၈လေးလုံးနှစ်ပတ်လည်နေ့မတိုင်ခင် ဂုဏ်ပြုဆန္ဒပြပွဲများပြုလုပ်

ကလေးမြို့က ဆန္ဒပြပွဲ (၇၊၈၊၂၀၂၁) (ဓာတ်ပုံ - CJ)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ ရန်ကုန်၊ မန္တလေး နဲ့ နိုင်ငံတဝန်းက မြို့တချို့မှာ ဒီနေ့ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ မန္တလေးမြို့မှာတော့ ဗကသကျောင်းသားများ သပိတ်စစ်ကြောင်း နဲ့ စက်မှု စုပေါင်း သပိတ်စစ်ကြောင်းတွေ ပူးပေါင်းပြီး စစ်အာဏာရှင်ဖြုတ်ချရေး ကြွေးကြော်သံတွေကို အော်ဟစ်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

ဒါ့အပြင် ၈ လေးလုံး အရေးတော်ပုံကြီး ၃၃ နှစ် မြောက် မတိုင်ခင် ဒီနေ့ ပြုလုပ်တဲ့ ဆန္ဒပြပွဲအတွင်း၊ အထွေထွေတပ်ပေါင်းစုသပိတ်၊ LGBT လူမှုအသိုင်းအဝိုင်းနဲ့ ချမ်းမြသာစည် သပိတ်စစ်ကြောင်းတွေလည်း သက်ဆိုင်ရာ ဆန္ဒပြသပိတ်စစ်ကြောင်းအလိုက်ချီတက်ခဲ့ကြပြီး၊ ဆန္ဒပြတဲ့သူတွေက “မပြီးဆုံးသေးတဲ့ ရှစ်လေးလုံး လူထုလွတ်မြောက်ရေး ဒို့အတူရုန်း၊ သွေးကြွေးကို သွေးနဲ့ဆပ်ကြ” ဆိုတဲ့ စာတမ်းတွေ ပိုစတာတွေကို ကိုင်ဆောင်ပြီးတော့ ချီတက်ဆန္ဒပြခဲ့ကြတာပါ။

ဒါ့အပြင် မြင်းခြံမြို့ကနည်းပညာကောလိပ်ကျောင်းသားတွေ နဲ့ ပြည်သူတချို့ကလည်း အဝေးပြေးကာဂိတ်ဝင်းအတွင်းမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို ဆင်နွဲခဲ့ကြပြီး၊ ရန်ကုန်၊ ကလေး၊ ရွှေဘို နဲ့ ထားဝယ်၊မြို့တွေမှာလည်း လူငယ်တွေ နဲ့ ပြည်သူတချို့ ဆန္ဒပြခဲ့ကြပါတယ်။

မနက်ဖြန်မှာ ကျရောက်မယ့် ၈ လေးလုံး အရေးတော်ပုံကြီး ၃၃ နှစ် ပြည့် အထိမ်းအမှတ်အဖြစ်နဲ့ ဂုဏ်ပြုဆန္ဒပြသပိတ်တွေလုပ်ဖို့ကိုလည်း မြန်မာ့နွေဦးတော်လှန်ရေး ဆန္ဒပြသပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာတေဇာစန်းက နှိုးဆော်ထားပါတယ်။ ၈၈၈၈ အထိမ်းအမှတ်အဖြစ်နဲ့ တဘက်က လက် ၃ ချောင်း၊ ကျန်လက်တဘက်က လက် ၅ ချောင်း ၊ စုစုပေါင်း လက် ၈ ချောင်းထောင်းပြီး ဆန္ဒပြသပိတ်တွေလုပ်ကြဖို့ နဲ့ အနီရောင်အဝတ်အစားတွေဝတ်ဆင်ကြဖို့ နဲ့ ဆေးနီသပိတ်တွေလုပ်ဆောင်ဖို့ သူရဲ့လူမှုကွန်ရက်စာမျက်နှာ ကနေ တိုက်တွန်းထားပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/anti-military-coup-protests-around-Myanmar-/5994285.html

၈လေးလုံးနှစ်ပတ်လည်နေ့မတိုင်ခင် ဂုဏ်ပြုဆန္ဒပြပွဲများပြုလုပ် ၈လေးလုံးနှစ်ပတ်လည်နေ့မတိုင်ခင် ဂုဏ်ပြုဆန္ဒပြပွဲများပြုလုပ် Reviewed by THITHTOOLWIN on 00:25 Rating: 5

No comments:

Powered by Blogger.