မြောက်ဥက္ကလာကဆန္ဒပြသူတွေကိုပစ်ခတ်ဖြိုခွင်းမှု သေဆုံးသူ ၁၀ ဦးကျော်ရှိလာကြောင်း မျက်မြင်တွေပြော


မြောက်ဥက္ကလာမှာ ဒီနေ့ မြို့နယ်လူထုအများစုပါဝင်တဲ့ဆန္ဒပြပွဲတွေမှာ အကြမ်းဖက်ဖြိုခွင်းခံရတာကြောင့် သေဆုံးသူ စုစုပေါင်းဟာ ဒီနေ့မတ်လ ၃ ရက်ညနေအထိ ၁၁ ဦးရှိလာတယ်လို့ မျက်မြင်သက်သေတွေကပြောပါတယ်။

(ဇ) ရက်ကွက်လမ်းတွေထဲ မွန်းလွဲပိုင်း ဆန္ဒပြချိန် ဖြိုခွင်းခံရတုန်းက လုံထိန်းတွေရဲ့ အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုကြောင့် ၂ ရက်ကွက် အာသာဝတီ ၅ လမ်းမှာနေထိုင်တဲ့ အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးဟာ ဗိုက်ကို ကျည်ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။ အဲဒီဖြိုခွဲမှုအတွင်း (ဈ) ရပ်ကွက်ထဲက ပရဟိတ လူနာတင်ယာဉ်ပေါ်က စေတနာ့ဝန်ထမ်း ၃ ယောက်ကို လုံထိန်းတွေက ရိုက်နှက်နေပြီး ကားကို ပစ်ခတ်တဲ့အခြေအနေကို အနီးနားမှာရှိတဲ့ လုံခြုံရေးကင်မရာကနေ ရိုက်ကူးထားတဲ့ ဗီဒီယိုတစ်ခုလည်း လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ဒီဖြစ်ရပ်အပြီး ညနေပိုင်းမှာ မြို့နယ်သပိတ်စစ်ကြောင်းမှာပါဝင်သူတွေဟာ ကျောက်ရေတွင်းတံတားအဆင်း မြောက်ဥက္ကလာအဝိုင်းနားမှာ ထပ်မံဖြိုခွင်းခံရတာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုအတွင်း အမျိုးသားနှစ်ယောက် ဦးခေါင်းကျည်ထိပြီး အခင်းဖြစ်တဲ့နေရာမှာပဲ ကျဆုံးခဲ့ပါတယ်။ အရေးပေါ်ဆေးရုံပို့ဆောင်လိုက်ရသူ တစ်ယောက်ရှိပြီး နောက်ထပ် ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်ရပ်တွေကြောင့် ာ ပြည်သူတွေက မြောက်ဥက္ကလာရဲစခန်း ရှေ့မှာ စုဝေးခဲ့ကြတယ်လို့ ဝန်းရံနေသူတစ်ဦးက ပြောပါတယ်။ အဲဒီလိုစုဝေးနေမှုကို မြောက်ဥက္ကလာပရဲစခန်းက သေနတ်ကိုးချက်ခန့်ပစ်ခတ်ပြီးလူစုခွဲခဲ့တယ်လို့လည်း သိရပါတယ်။ ခုညနေ ၇ နာရီဝန်းကျင်မှာ ထပ်မံရရှိတဲ့သတင်းအရတော့ ဆေးရုံကိုပို့ဆောင်သူတွေထဲက ၇ ဦးထပ်မံသေဆုံးသွားတာကြောင့် သေဆုံးသူ စုစုပေါင်း ၁၁ ဦးရှိနေကြောင်း ဆန္ဒပြဖြစ်စဉ်မှာ ပါဝင်သူတွေက ဘီဘီစီကိုအတည်ပြုထားပါတယ်။

သေဆုံးသူအရေအတွက် ဒီထက်ထပ်တိုးများနိုင်တယ်လို့လည်း ဒေသတွင်းသတင်းတွေမှာ တက်လာနေပြီး ဘီဘီစီက အတည်ပြုဖို့ ဆက်လက်ကြိုးစားနေပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56245583

မြောက်ဥက္ကလာကဆန္ဒပြသူတွေကိုပစ်ခတ်ဖြိုခွင်းမှု သေဆုံးသူ ၁၀ ဦးကျော်ရှိလာကြောင်း မျက်မြင်တွေပြော  မြောက်ဥက္ကလာကဆန္ဒပြသူတွေကိုပစ်ခတ်ဖြိုခွင်းမှု သေဆုံးသူ ၁၀ ဦးကျော်ရှိလာကြောင်း မျက်မြင်တွေပြော Reviewed by THITHTOOLWIN on 21:07 Rating: 5

No comments:

Powered by Blogger.