Facebook သုံး သြဇာလွှမ်းဖို့ကြိုးစားတာကြောင့် ထိခိုက်နိုင်ငံတွေထဲ မြန်မာထိပ်ဆုံးကပါ

Facebook

Facebook ကိုသုံးပြီး ပြည်တွင်းကလူတွေအပေါ် သြဇာလွှမ်းမိုးဖို့ ကြိုးစားတဲ့လုပ်ရပ်တွေကြောင့် ကမ္ဘာပေါ်မှာ အထိခိုက်ရဆုံးနိုင်ငံတွေထဲ မြန်မာနိုင်ငံဟာ ထိပ်ဆုံးမှာရှိနေတယ်လို့ Facebook ကုမ္ပဏီက ဗုဒ္ဓဟူးနေ့မှာထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

အစိုးရကိုထောက်ခံတဲ့ Facebook အသုံးပြုသူတွေကြောင့် မွတ်ဆလင်လူနည်းစုတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ခဲ့တာကို Facebook ကုမ္ပဏီအစီရင်ခံစာက ထောက်ပြထားပါတယ်။

Facebook ပေါ်မှာ အမုန်းစကားတွေ ပြောဆိုဖြန့်ဝေတာ၊ လူမျိုးစုတခုနဲ့တခု အထူးသဖြင့် ဘာသာရေးနဲ့ လူမျိုးရေး လူနည်းစုတွေအပေါ် တိုက်ခိုက်မှုတွေ ဖြစ်လာစေတဲ့အထိ လှုံ့ဆော်ပြောဆိုတာတွေကို ဖယ်ရှားဖို့ Facebook က ထိထိရောက်ရောက် မလုပ်ခဲ့ဘူးဆိုပြီး ဝေဖန်ခံထားရတာပါ။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့အပါအဝင် စစ်တပ်နဲ့ ဆက်စပ်နေတဲ့ Facebook စာမျက်နှာတွေကို ဖယ်ရှားပစ်ခဲ့သလို အကောင့်အတုတွေကိုလည်း ပိတ်ပစ်ခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ကလည်း အင်တာနက်အသုံးပြုတာကို ထိန်းချုပ်ထားသလို ဖေ့စ်ဘုတ်အပါအဝင် လူမှုဆက်သွယ်ရေးမီဒီယာတွေကို ပိတ်ထားပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/facebook-influence-myanmar/5906399.html

Facebook သုံး သြဇာလွှမ်းဖို့ကြိုးစားတာကြောင့် ထိခိုက်နိုင်ငံတွေထဲ မြန်မာထိပ်ဆုံးကပါ Facebook သုံး သြဇာလွှမ်းဖို့ကြိုးစားတာကြောင့် ထိခိုက်နိုင်ငံတွေထဲ မြန်မာထိပ်ဆုံးကပါ Reviewed by THITHTOOLWIN on 20:53 Rating: 5

No comments:

Powered by Blogger.