တပ်ပိုင်မြဝတီဘဏ်က ငွေထုတ်တာ လက်မခံတော့


 တပ်ပိုင်မြဝတီဘဏ်က ငွေထုတ်တာ လက်မခံတော့

ရန်ကုန်မြို့၊ ဝါးတန်းလမ်းမှာ တည်ရှိတဲ့ တပ်ပိုင်စီးပွားရေးလုပ်ငန်းဖြစ်တဲ့ မြဝတီဘဏ်မှာ ငွေထုတ်တာကို လက်မခံတော့ဘဲ မတ်လဆန်းမှသာ ငွေထုတ်ခွင့်ပြုမယ်လို့ ဘဏ်ကို ငွေသွားရောက်ထုတ်သူတချို့က သူတို့အတွေ့အကြုံကို လူမှုကွန်ရက်မှာရေးသားထားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ကလည်း မြဝတီဘဏ်မှာ ငွေထုတ်သူများတဲ့အတွက် တိုကင်စနစ်နဲ့ ငွေထုတ်ဖို့ စီစဉ်ခဲ့ပြီး တစ်ရက်ကို လူ ၂၀၀ နှုန်းနဲ့ တစ်ဦးကို ကျပ်သိန်း ၅၀ အများဆုံးသာ ထုတ်ခွင့်ပြုခဲ့ပါတယ်။ ဘဏ်ရဲ့ ATM ငွေထုတ်စက်တွေမှာ ဒီနေ့ မွန်းလွဲပိုင်းအထိ ငွေထုတ်ယူတဲ့သူတွေကိုလည်း တွေ့ခဲ့ရပါတယ်။



BBC Burmese

https://www.bbc.com/burmese/live/burma-56140135

တပ်ပိုင်မြဝတီဘဏ်က ငွေထုတ်တာ လက်မခံတော့  တပ်ပိုင်မြဝတီဘဏ်က ငွေထုတ်တာ လက်မခံတော့ Reviewed by THITHTOOLWIN on 22:16 Rating: 5

No comments:

Powered by Blogger.