လေယာဥ်ဖြင့်တိုက်ခိုက်နေသည့်အတွက် မိုးမောက်မြို့ပြည်သူအချို့ ထွက်ပြေးတိမ်းရှောင်နေရ


စစ်​ကောင်စီမှ မိုး​မောက်မြို့နယ် မြို့သစ်​ကျေးရွာအနီး လေယာဥ် ဖြင့်ပစ်​နေ 

စစ်​ကောင်စီတပ်မှ မိုး​မောက် မြို့နယ်မြို့သစ်၊ စီဟပ်ကျေးရွာအနီးက မိုက်ခရို​ဝေ့တာဝါတိုင်နားကို ယ​နေ့ ည​နေ ၅ နာရီခန့်ကလေ​ကြောင်းဖြင့် လာ​ရောက်ပစ်​ခတ်နေ​ကြောင်း သိရသည်။ 
​လေယာဥ်မှ ပစ်ခတ်သည့် ဗုံးတစ်လုံး မြို့သစ်တောင်​ခြေအနီး၌ ကျ​ရောက်သဖြင့် ကျေးရွာပြည်သူများ စိုးရိမ်နေ​ကြသည်ဟု သိရသည်။

စစ်​ကောင်စီတပ်မှ ကျေးရွာအနီးများသို့ ​လေ​ကြောင်းဖြင့်ပစ်ခတ်သောကြောင့် မိုးမောက်မြို့နယ် ရှိ မြို့သစ်၊ စီးဟက်နှင့် ကုန်းလောစသည့်ကျေးရွာများမှ ပြည်သူများ ဗန်း​​​မော်မြို့ဘက်သို့ စစ်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"ဟုတ်တယ် တချို့တွေ ဗန်းမော်မြို့ဘက်ကို ပြေးနေကြသလိုဘုန်းကြီးကျောင်းမှာလည်း အများကြီးစုပြီး​နေကြတယ်"ဟု ဆိုသည်။

စစ်ကောင်စီတပ်မှ မိုးမောက်မြို့နယ်ရှိ မြို့သစ်၊ စီးဟက်ကျေးရွာအနီးက မိုက်ခရိုဝေ့တာဝါတိုင်ကို ယနေ့ည​နေ ၅နာရီဝန်းကျင်တွင် လေကြောင်းဖြင့် ပစ်ခတ်ခဲ့ပြီး လေယာဥ်မှပစ်ခတ်သည့် ဗုံးမြို့သစ်တောင်ခြေတွင် ကျရောက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဧပြီလ ၁၂ရက်နေ့၌ ကေအိုင်အေနှင့် စစ်ကောင်စီလက်နက်ကိုင်များတိုက်ပွဲ​ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီမှ ပစ်သည့်လက်နက်ကြီးကြောင့် မိုးမောက်မြို့နယ်ရှိ ကျေးရွာများမှ ဒေသခံသုံးဦးအား လက်နက်ကြီးထိမှန်သောကြောင့် အသက်ဆုံးရှုံးခဲ့ရသည်။

Kachinwaves




လေယာဥ်ဖြင့်တိုက်ခိုက်နေသည့်အတွက် မိုးမောက်မြို့ပြည်သူအချို့ ထွက်ပြေးတိမ်းရှောင်နေရ လေယာဥ်ဖြင့်တိုက်ခိုက်နေသည့်အတွက် မိုးမောက်မြို့ပြည်သူအချို့ ထွက်ပြေးတိမ်းရှောင်နေရ Reviewed by THITHTOOLWIN on 20:31 Rating: 5

No comments:

Powered by Blogger.