နေ့စဉ် မြန်မာကိုဗစ်အတည်ပြုလူနာစာရင်း ၄၀၀ အောက် ကျဆင်း

ဝေဘာဂီဆေးရုံ။

မြန်မာနိုင်ငံမှာ COVID-19 ရောဂါအတည်ပြုလူနာ ဒီနေ့ ၄၀၀ အောက် ကျဆင်းသွားသလို သေဆုံးသူကလည်း ၁၀ ယောက် အောက်ကျသွားပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ အတည်ပြုလူနာသစ် ၃၈၃ ယောက်မို့ ဒါဟာ ရက်ပေါင်းများစွာအတွင် ၄၀၀ အောက်အရေအတွက် ပထမဆုံးကျဆင်းသွားတာဖြစ်ပါတယ်။ အလားတူပဲ သေဆုံးသူကလည်း ၇ ဦးအထိ ကျဆင်းသွားပါတယ်။ သေဆုံးသူတွေထဲမှာ ၆ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ဒီနေ့အတွက် စစ်ဆေးခဲ့တဲ့ ဓါတ်ခွဲနမူနာစုစုပေါင်းက ၁၇,၉၂၄ ခုဖြစ်ပါတယ်။

ဒီနေ့ ဇန်နဝါရီလ ၂၅ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၁၃၇,၉၅၇ ယောက် သေဆုံးသူ ၃,၀၆၉ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူ ၁၂၂,၁၁၆ ယောက်ဖြစ်ပါတယ်။

ပြန်စတော့မယ့် လွှတ်တော်အစည်းအဝေးတွေ တက်ရောက်ဖို့ နေပြည်တော်ကိုရောက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့နဲ့ မိသားစုဝင်တချို့မှာ ကိုဗစ်ကူးစက်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အိန္ဒိယက လက်ဆောင်ရရှိထားတဲ့ Covishield ကိုဗစ်ကာကွယ်ဆေးတွေကို ပြည်နယ်နဲ့ တိုင်းတွေကို ဖြန့်ဝေနေပြီး မကြာခင်ရက်ပိုင်းမှာ ဦးစားပေးအဆင့်လိုက် ကာကွယ်ဆေးထိုးမှု အစီအစဉ်တွေကို စတင်တော့မှာဖြစ်ပါတယ်။ 


 ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-covid-cases/5750771.html

နေ့စဉ် မြန်မာကိုဗစ်အတည်ပြုလူနာစာရင်း ၄၀၀ အောက် ကျဆင်း နေ့စဉ် မြန်မာကိုဗစ်အတည်ပြုလူနာစာရင်း ၄၀၀ အောက် ကျဆင်း Reviewed by THITHTOOLWIN on 00:18 Rating: 5

No comments:

Powered by Blogger.