လက်နက်မဲ့ပြည်သူတွေကို ဒီလိုအနိုင်ကျင့်နေပုံ


ဒီညနေ ၆ နာရီမထိုးခင် ကျွန်တော်တို့ကိုလိုက်ပစ်ထားတဲ့ Video ပါ .. လှိုင် သုခကနေ ကန်လမ်း (လှိုင်မြင့်မိုရ်) အထိ ဒေါက်လျှောက်လိုက်ပစ်ပြီး ကန်လမ်းထဲဝင်ပြေးတော့ လမ်းထဲထိလိုက်ပစ်တာပါ .. ခုမှပြန်ကြည့်မိတယ် သေနတ်ကြီးတွေကိုင်ပြီး one by one ထိုးမလားဆိုပဲ ... အဲ့ကမပြီးသေးပဲ ၇ နာရီလောက်ထိ လမ်းပေါ်ကဆိုင်တွေ ပိတ်ကန် . ပိတ်ထားတဲ့ အတားအစီးတွေကြားက ချောင်းပြီး ပတ်ပစ်သွားကြပါတယ် .. တစ်ယောက်မှ ထိခိုက်သံတော့မကြားရပါဘူး .. အဲ့ကောင်တွေ အတော်မိုက်ရိုင်းပါတယ် ဗျာ .. လုပ်ပေါက်တွေကိုကြည့်ပါ .. ဒီ Video ကိုပြန်ကြည့်ပြီး ဒေါသထွက်တာထက် ပိုဝမ်းနည်းရပါတယ် ..သူတို့ တာဝန်တွေမေ့ပြီး ကာကွယ်ပေးရမယ့် လက်နက်မဲ့ပြည်သူတွေကို ဒီလိုအနိုင်ကျင့်နေပုံတွေ ..ကျွန်တော်တို့က သူပုန်တွေ ရာဇဝတ်ကောင်တွေမဟုတ်ပါဘူးဗျာ . 
Htein Lin Aung's Facebook
Video Credit to Win Kyaw Moe



လက်နက်မဲ့ပြည်သူတွေကို ဒီလိုအနိုင်ကျင့်နေပုံ လက်နက်မဲ့ပြည်သူတွေကို ဒီလိုအနိုင်ကျင့်နေပုံ Reviewed by THITHTOOLWIN on 02:53 Rating: 5

No comments:

Powered by Blogger.