တောင်တွင်းကြီးမှာ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် အသက် ၁၆ နှစ်အရွယ်လူငယ် သေဆုံး


 မတ်လ ၂ ရက် ညနေပိုင်းက တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားတိုက်နယ်၊ အမှတ် (၅) ရပ်ကွက်မှာ စစ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် အသက် ၁၆ နှစ်အရွယ် ကိုသီဟဇော် (ခ) နောင်နောင် သေဆုံးသွားခဲ့ပါတယ်။ ဒါ့အပြင် စစ်သားတွေက ဆတ်သွားကျေးရွာ ရေကန်အတွင်း ကျွဲကျောင်းရင်း ဂိမ်းဆော့နေကြတဲ့ လူငယ် ၂ ဦးကိုလဲ ထိုးကြိတ် ရိုက်နှက်သွားခဲ့တယ်လို့ သိရပါတယ်။

ဒီအခြေအနေတွေကို ဆတ်သွားဒေသခံ ဦးအောင်လက်ျာ ကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။ 

RFA Burmese



တောင်တွင်းကြီးမှာ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် အသက် ၁၆ နှစ်အရွယ်လူငယ် သေဆုံး တောင်တွင်းကြီးမှာ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် အသက် ၁၆ နှစ်အရွယ်လူငယ် သေဆုံး Reviewed by THITHTOOLWIN on 05:56 Rating: 5

No comments:

Powered by Blogger.