မူလာရှီးဒီကြိုးတံတား စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်များက ဒေသခံများထံမှ ဂိတ်​ကြေးအတင်းကောက်ခံနေ။


ပူတာအိုမြို့နယ်၊ မူလာရှီးဒီကြိုးတံတားပေါ်ရှိ စစ်ဆေးရေးဂိတ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ရဲတို့ပူပေါင်းပြီး ဖြတ်သန်းသွားလာနေသည့် ဒေသခံ ပြည်သူများထံမှ အတင်းငွေကြေးကောက်ခံနေသည်ဟု ဒေသခံများ သတင်းပေးပို့ လာချက်မှသိရသည်။

မူလာရှီးဒီးကြိုးတံတားပေါ် စစ်ဆေးရေးဂိတ်တွင် ငွေကြေးကောက်ခံနေသည်မှာ ၂ပတ်ခန့်ရှိလာပြီး ယခင်က ပူတာအိုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများကို ကောက်ခံခြင်းမရှိဘဲ ခရီးသည်များကားများကိုသာကောက်ခံခဲ့ခြင်းဖြစ်သည်ဟု ကြုံတွေ့ခဲ့သည့် မူလာရှီးဒီတွင် နေထိုင်သူ ဒေသခံတစ်ဦးက KNG သတင်းဌာနကိုပြောဆိုခဲ့သည်။

"အခုနောက်ပိုင်း သူတို့က ဒေသခံတွေကိုပါ ဂိတ်ကျော်ခ ဆိုပြီးလိုက်တောင်းနေတယ်။ ဘာနဲ့ဖြတ်ဖြတ် အကုန်လိုက်တောင်းနေသလိုဖြစ်နေပြီ။ တောင်းပြီးမှ မပေးရင် ထောက်ခံစာတွေအမျိုးမျိုးတောင်းလာတယ်။ မပြနိုင်ရင်မဖြတ်ခိုင်းဘူး။ အရင်းတုန်းကလည်းကောက်ပါတယ်။ ဒါပေမယ့် ဒေသခံတွေကိုမကောက်ဘူး။  မြစ်ကြီးနားလို အဝေးကလာတဲ့ ကုန်သည်ကားတွေကိုတောင်းတယ်"ဟုပြောဆိုသည်။

ထိုစစ်ဆေးရေးဂိတ်တွင် ဂိတ်ကျော်ဖြတ်ခအဖြစ် တစ်ထောင်မှ ငါးထောင်အထိ ကောက်ခံနေပြီး  လုံခြုံရေးအရ ခေါင်းစဉ်ဖြင့် ထောက်ခံစာများပြခိုင်းကာ ငွေဖိတောင်းခံနေသည့် ပုံစံဖြစ်သည်ဟု သူကဆက်ဆိုသည်။

အဆိုပါ မူလာရှီးဒီစစ်ဆေးဂိတ်တွင် စစ်တပ်က အာဏာမသိမ်းခင် စုပေါင်းဂိတ်အဖြစ် အစိုးရဌာနဆိုင်ရာအသီးသီးမှတာဝန်ထမ်းဆောင်ခဲ့သော်လည်း  အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိတွင် စစ်တပ်နှင့်ရဲတို့သာ ဂိတ်တွင်ရှိကြောင်းသိရသည်။

ပူတာအိုမြို့နယ်အတွင်း တိုက်ပွဲပြန်လည်ပြင်းထန် လာသည့်အတွက် အဆိုပါစစ်ဆေးရေးဂိတ်တွင် မေလ ၂၉ရက်နေ့မှစကာ နေ့သာအချိန်မှသာ စောင့်ကြည့်မည်ဖြစ်ပြီး ညအိပ်စွန့်ခွာသွားခဲ့ကြောင်း ဒေသခံများပြောဆိုသည်။


Kachin News Group 

https://www.facebook.com/theKachinNews

မူလာရှီးဒီကြိုးတံတား စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်များက ဒေသခံများထံမှ ဂိတ်​ကြေးအတင်းကောက်ခံနေ။ မူလာရှီးဒီကြိုးတံတား စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်များက ဒေသခံများထံမှ ဂိတ်​ကြေးအတင်းကောက်ခံနေ။ Reviewed by THITHTOOLWIN on 20:24 Rating: 5

No comments:

Powered by Blogger.