“တိုင်းပြည်၏ လက်ရှိအခြေအနေအရပ်ရပ်အပေါ် မန္တလေး ပြည်သူလူထုတစ်ရပ်လုံး၏ အမြင်သဘောထား ထုတ်ပြန်ကြေညာချက်”



ရက်စွဲ။ ၁၈ ရက်၊ ဖေဖော်ဝါရီ ၂၀၂၁ ခုနှစ်

၁။ မြန်မာနိုင်ငံတွင် လက်နက်အားကိုး၊ အဓမ္မဆောင်ရွက်ခဲ့သော စစ်အာဏာသိမ်းမှု၊ စစ်အာဏာရှင်စနစ်နှင့် စစ်အုပ်စုကို ကျွန်ုပ်တို့ ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် လုံးဝ (လုံးဝ) ဆန့်ကျင်၊ ကန့်ကွက်ကြောင်းကို ကမ္ဘာသိ၊ မြန်မာသိ (အကြမ်းမဖက်၊ ငြိမ်းချမ်းစွာ) ဆန္ဒထုတ်ဖော်ပြသလျက် ရှိသည်။

၂။ မြန်မာနိုင်ငံသည် ငြိမ်းချမ်း၍ သာယာဝပြောသော နိုင်ငံတော်တစ်ရပ်အဖြစ် ကမ္ဘာ့အလယ်တွင် ရပ်တည်နိုင်ရန်အတွက် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုလမ်းစဉ်ကို ဖော်ဆောင်နိုင်ရန် လိုအပ်သည်ဟု ကျွန်ုပ်တို့က အလေးအနက် ခံယူသည်။

၃။ လက်ရှိ ဖမ်းဆီးထိန်းသိမ်းခံထားရသော နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် ကျွန်ုပ်တို့က တောင်းဆိုသည်။

၄။ ကျွန်ုပ်တို့ ပြည်သူလူထုတစ်ရပ်လုံးသည် စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးတို့အတွက် မိမိတို့ တတ်စွမ်းသည့် အသွင်၊ နည်းနာပုံစံမျိုးစုံဖြင့် (အကြမ်းမဖက်၊ ငြိမ်းချမ်းစွာ) ဆက်လက်တောင်းဆို၊ တိုက်ပွဲဝင်သွားကြမည်ဖြစ်ကြောင်း လေးနက်စွာ သန္နိဋ္ဌာန်ပြု၊ ကြေညာအပ်ပါသည်။


“စစ်အာဏာရှင်စနစ် မုချ ကျရှုံးရမည်”

“အရေးတော်ပုံ အောင်ရမည်”

မန္တလေးမြို့ လေးပြင်လေးရပ်နေ ရဟန်းရှင်လူ ကျောင်းသားပြည်သူများ

(ကိုယ်စား)

စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး)


The Mandalay News Journal

https://www.facebook.com/TheMandalayNewsJournal

“တိုင်းပြည်၏ လက်ရှိအခြေအနေအရပ်ရပ်အပေါ် မန္တလေး ပြည်သူလူထုတစ်ရပ်လုံး၏ အမြင်သဘောထား ထုတ်ပြန်ကြေညာချက်” “တိုင်းပြည်၏ လက်ရှိအခြေအနေအရပ်ရပ်အပေါ် မန္တလေး ပြည်သူလူထုတစ်ရပ်လုံး၏ အမြင်သဘောထား ထုတ်ပြန်ကြေညာချက်” Reviewed by THITHTOOLWIN on 20:43 Rating: 5

No comments:

Powered by Blogger.