မန္တလေးမှာ သိမ်းဆည်းခံလူမှုကယ်ဆယ်ရေးကားကို စစ်ကောင်စီတပ်တွေ ထုတ်စီးနေ


မန္တလေးမြို့မှာ ဧပြီလ ၁၁ ရက်နေ့ညက လူနာသွားပို့ရင်း ဖမ်းဆီးသိမ်းဆည်းခံလိုက်ရတဲ့ အရေးပေါ်လူနာတင်ယာဉ်ကားကို စစ်ကောင်စီတပ်တွေက မြို့ထဲ လုံခြုံရေးယူချိန်မှာ ထုတ်စီးနေတယ်ဆိုပြီး သိမ်းဆည်းခံ လူမှုကူညီရေးအဖွဲ့က ထုတ်ပြောလာပါတယ်။

အဲဒီကားဟာ ဆန္ဒပြပွဲလူနာမဟုတ်တဲ့ အရပ်သားနာမကျန်းသူကို ဆေးရုံပို့ဖို့ သွားချိန် ညမထွက်ရအမိန့်အသက်ဝင်တဲ့ ည ၈ နာရီကျော်ကျော်မှာ စစ်ဆေးခံရပြီး ပရဟိတ အသင်းသား ၆ ဦးနဲ့ အတူ အဖမ်းခံခဲ့ရတာလို့ အသင်းဘက်က ပြောပါတယ်။

အဖမ်းခံလိုက်ရတဲ့အသင်းသား ၆ ဦးထဲက အသက်မပြည့်သေးသူ ၃ ဦးဟာ အောင်မြေသာစံနယ်မြေရဲစခန်းကနေ ခံ၀န်နဲ့ပြန်လွတ်လာပေမဲ့ ကျန်သုံးဦးကတော့ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ကို မလိုက်နာမှုနဲ့ ထောင်ဒဏ် ၃ လစီ ချက်ချင်းချမှတ်ခံခဲ့ရပါတယ်။

အဲဒီတုန်းက အဖမ်းခံလိုက်ရတဲ့ လူနာတင်ယာဉ်ကားကို ဧပြီလ ၁၄ ရက်နေ့လောက်က စပြီး ၆၆ လမ်းနဲ့ စိန်ပန်းဘက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ခပ်စိပ်စိပ်စီးနင်းအသုံးပြုလာတာကို တွေ့ရပေမဲ့ ထောင်ဒဏ်ချမှတ်ခံထားရတဲ့အသင်းသားတွေ နှစ်သစ်ကူးလွတ်ငြိမ်းခွင့်မှာ ပါလာလိုပါလာငြားနဲ့ ထုတ်မပြောဖြစ်ခဲ့တာလို့ မန္တလေးလူမှုကူညီရေးအသင်းဘက်က ပြောပါတယ်။

အသင်းဘက်ကတော့ လူမှုကူညီရေးအသင်းတွေဟာ စစ်ကောင်စီတပ် တွေရဲ့တင်းကျပ်မှုတွေနဲ့ ညဘက် ကားမီးတွေ့ရင် မသင်္ကာခံရတဲ့လူထုသံသယတွေကြားမှာ ကူညီကယ်ဆယ်ရေးလုပ်နေရချိန်ဖြစ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လူနာတင် ယာဉ်ကို အခုလို သွားသွားလာလာ အသုံးပြုနေတာကို မသုံးစေချင်ဘူးလို့ သူတို့ သဘောထားကို ပြောထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး ဖေဖော်ဝါရီလ ၁ ရက်ကစလို့ မန္တလေးမှာ နန်းတော်ရှေ့၊ ပရဟိတမင်းခေါင်၊ နိဗ္ဗာန်သုခ စတဲ့ လူညီကယ်ဆယ်ရေးအသင်းတွေက ပရဟိတအသင်းသားတွေနဲ့ ကားတချို့ ဖမ်းဆီးထိန်းသိမ်းခံရတာ၊ ထောင်ဒဏ်ချမှတ်ခံရတာတွေရှိနေပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

မန္တလေးမှာ သိမ်းဆည်းခံလူမှုကယ်ဆယ်ရေးကားကို စစ်ကောင်စီတပ်တွေ ထုတ်စီးနေ မန္တလေးမှာ သိမ်းဆည်းခံလူမှုကယ်ဆယ်ရေးကားကို စစ်ကောင်စီတပ်တွေ ထုတ်စီးနေ Reviewed by THITHTOOLWIN on 21:47 Rating: 5

No comments:

Powered by Blogger.