ကျောက်ကြီးဒေသတွင် လူငယ်နှစ်ဦး မိုင်းနင်းမိ သေဆုံး


မတ် ၂ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ-၃ နယ်မြေ၊ ကျောက်ကြီးမြို့နယ်၊ မူသယ်ရွာ၌ နေထိုင်သော လူငယ် ၂ ဦးသည် ကျောက်ကြီးမြို့သို့ ပစ္စည်းဝယ်ရန် ယမန်နေ့(မတ်လ ၁ ရက်)တွင် ရွာအပြင်သို့ထွက်သွားချိန် မိုင်းနင်းမိပြီး ၂ ဦးစလုံး သေဆုံးခဲ့သည်ဟု သိရသည်။

အဆိုပါ လူငယ် ၂ ဦး မိုင်းနင်းမိသည့်လမ်းမှာ KNU မှ ဖြတ်သန်းသွားလာခွင့် မပြုထားသည့် လမ်းမဖြစ်ပြီး ထောင်ထားသည့် မိုင်းမှာလည်း မည်သည့်အဖွဲ့ကဖြစ်ကြောင်းကို မသိရှိရသေးကြောင်း ညောင်လေးပင်ခရိုင် Free Burma Rangers (FBR) အဖွဲ့ တာဝန်ခံ စောကလယ်မူထူးက ပြောသည်။

“လမ်းက KNU က ပိတ်ထားတာ၊ အဲဒီလူငယ်တွေက မြန်မာစစ်တပ်ဆီမှာ ခွင့်တောင်းပြီးသွားတာ၊ ဖြစ်သွားတာက မနေ့ မနက်ပိုင်းမှာပါ။” ဟု ကေအိုင်စီသို့ ယနေ့(မတ် ၂ ရက်)တွင် ပြောသည်။

ဆိုင်ကယ်ပြင်လုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတစ်ဦးနှင့် အဖော်အဖြစ် လိုက်ပါခဲ့သူ အမျိုးသမီးတစ်ဦးတို့သည် ယမန်နေ့ နံနက် ၇ နာရီကျော်ခန့်တွင် ကျောက်ကြီးမြို့သို့ ဆက်စပ်အပိုပစ္စည်းများ ဝယ်ယူရန် ရွာပြင် အထွက် တွင် မိုင်းထိမှန် သေဆုံးခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ အခင်းဖြစ်ပွားသည့်နေရာတွင် ကေအဲန်ယူနှင့် မြန်မာ့တပ်မတော်တို့အကြား စစ်ရေးတင်းမာမှုရှိ သည့် နေရာဖြစ်သလို ပြီးခဲ့သည့် ဒီဇင်ဘာလတုန်းက ဖြစ်ပွားခဲ့သည့် နှစ်ဖက်ပစ်ခတ်မှုကြောင့် ထောင်နှင့်ချီသည့် ဒေသခံရွာသားများမှာ တောတောင်ထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ယခုအချိန်ထိ နေရပ်ပြန်နိုင်ခြင်းမရှိ သေးပေ။ 


KIC - ကရင်သတင်းစဉ်

https://www.facebook.com/KICNewsPage

ကျောက်ကြီးဒေသတွင် လူငယ်နှစ်ဦး မိုင်းနင်းမိ သေဆုံး ကျောက်ကြီးဒေသတွင် လူငယ်နှစ်ဦး မိုင်းနင်းမိ သေဆုံး Reviewed by THITHTOOLWIN on 00:18 Rating: 5

No comments:

Powered by Blogger.