ဟုမ္မလင်းက အလှူအိမ်မှာ ထမင်းပေါင်းအိုး ပေါက်ကွဲလို့ လူ ၂ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရ


စစ်ကိုင်း၊ မတ် ၂၄၊ ၂၀၂၁

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့ ညောင်ပင်သာကျေးရွာမှာ ပြုလုပ်တဲ့ အလှူပွဲတစ်ခုမှာ ဒီကနေ့ မနက် ၉ နာရီ ဝန်းကျင်က ဧည့်ပရိသတ် ကျွေးမွေးဧည့်ခံဖို့ တည်ထားတဲ့ ထမင်းဘွိုင်လာပေါင်းအိုး ပေါက် ကွဲ တဲ့အတွက် လူ ၂ ဦးသေဆုံးပြီး ၅ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ တယ် လို့ သိရပါတယ်။

အဲ့ဒီ အလှူပွဲမှာသွားရောက် ကူညီလုပ်ကိုင်ပေးနေသူ တစ်ယောက် က“ဖြစ်တာက ဘုန်းကြီးကျောင်းထဲမှာပါ၊ ထမင်းပေါင်းအိုး ပေါက်ကွဲထိမှန်တဲ့အတွက် အသက် ၂၂ နှစ်အရွယ် လူငယ် အမျိုးသား တစ်ယောက်က ဦးခေါင်းပြတ်ဒဏ်ရာနဲ့ သေဆုံး တယ်၊ နောက်တစ်ယောက်က အသက် ၂၅ တစ်ယောက်က ဝမ်းဗိုက်ပွင့် ဒဏ်ရာနဲ့ သေဆုံးပြီး လူ ၅ ဦး ထိခိုက်ဒဏ်ရာရ တယ်”လို့ ပြောပြ ပါတယ်။

အဲ့ဒီ ထမင်းပေါင်းအိုး ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူတွေကို ဆေးကုသပေးနေပြီး သေဆုံးသူ ၂ ဦးနဲ့ ပတ်သက်လို့ ဟုမ္မလင်းမြို့မရဲစခန်းက သေမှုသေခင်း စာရင်းရေးသွင်းပြီး စစ်ဆေးဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ထမင်းပေါင်းအိုး ဘွိုင်လာတွေဟာ အပူရှိန်လွန်ကဲပြီး အပူငွေ့ ထုတ်တဲ့စနစ် ထိန်းညှိနိုင်မှု အဆင်မပြေဘူးဆိုရင် ပေါက်ကွဲ တတ်တဲ့ အတွက် အပူငွေ့ထုတ်စနစ်ကို ထမင်းချက်သူက ဂရုတစိုက် စောင့်ကြပ်ပြီး အပူရှိန်လျှော့ပေးရတယ်လို့ မုံရွာ စက်မှုဇုန်ရှိ ထမင်းပေါင်းအိုးဘွိုင်လာ ပညာရှင်တစ်ယောက်က ပြောဆိုပါတယ်။

လွန်ခဲ့တဲ့ နှစ်တွေကလည်း မုံရွာမြို့ ရုံးကြီးရပ်ကွက် ဗိုလ်ချုပ်လမ်း အားကစားတိုက်တန်းရှိ ထမင်းဆိုင်တစ်ခုမှာ အလားတူ ထမင်း ပေါင်းအိုး ဘွိုင်လာပေါက်ကွဲခဲ့တဲ့အတွက် ဆိုင်ရှင်အမျိုးသား သေဆုံးခဲ့ရပြီး အဆောက်အအုံ တချို့ ထိခိုက်ပျက်စီးခဲ့ရတဲ့ ဖြစ်စဉ် ပေါ်ပေါက်ခဲ့ပါသေးတယ်။


သတင်း - ကိုတိုးကြီး (VOM)

ရွှေတြိဂံဒေသ သတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews

ဟုမ္မလင်းက အလှူအိမ်မှာ ထမင်းပေါင်းအိုး ပေါက်ကွဲလို့ လူ ၂ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရ  ဟုမ္မလင်းက အလှူအိမ်မှာ ထမင်းပေါင်းအိုး ပေါက်ကွဲလို့ လူ ၂ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 22:41 Rating: 5

No comments:

Powered by Blogger.