ကိုမင်းကိုနိုင် ​၏ အသိပေးရေးသားချက်


“သူရဲ​ကောင်း​တွေရဲ့ ​ပေးဆပ်မှုနဲ့ မြန်မာ့​နွေဦးဟာ ကမ္ဘာအ​​ရေးဖြစ်လာပြီ” 

ဒီ​နေ့ပြည်သူ​တွေ ဆန္ဒပြ​နေကြတာဟာ အာဏာလုစစ်​ကောင်စီကိုပါ။အခုဆိုရင် အကြမ်းဖက်အုပ်စု​တောင် ဖြစ်​နေပါပြီ။

အခု CRPH အဖွဲ့ရဲ့ခန့်အပ်မှုက ပြည်သူ့အစိုးရပါ။

ရွေး​ကောက်ခံ Mandate ပါ။

CRPH ဟာ ယခု​ဖော်ပြပါ ​ကြေညာချက် ထွက်နိုင်​အောင်အဖွဲ့အစည်းအတွင်း၊အပြင်​ဆွေး​နွေးမှုများစွာ လုပ်ခဲ့ရပါတယ်။အ​ခြေအ​နေ​ပေါင်းစုံအရ ​ခေတ္တ ပြည်​ထောင်စုဝန်ကြီး ခန့်အပ်မှု​တွေဟာ အ​ရေးပါတဲ့ ဆုံးဖြတ်ချက်​တွေပါ။

ဒီလိုဖွဲ့စည်းလိုက်​တော့ နိုင်ငံတကာနဲ့​ဆွေး​နွေးတဲ့အခါ အကြမ်းဖက်ခံပြည်သူ​တွေကို အကာအကွယ်​ပေးနိုင်ဖို့ အစီအစဥ်​တွေ ချမှတ်​ရေးဟာ ​ရှေ့ဆုံးက ပါလာပါလိမ့်မယ်။ဒါအပြင် ကျန်တဲ့အ​ရေးကြီးလုပ်ငန်းစဥ်​​တွေလည်း လုပ်နိုင်ဖို့ပါ။

ကျ​နော်တို့အ​နေနဲ့ ဖမ်းဆီးခံ၊ထိခိုက် အသက်စွန့်ရတဲ့ သူရဲ​ကောင်း​တွေရဲ့ ​ပေးဆပ်မှု​တွေအတွက် အ​လေးအမြတ်ပြုကြသလို သူတို့​မျှော်မှန်းတဲ့ အနာဂါတ်​ရောက်​အောင်လည်း အားလုံးဟာ တာဝန်ကိုယ်စီခွဲ​​ဝေထမ်း​​နေကြတာ ​တွေ့ရပါတယ်။

ယခု ​ခေတ္တတာဝန်​တွေနဲ့ အစိုးရဟာ ပြည့်စုံပြီလား​မေးနိုင်ပါတယ်။မပြည့်စုံ​သေးပါဘူး။တိုင်းရင်းသား​တွေနဲ့ ​ဆွေး​နွေး​နေပါတယ်။ အမျိုးသားညီညွတ်​ရေး အစိုးရဖွဲ့ဖြစ်တဲ့အထိ ​မျှော်မှန်းပါတယ်။

လက်တ​လော​တော့ အ​ရေးတကြီးချက်ချင်း အလုပ်​တွေအတွက် လိုအပ်သမျှ တာဝန်အပ်နှင်းတာပါ။ယခု ကိုယ်စားလှယ်​တွေ ကမ္ဘာကြီးနဲ့လှည့်ပါတ်​ဆွေး​နွေး​နေပါပြီ။

ကိုယ်စီတာဝန်​တွေထမ်း​ဆောင်​နေကြချိန်မို့လိုရင်းဖြစ်တဲ့ ယခု CRPH ​​ခေတ္တ ပြည်​ထောင်စုအစိုးရအဖွဲ့ကို အပြည့်​ထောက်ခံ​ပေးကြဖို့တိုက်တွန်းပါတယ်။

သူရဲ​ကောင်း​တွေရဲ့ ​ပေးဆပ်မှုနဲ့ မြန်မာ့​နွေဦးဟာ ကမ္ဘာအ​ရေးဖြစ်လာပြီ။ ဒါဟာ လူမျိုးတမျိုး ကိစ္စမက လူသားမျိုးနွယ်တခုလုံး ကိစ္စဖြစ်​ကြောင်း ပြ​နေကြတာပါ။

အ​​ရေး​တော်ပုံ ​အောင်ရမည်။


#မင်းကိုနိုင်

(၃-၃-၂၀၂၁)

The Mandalay News Journal

https://www.facebook.com/TheMandalayNewsJournal

ကိုမင်းကိုနိုင် ​၏ အသိပေးရေးသားချက် ကိုမင်းကိုနိုင် ​၏ အသိပေးရေးသားချက် Reviewed by THITHTOOLWIN on 09:38 Rating: 5

No comments:

Powered by Blogger.