သထုံခရိုင် ထိန်းချုပ်နယ်မြေအတွင်း အာဏာသိမ်းစစ်အုပ်စု လက်အောက်ခံ (စကခ-၈) ရှေ့တန်းတပ်မဌာနချုပ်မှ လူနေထိုင်ရာဒေသများသို့ လက်နက်ကြီး (၁၂၀ မမ) (၅)လုံးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံရွာသူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်၊ ကျေးလက်ဆေးပေးခန်းများ ပျက်စီးဆုံးရှုံး


၃၊ ဧပြီ၊ ၂၀၂၁။ သူးလေသတင်းစဉ်

ဧပြီလ(၂)ရက်နေ့ ည(၈)နာရီ အချိန်တွင် ကေအဲန်ယူ- သထုံခရိုင်၊ သထုံမြို့နယ် ပိန်းနဲတော ကျေးရွာအတွင်း ရွာလယ်ဘုန်းကြီးကျောင်းနှင့် စာသင်တန်းအနီးတွင် တပ်စွဲထားသော အာဏာသိမ်းစစ်အုပ်စု လက်အောက်ခံ (စကခ-၈) ရှေ့တန်းတပ်မဌာနချုပ်မှ လက်နက်ကြီး (၁၂၀ မမ) (၅)လုံးဖြင့် လူနေထိုင်ရာ ဒေသများသို့ ရမ်းသမ်းပစ်ခတ်ခဲ့သည်။

အဆိုပါ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကေအဲန်ယူ သထုံမြို့နယ် မတ်ချကျေးနယ်အုပ်စု၊ ဖာပိန်ကျေးရွာမှ အသက်(၂၈)နှစ်ရှိ ရွာသားတစ်ဦး၏ နောက် ကျောလက်ပြင်အား လက်နက်ကြီး အပိုင်းအစ ထိမှန်ခဲ့ပြီး ကျောက်တောင်ကျေးနယ်အုပ်စု၊ ကျောက်တောင်ရွာလေး ရွာရှိ ဆောက်လုပ်နေဆဲ လူနေအိမ်တစ်လုံး၏ ခေါင်မိုးမှာလည်း လက်နက်ကြီးထိမှန်ကာ ပျက်စီးသွားခဲ့သည်။

ထို့အပြင် ကျောက်တောင်ရွာလေးရှိ ကေအဲန်ယူ- ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာနမှ ပြည်သူများအား ကျန်းမာရေးဝန်ဆောင်မှုပေးလျှက်ရှိသည့် ကျောက်တောင်ရွာလေး ကျေးလက်ဆေးပေးခန်း အဆောက်အဦး၏ ခေါင်မိုး၊ နံရံ၊ ပစည်းကိရိယာများမှာလည်း လက်နက်ကြီးထိမှန်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သည်။

အာဏာသိမ်းစစ်အုပ်စုမှ ကေအဲန်ယူ အီးဟယ်ကျေးနယ်အုပ်စု၊ အီဟယ်ရွာလေးနှင့်ရွာကြီးအကြားသို့လည်းကောင်း၊ အီဟယ်ရွာလေး ကျေးလက် ဆေးပေးခန်းနံဘေးသို့လည်းကောင်း လက်နက်ကြီး (၁၂၀ မမ)များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး လက်နက်ကြီး ကျရောက်ထိမှန်ခဲ့သည့် ဒေသခများမှ ပြည်သူများ ထိတ်လန့်ကြောက်ရွံ့လျှက်ရှိသည်။


Thoolei News - KNU -Department Of Information

https://www.facebook.com/KNUDOIHQ/

သထုံခရိုင် ထိန်းချုပ်နယ်မြေအတွင်း အာဏာသိမ်းစစ်အုပ်စု လက်အောက်ခံ (စကခ-၈) ရှေ့တန်းတပ်မဌာနချုပ်မှ လူနေထိုင်ရာဒေသများသို့ လက်နက်ကြီး (၁၂၀ မမ) (၅)လုံးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံရွာသူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်၊ ကျေးလက်ဆေးပေးခန်းများ ပျက်စီးဆုံးရှုံး သထုံခရိုင် ထိန်းချုပ်နယ်မြေအတွင်း အာဏာသိမ်းစစ်အုပ်စု လက်အောက်ခံ (စကခ-၈) ရှေ့တန်းတပ်မဌာနချုပ်မှ လူနေထိုင်ရာဒေသများသို့ လက်နက်ကြီး (၁၂၀ မမ) (၅)လုံးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံရွာသူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်၊ ကျေးလက်ဆေးပေးခန်းများ ပျက်စီးဆုံးရှုံး Reviewed by THITHTOOLWIN on 21:21 Rating: 5

No comments:

Powered by Blogger.