မြန်မာကိစ္စမှာ အာဆီယံကြားဝင်သင့်ကြောင်း စင်္ကာပူနဲ့ အင်ဒိုနီးရှား ပြောဆို


အရှေ့တောင်အာရှ အာဆီယံနိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့ မြန်မာနိုင်ငံ ပြဿနာဖြေရှင်းရေးမှာ အဓိကအရေးကြီးတဲ့အခန်းက ပါဝင်ကြဖို့ စင်္ကာပူနဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်‌ကြီးတွေက တိုက်တွန်းလိုက်ကြပါတယ်။ ဝန်ကြီးနှစ်ဦး စင်္ကာပူမှာ တွေ့ဆုံကြစဉ်အတွင်း ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်တာပါ။ 

မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး အာဆီယံ (၁၀) နိုင်ငံရဲ့ ဝန်‌ကြီးများအဆင့် အလွတ်သဘော ဆွေးနွေးပွဲကို အမြန်ဆုံးကျင်းပနိုင်ဖို့ အပြုသဘောဆောင်တဲ့ နောက်ထပ်ဆောင်ရွက်နိုင်မယ့် အဆင့်တွေကို ဆွေးနွေးကြဖို့လည်း ထုတ်ပြန်ခဲ့ပါတယ်။ 

မြန်မာနိုင်ငံရဲ့ အခြေအနေတွေက စိုးရိမ်ဖွယ်ရာဖြစ်ပေမယ့် မြန်မာအပေါ်  ကျယ်ကျယ်ပြန့်ပြန့် ပိတ်ဆို့ အရေးယူမှုတွေကိုတော့ ပြည်သူတွေ ထိခိုက်မှာ စိုးရိမ်တဲ့အတွက် မထောက်ခံကြောင်း စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာ ခရစ်ရှနန် က ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့အပေါ် ပိတ်ဆို့အရေးယူဖို့ ပြောဆိုခဲ့တဲ့ နိုင်ငံတွေထဲမှာ အမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိန်တို့ ပါဝင်ပါတယ်။


RFA Burmese

https://www.facebook.com/rfaburmese

မြန်မာကိစ္စမှာ အာဆီယံကြားဝင်သင့်ကြောင်း စင်္ကာပူနဲ့ အင်ဒိုနီးရှား ပြောဆို မြန်မာကိစ္စမှာ အာဆီယံကြားဝင်သင့်ကြောင်း စင်္ကာပူနဲ့ အင်ဒိုနီးရှား ပြောဆို Reviewed by THITHTOOLWIN on 06:34 Rating: 5

No comments:

Powered by Blogger.