CRPH က ဖွဲ့စည်းလိုက်တဲ့ အခုအစိုးရအဖွဲ့ဟာ အစိုးရအသစ်ဖွဲ့စည်းတာ မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့ ဦးဆောင်တဲ့ အစိုးရရဲ့ အဖွဲ့ဝင်တွေကို အာဏာသိမ်းစစ်ကောင်စီက တရားမဝင် ဖမ်းဆီးချုပ်နှောင်ထားတဲ့အချိန်မှာနိုင်ငံတော်ရဲ့ လုပ်ငန်းတာဝန်တွေကို ကိုယ်စားဆောင်ရွက်မယ့်သူတွေအဖြစ် ခေတ္တခန့်အပ်တာလို့ ဝန်ကြီးအဖြစ်ကြေညာခန့်အပ်ထားတဲ့အထဲက တဦးဖြစ်တဲ့ ဦးလွင်ကိုလတ်က ဘီဘီစီကို ပြောပါတယ်။
အခုအသစ်ခန့်အပ်တဲ့ ဝန်ကြီးတွေဟာ ဝန်ကြီးဌာနတွေရဲ့ သာမန်အချိန်မှာ ပုံမှန်ဆောင်ရွက်နေကျ လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့ထက် စစ်အာဏာရှင်ကျဆုံးရေးနဲ့ ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်းစဥ်တွေကို ဆောင်ရွက်မှာဖြစ်တယ်လို့လည်း ဦးလွင်ကိုလတ်က ဆိုပါတယ်။
၂၀၂၀ နိုဝင်ဘာ အရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ဝန်ကြီးဌာန ၉ ခုအတွက် ခေတ္တပြည်ထောင်စုဝန်ကြီး ၄ ယောက်ခန့်ထားလိုက်တာ ဖြစ်ပါတယ်။
ခန့်ထားသူ ၄ ယောက်ဟာ ဒေါ်ဇင်မာအောင်၊ ဦးလွင်ကိုလတ်၊ ဦးတင်ထွန်းနိုင်၊ ဒေါက်တာဇော်ဝေစိုးတို့ ဖြစ်ကြပါတယ်။
BBC Burmese
No comments:
Post a Comment