မုံရွာဂေဇက် စီအီးအို မည်သည့်နေရာ ဖမ်းခေါ်သွားသည်ကို သတင်းမရ




မုံရွာ၊ဖေဖော်ဝါရီ- ၂၇

ယနေ့ နံနက်က မုံရွာဆန္ဒပြအခြေအနေအား တိုက်ရိုက်ထုတ်လွှင့်တင်ဆက်နေစဉ် အကြမ်းဖက် ဖမ်းဆီးခံရသော မုံရွာဂေဇက်ဂျာနယ် အမှုဆောင်အရာရှိ ကိုလေး(ခ) ကိုကျော်ကျော်ဝင်း ကို မည်သည့်နေရာတွင် ဖမ်းဆီးခေါ်ဆောင်ထားသည်ကို  ယခုချိန်ထိ ဆက်သွယ်မသိရသေးပါ။

မုံရွာမြို့ဗိုလ်ချုပ်လမ်းဘေးရှိ ဆန္ဒပြလူထုရှိရာ ပြသာဒ်ကျောင်း (ဆင်ဖြူရာ ရာမကျောင်း)အနီးအခြေအနေအား  မုံရွာဂေဇက် ဖေ့စ်ဘွခ်တွင် တိုက်ရိုက်ထုတ်လွှင့်နေစဉ် အရပ်ဝတ်လူသုံးဦးမှ လာရောက်ပြီး ဖုန်းအားရိုက်ခွဲ၍ ကန်ကျောက် ရိုက်နှက်ကာ ခေါ်ဆောင်သွားခြင်း ဖြစ်သည်။

ဦးကျော်ကျော်ဝင်းအား ဖမ်းဆီး၍ အချုပ်ကားပေါ်တင်စဉ် ဒဏ်ရာများရရှိထားပြီး ဆေးကုသပေးမှု အခြေအနေကို မသိရသေးပါ။

 တိုက်ရိုက်ထုတ်လွှင့်စဉ် မုံရွာဂေဇက်မှ ဓာတ်ပုံသတင်းထောက်နှင့် အခြားအမျိုးသမီးသတင်းထောက်နှစ်ဦးကိုလည်း အရပ်ဝတ်နှင့်လူများက ဦးတည်တိုက်ခိုက်သဖြင့် ရှောင်ထွက်ရကြောင်း သိရသည်။

လက်ရှိ မွန်းလွဲပိုင်းတွင် ဆန္ဒပြလူထု နှင့် ရဲတပ်ဖွဲ့၊ စစ်တပ်တို့ ဗိုလ်ချုပ်လမ်းတွင် တင်းမာမှုများဖြစ်နေပြီး ဖမ်းဆီးထိန်းထားခံရသူ ၅၀ ထက်မနည်း ရှိနေကြောင်း သတင်းရရှိသည်။


Monywa Gazette

https://www.facebook.com/monywagazette/

မုံရွာဂေဇက် စီအီးအို မည်သည့်နေရာ ဖမ်းခေါ်သွားသည်ကို သတင်းမရ မုံရွာဂေဇက် စီအီးအို မည်သည့်နေရာ ဖမ်းခေါ်သွားသည်ကို သတင်းမရ Reviewed by THITHTOOLWIN on 18:57 Rating: 5

No comments:

Powered by Blogger.