ရန်ကုန်ဆေးရုံကြီး CDM ဆက်လုပ်မယ်



ရန်ကုန်ဆေးရုံကြီး ၊ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီးနဲ့ ဆေးတက္ကသိုလ် ၁ က အထူးကုဆရာဝန်တွေ လက်ထောက်ဆရာဝန်တွေ ဘွဲ့လွန်သင်တန်းသားတွေ က အာဏာသိမ်းစစ်ကောင်စီခန့်အပ်ထားတဲ့ဝန်ကြီးဌာန အဖွဲ့အစည်းတွေကို အသိအမှတ်မပြုဘဲ CDM လှုပ်ရှားမှုကို ဆက်လုပ်သွားမယ်လို့ထုတ်ပြန်ပါတယ်။

လက်ရှိအာဏာသိမ်းစစ်ကောင်စီဟာ ဆန္ဒပြပွဲများကို ပစ်ခတ်ဖြိုခွင်းနေပြီးတော့ ၊ ကျန်းမာရေးဝန်ထမ်းများကိုလူ့အခွင့်အရေးချိုးဖောက်ပြီးလုပ်ငန်းခွင်ဝင်ဖို့ ဖိအားပေးနေတာတွေ၊တရားစွဲနေတာတွေ ပြည်သူပိုင်ဆေးရုံတွေက ဆေးဝါးတွေကို စစ်ကောင်စီကို လွှဲပြောင်းပေးတာတွေလုပ်နေပြီးတော့ အဲ့ဒါတွေကို အမိန့်ပေးစေခိုင်းသူဟာ အပြည့်အဝတာဝန်ခံရမယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြ ပါရှိပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေဟာ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ကိုသာ တရားဝင် အစိုးရ အဖြစ် အသိအမှတ်ပြုကြောင်းလည်းဖော်ပြထားပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ ဆေးရုံအရေအတွက် ၁၂၆၂ ရုံအထိရှိပြီး လက်ရှိအချိန် တွင် CDM လှုပ်ရှားမှုကြောင့် ဆေးရုံဖွင့်လှစ်ကာ ဆေးကုသပေးသည့် ဆေးရုံသည် ၇၇၈ ရုံရှိပြီး ဆေးရုံဖွင့်လှစ် ထားသော်လည်း ဆေးကုသခြင်းမရှိသည့် ၂၇ ရုံနှင့် ဆေးရုံပိတ်ကာ ဆေးကုသခြင်းမရှိသည့် ဆေးရုံ ၃၅၇ ရုံထိ ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဖေဖော်ဝါရီလ ၂၂ ရက်စစ်ကောင်စီ အစည်းအဝေးမှာပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56140135

ရန်ကုန်ဆေးရုံကြီး CDM ဆက်လုပ်မယ်  ရန်ကုန်ဆေးရုံကြီး CDM ဆက်လုပ်မယ် Reviewed by THITHTOOLWIN on 21:57 Rating: 5

No comments:

Powered by Blogger.