၀န်ကြီးချုပ် ဦးညီပုအမှု တရားလိုပြသက်သေမရောက်လို့ ထပ်မံရုံးချိန်း

၀န်ကြီးချုပ် ဦးညီပုအမှု တရားလိုပြသက်သေမရောက်လို့ ထပ်မံရုံးချိန်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု ကို ၂၀၁၈၊ ဇန်နဝါရီ ၂၂ ရက်နေ့က စစ်တွေမြို့မှာ တွေ့ရစဉ် / Photo: RFA


ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုကို မတ် ၃၁ ရက်၊ ဒီနေ့ နေ့လယ်က ဗွီဒီယိုအွန်လိုင်းစနစ်နဲ့ ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေ မရောက်တာကြောင့်လာမယ့် ဧပြီလ ၇ရက်နေ့ကို ထပ်မံရုံးချိန်းလိုက်ပါတယ်။

အခုလက်ရှိ ဦးညီပုရဲ့ ကျန်းမာရေးအခြေအနေကလည်း ကောင်းကောင်းမွန်မွန်ရှိတယ်လို့ အမှုကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးအောင်စစ်မင်းက ပြောပါတယ်။

ဦးညီပုဟာ ပြီးခဲ့တဲ့ မတ်လ ၄ရက်နေ့ရုံးချိန်က သူ့ကိုအရပ်သားတွေလိုပဲ အချုပ်နဲ့ ရုံးထုတ်စစ်ဆေးဖို့ တောင်းဆိုခဲ့ပြီး အဲဒီအတွက်လည်း တရားရုံးက စီမံဆောင်ရွက်နေတယ်လို့လည်း သူကဆိုပါတယ်။

ဦးညီပုကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ညက တပ်မတော်သားတွေနဲ့ ရဲတွေက လာရောက် ဖမ်းဆီး သွားတာ ဖြစ်ပါတယ်။

အဲဒီနောက် စစ်တွေမြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက တရားလိုပြုလုပ်ပြီး နိုင်ငံတော် အကြည်ညို ပျက်စေမှု ဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့်အမှုဖွင့်ခံလိုက်ရတာပါ။

အဲဒီအမှုမှာ တရားလိုအပါအဝင် အလိုပြသက်သေ ငါးဦး ပါရှိတယ်လို့ သိရပါတယ်။

အခုလက်ရှိ ဦးညီပုကို စစ်တွေ ဒကစမှာ ထိန်းသိမ်းထားတယ်လို့သိရပါတယ်။

ဦးညီပု တရားစွဲခံထားရတဲ့ နိုင်ငံတော်အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅(ခ) ဟာ ထောင်ဒဏ် ၂ နှစ် အထိ ချမှတ်နိုင်တဲ့ ဥပဒေပုဒ်မဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/nyipu-case-03312021071830.html

၀န်ကြီးချုပ် ဦးညီပုအမှု တရားလိုပြသက်သေမရောက်လို့ ထပ်မံရုံးချိန်း  ၀န်ကြီးချုပ် ဦးညီပုအမှု တရားလိုပြသက်သေမရောက်လို့ ထပ်မံရုံးချိန်း Reviewed by THITHTOOLWIN on 00:25 Rating: 5

No comments:

Powered by Blogger.