လန်ဒန်မြို့ မြန်မာသံရုံးအဖွဲ့ဝင်တွေ CDM မှာပါဖို့ တိုက်တွန်းထားတဲ့စာကို သံရုံးကို ပေးအပ်





ယူကေနိုင်ငံ လန်ဒန်မြို့ မြန်မာသံရုံးအဖွဲ့ဝင်အားလုံး CDM မှာ ပါဝင်ကြဖို့ CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရဲ့ နိုင်ငံတကာဆက်ဆံ‌ရေး တာဝန်ခံ ဦးထင်လင်းအောင်က တိုက်တွန်း ပေးပို့လိုက်တဲ့စာကို မတ်လ ၃ ရက်နေ့ မနက် ၁၁ နာရီမှာ CRPH Supporters UK အဖွဲ့က လန်ဒန်မြို့သံရုံးထံ ကိုယ်စားသွားရောက်ပေးခဲ့ပါတယ်။

ပထမပိုင်းမှာ မြန်မာသံရုံးက ဝန်ထမ်း နိုင်ငံခြားသူ အမျိုးသမီးက ထွက်ပြီး စာလက်ခံယူဖို့ လုပ်ခဲ့ပေမဲ့ စာသွားပေးတဲ့အဖွဲ့က လက်မခံခဲ့တဲ့အတွက် မြန်မာသံရုံးဝန်ထမ်းက ထွက်ပြီး လက်ခံယူခဲ့တယ်လို့ သိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56245583

လန်ဒန်မြို့ မြန်မာသံရုံးအဖွဲ့ဝင်တွေ CDM မှာပါဖို့ တိုက်တွန်းထားတဲ့စာကို သံရုံးကို ပေးအပ်  လန်ဒန်မြို့ မြန်မာသံရုံးအဖွဲ့ဝင်တွေ CDM မှာပါဖို့ တိုက်တွန်းထားတဲ့စာကို သံရုံးကို ပေးအပ် Reviewed by THITHTOOLWIN on 21:28 Rating: 5

No comments:

Powered by Blogger.