စင်္ကာပူလုပ် ကုန်ပစ္စည်းတွေ မြန်မာ သပိတ်မှောက်



တိုက်ဂါးဘီယာ အပါအဝင် စင်္ကာပူနိုင်ငံထုတ် စားသောက်ကုန်နဲ့ တခြားလူသုံးကုန်ပစ္စည်းတွေကို မြန်မာဈေးကွက်မှာ သပိတ်မှောက်ခံထားရကြောင်း Coconut News သတင်းက ဖော်ပြပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး စင်္ကာပူအနေနဲ့ နိုင်ငံရေးထက် စီးပွားရေးကိစ္စကို ပိုပြီး ဗဟိုပြု၊ အလေးပေး ဆက်ဆံဆောင်ရွက်သွားမှာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာ ခရစ်ရှနန်က အင်္ဂါနေ့ညက ပြောဆိုလိုက်ပြီးတဲ့နောက် သပိတ်မှောက်မှုတွေ စတင်ခဲ့တာပါ။

စင်္ကာပူအနေနဲ့ မြန်မာပြည်သူတွေရဲ့ အသံကို လေးစားမှုမရှိဘဲ အာဏာရှင်စနစ်ကို ထောက်ခံအားပေး နေကြောင်း၊ စင်္ကာပူဟာ မြန်မာနိုင်ငံမှာ အများဆုံးရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံဖြစ်ကြောင်းလည်း အင်တာနက် အွန်လိုင်းပေါ်က စင်္ကာပူသပိတ်မှောက်ရေး စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အဲဒီသတင်းဟာ တွစ်တာနဲ့ Facebook စာမျက်နှာတွေမှာလည်း ပျံ့နှံ့နေပါတယ်။


RFA Burmese

https://www.facebook.com/rfaburmese

စင်္ကာပူလုပ် ကုန်ပစ္စည်းတွေ မြန်မာ သပိတ်မှောက် စင်္ကာပူလုပ် ကုန်ပစ္စည်းတွေ မြန်မာ သပိတ်မှောက် Reviewed by THITHTOOLWIN on 01:10 Rating: 5

No comments:

Powered by Blogger.