တပ်ထောက်ခံသူတွေ လမ်းသွားလမ်းလာတစ်ဦးကို ဓားနဲ့ထိုး၊ မော်တော်ယာဉ်တချို့ကို မှန်တွေရိုက်ခွဲ ဖျက်ဆီး

ဓားနဲ့တိုက်ခိုက်သူတစ်ဦး

တပ်မတော်ထောက်ခံသူဆိုသူတချို့ လမ်းသွားလမ်းလာတစ်ဦးကို ဓားနဲ့ထိုးတဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်မှာပျံ့နှံ့နေပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၂၅ ရက်မနက်ပိုင်းက တပ်ထောက်ခံသူတွေထဲက တစ်ဦးဟာ လက်ထဲမှာ ဓားတစ်လက်ကိုင်ထားပြီး ဆူးလေ ရှန်ဂလီလာဟိုတယ်နားမှာ လမ်းသွားလမ်းလာတွေကိုခြိမ်းခြောက်ပြောဆိုနေတဲ့ ဗီဒီယိုဖိုင်လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့တာပါ။

အဲဒီလိုခြိမ်းခြောက်နေစဉ်မှာပဲ ဗိုလ်ချုပ်လမ်းပေါ်မှာ လမ်းသွားနေသူတစ်ဦးနဲ့ တပ်ထောက်ခံသူတချို့ ခိုက်ရန်စကားများဖြစ်ပွားနေစဉ် ဓားကိုင်ထားတဲ့သူက လမ်းသွားလမ်းလာကို ဓားနဲ့ပြေးထိုးလိုက်သလို သူနဲ့ တစ်ဖွဲ့တည်းလို့ ယူဆရသူတွေကလည်း လဲကျသွားတဲ့သူကို ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်ကန်ကျောက်နေတာကို လုံခြုံရေးကင်မရာမှတ်တမ်းမှာ တွေ့မြင်ရတာဖြစ်ပါတယ်။

ဒဏ်ရာရရှိသူကို အနီးနားပတ်ဝန်းကျင်က လူတွေက ဝိုင်းဝန်းပြုစုပြီး နီးစပ်ရာဆေးရုံဆေးခန်းကို ပို့ဆောင်ဖို့ ကြိုးစားနေတာကိုလည်း ရုပ်သံမှာ တွေ့ရပါတယ်။

ဒါ့အပြင် အဲဒီသူတွေဟာ လမ်းမှာ မီးပွိုင့်မိလို့ ရပ်ထားတဲ့ မော်တော်ယာဉ်ကားမှန်တွေကိုလည်း ရိုက်ခွဲသွားပြီး အဲဒီလိုရိုက်ခွဲခံရတဲ့အထဲက ကားပိုင်ရှင်တစ်ဦးက ကျောက်တံတားရဲစခန်းမှာ အမှုဖွင့်ထားကြောင်း ဘီဘီစီကိုပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56140135

တပ်ထောက်ခံသူတွေ လမ်းသွားလမ်းလာတစ်ဦးကို ဓားနဲ့ထိုး၊ မော်တော်ယာဉ်တချို့ကို မှန်တွေရိုက်ခွဲ ဖျက်ဆီး တပ်ထောက်ခံသူတွေ လမ်းသွားလမ်းလာတစ်ဦးကို ဓားနဲ့ထိုး၊ မော်တော်ယာဉ်တချို့ကို မှန်တွေရိုက်ခွဲ ဖျက်ဆီး Reviewed by THITHTOOLWIN on 19:59 Rating: 5

No comments:

Powered by Blogger.