စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့ အဖြစ် CRPH ကြေညာ

စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့ အဖြစ် CRPH ကြေညာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် / Photo- AFP

အာဏာသိမ်းစစ်ကောင်စီဟာ အကြမ်းဖက်အဖွဲ့ဖြစ်တယ်လို့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က မတ်လ ၁ ရက် ဒီကနေ့မှာ ကြေညာလိုက်ပါတယ်။

စစ်ကောင်စီဟာ နိုင်ငံသားတွေရဲ့ လုံခြုံရေးကို အကာအကွယ်မပေးတဲ့အပြင် နိုင်ငံသားတွေကို အကြမ်းဖက် သတ်ဖြတ်နေတာကြောင့် နိုင်ငံတကာဥပဒေတွေနဲ့ အရေးယူနိုင်ဖို့ အခုလိုကြေညာလိုက်တာလို့ CRPH ကော်မတီဝင် လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ်က ပြောပါတယ်။

ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်တာ၊ ရိုက်နှက်တာ၊ တရားစွဲဆိုတာအပြင် ရာဇဝတ်သားတွေစေလွှတ်ပြီး တရားဥပဒေစိုးမိုးရေး ထိခိုက်အောင် စစ်ကောင်စီက လုပ်နေတာဟာ နိုင်ငံသားတွေအပေါ် အကြမ်းဖက် စစ်ကြေညာ လုပ်ဆောင်နေခြင်းဖြစ်တယ်လို့ CRPH ကကြေညာပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်ကအာဏာသိမ်းလိုက်ချိန်ကစလို့ ဒီနေ့အထိ သေဆုံးသူ အယောက် ၃ဝ ထက်မနည်းရှိနေပြီး၊ ဖမ်းဆီးခံရသူအရေအတွက်ဟာ ၁၁၃၀ ကျော်ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့စာရင်းမှာဖော်ပြထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/crph-statement-military-coup-nld-03012021075948.html

စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့ အဖြစ် CRPH ကြေညာ စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့ အဖြစ် CRPH ကြေညာ Reviewed by THITHTOOLWIN on 02:40 Rating: 5

No comments:

Powered by Blogger.