မြန်မာကိုကူညီမှု ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ကိုရီးယားရောက် မြန်မာတွေသွေးလှူမယ်

တောင်ကိုရီးယားက မြန်မာသံရုံးရှေ့မှာ မြန်မာတွေနဲ့အတူ လာရောက် ဆန္ဒထုတ်ဖော်ခဲ့တဲ့ ကိုရီးယားဘုန်းတော်ကြီးတွေ

တောင်ကိုရီးယားရောက် မြန်မာကျောင်းသားများအဖွဲ့ကဦးဆောင်ပြီး ဂယောင်းဂီ ပြည်နယ်လွှတ်တော်ရဲ့ ပူးပေါင်းမှုနဲ့ စုပေါင်းသွေးလှူဒါန်းပွဲကို ဧပြီလ ၂၅ ရက်နေ့မှာ နေရာ ၆ နေရာခွဲပြီး လှူဒါန်းသွားကြမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး နောက်ပိုင်း တောင်ကိုရီးယား အစိုးရနဲ့ ပြည်သူတွေက မြန်မာပြည်သူ လူထုအတွက် အားတက်သရောကူညီပေးနေကြတာကို ကျေးဇူးတုံ့ပြန်လိုတဲ့ အတွက် အခုလို သွေးလှူဒါန်းကြမှာ ဖြစ်ပါတယ်။

နောက်ပြီး ဧပြီလ ၇ရက်နေ့က ဂယောင်းဂီဒိုပြည်နယ် လွှတ်တော်နဲ့ ဆွေးနွေးတောင်းဆိုချက် အမှတ်စဥ် ၆- နဲ့ ကိုရီးယားမြေမှာ မြန်မာ့နွေဦးတော်လှန်ရေးအပေါ် အကူအညီပေးမှုများအားလုံးကို ကျေးဇူးတင်တဲ့ အထိမ်းအမှတ် အနေနဲ့ အမွန်မြတ်ဆုံး ဖြစ်တဲ့ သွေးလှူခြင်းလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာလို့ ဆိုပါတယ်။

ဒီကနေတဆင့် တောင်ကိုရီးယား နိုင်ငံက မြန်မာနိင်ငံအပေါ် ထားတဲ့ ချစ်ခြင်းမေတ္တာ အဓွန့်ရှည်ပြီး နွေဦးတော်လှန်ရေး အတွက် ဆက်လက် ကူညီပေးကြဖို့လည်း မျှော်လင့်ထားတယ်လို့ တောင်ကိုရီးယားရောက် မြန်မာတွေက ဆိုပါတယ်။

သွေးလှူဖို့ စာရင်းပေးထားတာ လူ ၂၀၀ ကျော်ရှိပြီလို့ တောင်ကိုရီးယားက မြန်မာ့အရေး လှုပ်ရှားသူ ကိုဇင်မင်းပိုင်က ပြောပါတယ်


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

မြန်မာကိုကူညီမှု ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ကိုရီးယားရောက် မြန်မာတွေသွေးလှူမယ် မြန်မာကိုကူညီမှု ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ကိုရီးယားရောက် မြန်မာတွေသွေးလှူမယ် Reviewed by THITHTOOLWIN on 22:08 Rating: 5

No comments:

Powered by Blogger.