လွိုင်ကော်မြို့နဲ့ ဒီမော့ဆိုမြို့တွေမှာ ညအချိန်မှစပြီး ပစ်ခတ်မှုတွေဖြစ်ပွားနေ


ဒီကနေ့ မေလ ၂၄ရက်နေ့ ညအချိန်မှစပြီး လွိုင်ကော်မြို့နဲ့ ဒီမော့ဆိုမြို့တွေမှာ ပစ်ခတ်သံတွေကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လွိုင်ကော်မြို့မှာ ညနေခင်း ၃နာရီလောက်ကစပြီး မြို့တွင်း၊ ရပ်ကွက်တွင်း လမ်းကြားအထိ စစ်ကောင်စီတပ်က လှည့်ပတ် စောင့်ကြည်သွားလာနေကြပြီး ညအချိန်မှာတော့ ပစ်ခတ်သံတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီဖက်ကနေ တင့်ကား၊ အမြောက်ကား၊ လက်နက်ကြီးတွေသုံးပြီး  PDF နဲ့ ပစ်ခတ်သလို မြို့တွင်းရပ်ကွက်၊ ကျေးရွာတွေမှာလည်း လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတဲ့အတွက် ပျက်စီးမှုတွေရှိတယ်လို့ သိရပါတယ်။

လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်နေတဲ့ စစ်ရှောင်ပြည်သူ ၄ ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။


Kantarawaddy Times 

https://www.facebook.com/KantarawaddyTimes

လွိုင်ကော်မြို့နဲ့ ဒီမော့ဆိုမြို့တွေမှာ ညအချိန်မှစပြီး ပစ်ခတ်မှုတွေဖြစ်ပွားနေ လွိုင်ကော်မြို့နဲ့ ဒီမော့ဆိုမြို့တွေမှာ ညအချိန်မှစပြီး ပစ်ခတ်မှုတွေဖြစ်ပွားနေ Reviewed by THITHTOOLWIN on 22:57 Rating: 5

No comments:

Powered by Blogger.