အာဏာသိမ်းစစ်ကောင်စီ ရဟတ်ယာဉ်ကို SSPP ပစ်ခတ် အဆင့်မြင့် အရာရှိတဦး ထိမှန်



Share/Bookmark

သျှမ်းသံတော်ဆင့်၊ ဧပြီ ( ၈)ရက် 

အာဏာသိမ်းစစ်ကောင်စီ ၏ ရဟတ်ယာဉ်ကို ရှမ်းပြည်တိုးတက်ရေးပါတီ၊ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ ပစ်ခတ်သဖြင့် အဆင့်မြင့်အရာရှိ တစ်ဦး ကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ ဧပြီ (၈) ရက် နေ့လည်ပိုင်းတွင် အာဏာသိမ်း စစ်ကောင်စီ၏ ရဟတ်ယာဉ်သည် SSPP /SSA ၏ ဌာနချုပ် တည်ရှိရာ ဝမ်ဟိုင်း တွင် အကြိမ်ကြိမ် ပျံသန်းနေသဖြင့် SSPP/SSA မှ ပစ်ခတ်လိုက်ကြောင်း၊ ထိုပစ်ခတ်မှုကြောင့် အာဏာသိမ်းစစ်ကောင်စီ ၏ အဆင့်မြင့် အရာရှိတဦး ကျည်ထိမှန်သွားကြောင်း SSPP/SSA ၏ မြေပြင် သတင်းအရ သိရသည်။

အာဏာသိမ်း စစ်ကောင်စီ အုပ်စုသည် ယမန်နေ့ (ဧပြီ ၇)ရက်တွင် “UWSA” တပ်ဖွဲ့နှင့် တွေ့ဆုံပြီး၊ SSPP/SSA ဌာနချုပ် ရှိသည့် ဝမ်ဟိုင်းကို လာမည်ဖြစ်ပြီး၊ ရဟတ်ယာဉ်ကို မိုင်းနောင်တွင် ဆင်းမည်ဟုသာ အကြောင်းကြားခဲ့သည်။

သို့သော် အာဏာသိမ်းစစ်ကောင်စီသည် SSPP/SSA ကို သတင်းပေးပို့ချက်အတိုင်း မလာဘဲ ယနေ့ ( ဧပြီ ၈)ရက်တွင် SSPP/SSA ဌာနချုပ်ကို ရဟတ်ယာဉ်လာရောက် ပျံသန်းသဖြင့် ပစ်ခတ်လိုက်ရခြင်းဖြစ်ကြောင်း SSPP/SSA၏  နီးစပ်ရာ သတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ မနေ့ က  ကျနော်တို့ (SSPP/SSA) အဖွဲ့ နဲ့တွေ့မယ်။ ။မိုင်းနောင်မှာ သူတို့ လာဆင်းမယ်လို့ သိရတယ်။ ဒါပေမယ့် ဒီနေ့ကျမှ ရဟတ်ယာဉ် တစ်စီး ဌာနချုပ်ကို လာပတ်နေတယ်။ သတင်းပို့တဲ့အတိုင်း မလုပ်တဲ့အတွက် ပစ်လိုက်တာပါ။ လောဆယ်တော့ အရာရှိ တစ်ဦးရဲ့ ခြေထောက်ကို ထိမှန်သွားတယ်လို့ သိရတယ်” ဟု နီးစပ်ရာ သတင်းရင်းမြစ် မှ သျှမ်းသံတော်ဆင့် ကို အတည်ပြု ပြောဆိုသည်။

အာဏာသိမ်းစစ်ကောင်စီ ရဟတ်ယာဉ်ပစ်ခတ်ခံရသဖြင့် အရာရှိ တဦး ခြေထောက်ထိမှန်ကာ ရဟတ်ယာဉ်သည်လည်း လားရှိုးမြို့ဘက်သို့ ပြန်လှည့်သွားရကြောင်းသိရသည်။

SSPP/SSA တပ်ဖွဲ့ နှင့် တွေ့ဆုံရန် အတွက် အာဏာသိမ်း စစ်ကောင်စီဘက် မှ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်ပြီး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ( အငြိမ်းစား) ၊ ဒုတိယ ဗိုလ်ချုပ်မင်းနောင်၊ တြိဂံတိုင်း စစ်ဌာနချုပ် ကျိုင်းတုံ တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင် နှင့် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လားရှိုးတိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေး တို့ ပါဝင်ကြောင်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီ သည် ဧပြီ (၇ )ရက် တွင်လည်း UWSA တပ်ဖွဲ့မှ စစ်ဦးစီးဌာနကြီးမှူး ကျောက်ကော်အန်း ဦးဆောင်သည့် အဖွဲ့နှင့် တွေ့ခဲ့ကြောင်း နီးစပ်ရာ သတင်းရင်းမြစ် က သျှမ်းသံတော်ဆင့် ကိုပြောသည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ