ဟားခါးတွင်ဖမ်းဆီးနှိပ်စက်ခံရပြီးသေဆုံးသူကိုမနက်ဖြန်သဂြိုလ်မယ်


ဟားခါးမြို့အနောက်ဘက် Nawi ချောင်းနားက တောင်ယာသမား Pu Tler Ling အသက် ၅၆ နှစ် ကို  စစ်ကောင်စီတပ်က မေလ ၉ ရက်နေ့က  ဖမ်းဆီးသွားပြီးနှိပ်စက်လို့ဒီနေ့သေဆုံးသွားပြီး၊မနက်ဖြန်သဂြိုလ်ရန်စီစဥ်နေကြောင်းသူနဲ့နီးစပ်တဲ့မိသားစု၀င်ဆီကသိရပါတယ်။ 

"သူကနဂိုကျန်းမာရေးကောင်းပြီးသားပါ၊နှိပ်စက်လို့သေတာပဲဖြစ်မယ်၊ကလေးမြို့ကိုဆေးကုဖို့ပို့ရင်းသေတာဆိုတော့အလောင်းပြန်ရဖို့လုပ်နေတုန်း လို့ ၄င်းကဆိုပါတယ်။

မေလ ၉ ရက်နေ့က ဖမ်းဆီးခံရတဲ့Pu Tler Ling ရဲ့ကျန်းမာရေးအခြေအနေမဟန်တာကြောင့် ဒီမနက်မှာ  ဟားခါးမှ ကလေးမြို့ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတစ်ဝက်မှာ သေဆုံးသွားတာဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ချင်းပြည်နယ်မှာစစ်ကောင်စီတပ်ဖွဲ့ကြောင့် သေဆုံးသူ ၂ ဦး ရှိပြီဖြစ်ပါတယ်။


Chin World 

https://www.facebook.com/Chin-World-167011980026853

ဟားခါးတွင်ဖမ်းဆီးနှိပ်စက်ခံရပြီးသေဆုံးသူကိုမနက်ဖြန်သဂြိုလ်မယ် ဟားခါးတွင်ဖမ်းဆီးနှိပ်စက်ခံရပြီးသေဆုံးသူကိုမနက်ဖြန်သဂြိုလ်မယ် Reviewed by THITHTOOLWIN on 20:10 Rating: 5

No comments:

Powered by Blogger.