တောင်ကြီးမှာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သူတွေကို အကြမ်းဖက်ဖြိုခွင်းခံရပြီး လူငယ်အချို့ရိုက်နှက်ဖမ်းဆီးခံရ



တောင်ကြီး၊ မတ် ၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ တပ်မတော်အာဏာသိမ်းယူထားမှုကို ဆန့်ကျင်ရေးနဲ့ ဝန်ထမ်းတွေ CDMပါဝင်လာစေရေးငြိမ်းချမ်းစွာ ဒီကနေ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြပေမယ့် ၃ကြိမ်တိုင်တိုင်အကြမ်းဖက်ဖြိုခွင်းခံခဲ့ရပါတယ်။

အဲဒီလိုအကြမ်းဖက်ဖြိုခွင်းနေတဲ့အချိန်မှာပဲ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်သားတွေက လူငယ်အချို့ကို ရိုက်နှက်ဖမ်းဆီးပြီး ခေါ်ဆောင်သွားပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေနဲ့ ဖမ်းဆီးခံရသူအရေအတွက် အတိအကျကိုတော့ အတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲပါ။

Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ




တောင်ကြီးမှာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သူတွေကို အကြမ်းဖက်ဖြိုခွင်းခံရပြီး လူငယ်အချို့ရိုက်နှက်ဖမ်းဆီးခံရ တောင်ကြီးမှာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သူတွေကို အကြမ်းဖက်ဖြိုခွင်းခံရပြီး လူငယ်အချို့ရိုက်နှက်ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 00:46 Rating: 5

No comments:

Powered by Blogger.