ရပ်ကွက်အုပ်ချုပ်ရေးမှူးခန့်အပ်တာတွေကို ကန့်ကွက်

 ရပ်ကွက်အုပ်ချုပ်ရေးမှူးခန့်အပ်တာတွေကို ကန့်ကွက်

ဒီကနေ့ ညနေပိုင်းမှာ စစ်ကောင်စီက ရပ်ကွက်အုပ်ချုပ်ရေးမှူးခန့်အပ်တာတွေကို ဒေသခံတွေက မကျေနပ်ကန့်ကွက်တာတွေ ရန်ကုန်တိုင်းက တာမွေ၊ သာကေတနဲ့ ဒေါပုံစတဲ့ မြို့နယ်တွေ မှာ ဖြစ်ခဲ့ပြီး တာမွေမြို့နယ်မှာ ရဲတပ်ဖွဲ့က လူစုလူဝေးကို ပစ်ခတ် ဖြိုခွင်းခဲ့ပါတယ်။

တာမွေမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ရဲတွေက ဝိုင်းထားခဲ့ပါတယ်။ အဲဒီရပ်ကွက်မှာ စစ်ကောင်စီက ခန့်တဲ့ အုပ်ချုပ်ရေးမှူး အလိုမရှိကြောင်း ရပ်ကွက်နေပြည်သူတွေက ကန့်ကွက်ဆန္ဒဖော်ထုတ်မှုကို ရဲတပ်ဖွဲ့က ဒီညနေမှာ လာရောက် ဖြိုခွင်းပြီး ရပ်ကွက်ထဲအထိ လိုက်လံဖမ်းဆီးသလို ပစ်ခတ်မှုတွေလည်းရှိတယ်လို့ ကနဦး သတင်းတွေရရှိထားပါတယ်။

အခုအချိန်မှာ ဆန္ဒပြမှုတွေ ဆက်ရှိနေပြီး ရဲတပ်ဖွဲ့က ဆက်လက် ဖြိုခွင်းနေပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56140135

ရပ်ကွက်အုပ်ချုပ်ရေးမှူးခန့်အပ်တာတွေကို ကန့်ကွက်  ရပ်ကွက်အုပ်ချုပ်ရေးမှူးခန့်အပ်တာတွေကို ကန့်ကွက် Reviewed by THITHTOOLWIN on 21:11 Rating: 5

No comments:

Powered by Blogger.