မူဆယ်မြို့ လင်မယား စကားများရာမှ အမျိုးသမီး ကို ခေါင်းဖြတ်သတ်ခံရ



Share/Bookmark

မေ (၁၄) ရက် ၂၀၂၁

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ဟိုမွန်ရပ်ကွက်တွင်းရှိ နေအိမ်တစ်အိမ် တွင် ယမန်နေ့( မေ ၁၃)ရက် ည ( ၇ )နာရီ ဝန်းကျင် ၌ အမျိုးသမီး တစ်ဦးခေါင်းသတ်ဖြတ်ခံရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ည (၇) နာရီ ဝန်းကျင်ခန့်က လင်မယား (၂) ဦး စကားများ ရန်ဖြစ်ရာမှ အမျိုးသားက ၎င်း၏ အမျိုးသမီး ဦးခေါင်းကို ဖြတ်လိုက်ကြောင်း၊ ခေါင်းဖြတ်သတ်ခံရသည့်အမျိုးသမီး သည့် အသက် ၃၀ ကျော်ရှိကြောင်း  ဒေသခံ များက ပြောဆိုကြသည်။

“သူ့အမျိုးသားက ဆေးကြောင်နေတယ်။ ကလေး (၂) ယောက်ကျန်ခဲ့တယ်။ ရဲ တွေတော့ ခန္ဓာကိုယ်သယ်သွားပြီး ဦးခေါင်းတော့ ရှာလို့မတွေ့သေးဘူး။ ဘယ်မှာ ပစ်ချလိုက်လဲ မသိဘူး” ဟု ဟိုမွန်ရပ်ကွက် နေထိုင်သူ တစ်ဦး ကပြောသည်။

လက်ရှိအချိန်ထိ အမျိုးသမီးကို သတ်ခဲ့သည့် ၎င်း၏ အမျိုးသားကို ရှာဖွေမတွေ့ရှိသေးကြောင်းသိရသည်။

မူဆယ်မြို့တွင် တရုတ်- မြန်မာ နယ်စပ်မြို့ဖြစ်ပြီး လောင်းကစားများ၊ မူးယစ်ဆေးဝါး သုံးစွဲသူ များပြားလာပြီး ယခုလို ခေါင်းဖြတ်သတ်သည့်အထိ ဖြစ်စဉ်မျိုးတော့ မကြားဖူးသေးကြောင်း မူဆယ်ဒေသခံများက ပြောဆိုကြသည်။


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ