ဘယ်အာဆီယံနိုင်ငံတွေက ဘယ်လိုသဘောထား ရှိနေလဲ

ဆန္ဒပြသမားတွေအပေါ် သေစေလောက်အောင် အင်အားသုံးတာမျိုးက ဘယ်လိုမှ လက်သင့်ခံနိုင်ဖွယ် မရှိဘူး - စင်္ကာပူ၀န်ကြီးချုပ် လီရှန်လွန်


အဓိကကတော့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဖမ်းဆီးထားတဲ့ သူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတာ ဖြစ်ပြီး၊ ဆန္ဒပြသူတွေ အပေါ်အကြမ်းမဖက်ဖို့လည်း ပြောကြပါတယ်။


-မြန်မာ့ဒီမိုကရေစီနဲ့ ပထဝီနိုင်ငံရေ

-မြန်မာ စစ်အာဏာသိမ်းအစိုးရ ဘာဆက်လုပ်နိုင်သလဲ

အနောက်အုပ်စု နိုင်ငံတွေ ပြုလုပ်နေတဲ့ ပိတ်ဆို့ အရေးယူမှုတွေက အကျိုးသက်ရောက်မှု ရှိမှာ မဟုတ်ဘူး ဆိုပြီး စင်္ကာပူ အစိုးရက ရှုမြင်ထားပေမယ့်၊ နိုင်ငံရေး အရ ရှေ့တိုးဖို့ ဆိုရင်တော့ ဖမ်းထားတဲ့ ခေါင်းဆောင်တွေကို ပြန်လွှတ်၊ ဆန္ဒပြသူတွေကို လက်နက်နဲ့ အကြမ်းမဖက်နဲ့ ဆိုတဲ့ သဘောထားမျိုးကို စင်္ကာပူက ထုတ်ဖော် ပြောနေပါတယ်။

စင်္ကာပူ၀န်ကြီးချုပ် လီရှန်လွန်းနဲ့ ဘီဘီစီ သီးသန့် အင်တာဗျုးမှာ မြန်မာအရေး ၀န်ကြီးချုပ်လီ ပြောတာက

“စစ်အာဏာသိမ်းတာဟာ၊ ဖွဲ့စည်းပုံနဲ့ ညီသည်ဖြစ်စေ၊ မညီသည်ဖြစ်စေ၊ မြန်မာပြည်အတွက် အင်မတန် ၀မ်းနည်းစရာကောင်းတဲ့ နောက်ကြောင်းပြန် လှည့်မှု ဖြစ်တယ်။ ဒီလိုနည်းလမ်းမှာ အနာဂတ်ဆိုတာ မရှိပါဘူး။

ဒါကို သိခဲ့ကြလို့လည်း ရွေးကောက်ပွဲတွေ ကျင်းပ၊ အရပ်သားအစိုးရ ထူထောင်တာမျိုး ရှေ့တိုး လုပ်ဆောင်ခဲ့ကြတာ မဟုတ်လား။

နောက်ပြီး၊ လက်နက်မဲ့ ဆန္ဒပြသမားတွေကို သေစေလောက်အောင် အင်အားသုံးတာမျိုးက ဘယ်လိုမှ လက်သင့်ခံနိုင်ဖွယ် မရှိပါဘူး” ဆိုပြီး ၀န်ကြီးချုပ် လီရှန်လွန်း ပြောသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပြီး ဆွေးနွေးညှိနှိုင်း အဖြေရှာပါလို့လည်း ၀န်ကြီးချုပ်လီက မြန်မာ စစ်ကောင်စီကို တိုက်တွန်းပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56245583

ဘယ်အာဆီယံနိုင်ငံတွေက ဘယ်လိုသဘောထား ရှိနေလဲ  ဘယ်အာဆီယံနိုင်ငံတွေက ဘယ်လိုသဘောထား ရှိနေလဲ Reviewed by THITHTOOLWIN on 10:09 Rating: 5

No comments:

Powered by Blogger.