက်ပွဲအချိန်မရွေးပြန်လည်ဖြစ်ပွားနိုင်တဲ့အတွက် ကျေးရွာအတွင်းရှိ ဒေသခံပြည်သူတွေ အိမ်မပြန်ရဲကြသေးဘူးလို့ သိရပါတယ်။


Kantarawaddy Times 

https://www.facebook.com/KantarawaddyTimes

အကြမ်းဖက်စစ်ကောင်စီမှ ၁၅နှစ်အရွယ်တစ်ဦးအပါအဝင် ဒေသခံလေးဦးကို ဖမ်းဆီးခေါ်ဆောင်သွား အကြမ်းဖက်စစ်ကောင်စီမှ  ၁၅နှစ်အရွယ်တစ်ဦးအပါအဝင် ဒေသခံလေးဦးကို ဖမ်းဆီးခေါ်ဆောင်သွား Reviewed by THITHTOOLWIN on 01:48 Rating: 5

No comments:

Powered by Blogger.