ကေအဲန်ယူတပ်မဟာ (၅) နှင့် အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုတို့ ကြားပစ်ခတ်မှုဖြစ်ပွား


၂၂ မေလ ၂၀၂၁ သူးလေသတင်းစဥ်

ကေအဲန်ယူ ထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင် တပ်မဟာ(၅) ကတိုင်တိလမ်းမပေါ်ရှိ မာထောကျေးရွာနှင့် ခွေးသေကျေးရွာ အကြားတွင် (KNLA) ကရင်လွတ်မြောက်ရေးတပ်မတော်နှင့် အဏာသိမ်းအကြမ်းဖက်စစ်အုပ်စု  ယနေ့မေလ (၂၂)ရက်နေ့တွင်တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။

တိုက်ပွဲဖြစ်ရာတွင် အဏာသိမ်းအကြမ်းဖက်စစ်အုပ်စု ဘက်မှ ကရင်နယ်ခြားစောင့်တပ် (BGF) တပ်ရင်း (၁၀၁၃) တပ်ရင်း(တပ်ရင်း၁၀၁၄) ကဗိုလ်မောင်ချစ်နှင့်ဗိုလ်ပန်းယု တို့ဦးဆောင်ပါဝင်တိုက်ခိုက်ခဲ့သည်ဟုဒေသခံ ရွာသားတစ်ဦးပြောကြားချက်အရသိရှိရပါသည်။

မေလ(၂၁)ရက်နေ့ မနက်ပိုင်းတွင်လည်း မာထောကျေးရွာမှာပင်(KNLA) ကရင်လွတ်မြောက်ရေးတပ်မတော်နှင့် အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုဒို့တိုက်ပွဲဖြစ်ရာ အဏာသိမ်းအကြမ်းဖက်စစ်အုပ်စုဖက်မှ သုံးဦးသေ တစ်ဦးဒဏ်ရာ ရရှိခဲ့သည်ဟုသိရှိရပါသည်။

အလားတူပင် ကေအဲန်ယူထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင် တပ်မဟာ (၅)တွင်း မေလ(၂၀)ရက်နေ့က ကရင်နယ်ကြားစောင့်တပ် (BGF)ယာဥ်တစ်စီး  မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး (BGF)ဘက်မှ တစ်ဦးသေဆုံး သုံးဦးဒဏ်ရာ ရှိခဲ့ပါသည်။


Thoolei News - KNU -Department Of Information

https://www.facebook.com/KNUDOIHQ/

ကေအဲန်ယူတပ်မဟာ (၅) နှင့် အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုတို့ ကြားပစ်ခတ်မှုဖြစ်ပွား ကေအဲန်ယူတပ်မဟာ (၅) နှင့် အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုတို့ ကြားပစ်ခတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:11 Rating: 5

No comments:

Powered by Blogger.