၀န်ထမ်းတွေရုံးပိတ်ရက်ကြေညာတဲ့ မန္တလေးက သယံဇာတဝန်ကြီးကို ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲ


မန္တလေးမြို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးမျိုးသစ်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅( ခ)နဲ့ ချမ်းအေးသာစံမြို့နယ်တရားရုံးမှာ ဒီနေ့မှာ တရားစွဲဆို ရုံးထုတ်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန် ဦးမျိုးသစ်ကို ဖမ်းဆီးထိန်းသိမ်းတာရှိခဲ့ပေမယ့် ည‌နေပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဝန်ကြီး ဦးမျိုးသစ်ဟာ မန္တလေးတိုင်းက အစိုးရဝန်ထမ်းတွေကို ယာယီရုံးပိတ်ရက် အဖြစ်ကြေညာချက် ထုတ်ပြန်တာနဲ့ပက်သက်ပြီးခုလို တရားစွဲခံရတာဖြစ်ပါတယ်။ ဒီနေ့မှာပဲ ဦးမျိုးသစ်ကို နေအိမ်ကနေ ချမ်းအေးသာစံတရားရုံးကိုခေါ်ပြီး ဖမ်းဝရမ်းအတည်ပြု ထုတ်ခဲ့တာပါ။

မနက်ဖြန် ဖေဖော်ဝါရီ ၁၈ ရက်မနက် ၁၀ နာရီမှာ တရားလို ချမ်းအေးသာစံမြို့နယ်က ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရာဇာမြင့် ကို စတင်စစ်ဆေးမှာဖြစ်တယ်လို့ တွဲဖက်တရားသူကြီး ဦးမျိုးဆွေကပြောပါတယ်။



BBC Burmese

https://www.bbc.com/burmese/live/burma-56091207

၀န်ထမ်းတွေရုံးပိတ်ရက်ကြေညာတဲ့ မန္တလေးက သယံဇာတဝန်ကြီးကို ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲ  ၀န်ထမ်းတွေရုံးပိတ်ရက်ကြေညာတဲ့ မန္တလေးက သယံဇာတဝန်ကြီးကို ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲ Reviewed by THITHTOOLWIN on 20:08 Rating: 5

No comments:

Powered by Blogger.