ကမ္ဘာတဝန်း နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းဟာ ၃ သိန်းခွဲကျော်နဲ့ အများဆုံး စံချိန်တင်ခဲ့

စပိန်နိုင်ငံမှာ COVID-19 လူနာတဦးကို ကုသမှုပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (အောက်တိုဘာ ၉၊ ၂၀၂၀)

ကမ္ဘာတဝန်း နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းဟာ ၃ သိန်းခွဲကျော်နဲ့ အများဆုံး စံချိန်တင်ခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ပြောပါတယ်။

အခုလို COVID-19 ရောဂါ ကူးစက်မှုတွေ မြင့်တက်နေပေမယ့်လည်း ဒါနဲ့ပတ်သက်ပြီး နောက်ထပ် အသစ်ထပ်ဖြေဆိုစရာ မရှိဘဲ အစိုးရတွေအနေနဲ့ ဗိုင်းရပ်ကူးစက်မှု အန္တရာယ် အကျရောက်နိုင်ဆုံးနဲ့ ထိခိုက်မှုအရှိနိုင်ဆုံး လူတွေကို အကာအကွယ်ပေးဖို့ လုပ်ရမယ်လို့ WHO ရဲ့ အရေးပေါ်ဆိုင်ရာ အကြီးအကဲ Dr. Michael Ryan က ဂျီနီဗာမြို့မှာ မနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောပါတယ်။

စာရင်းတွေအရတော့ နေ့စဉ်ကူးစက်မှုအသစ်ရဲ့ ၃ ပုံ ၁ ပုံဟာ ဥရောပတိုက်ကဖြစ်ပြီး ကူးစက်သူ ၁၀၉,၀၀၀ ကျော်ရှိပါတယ်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာတော့ ရောဂါကူးစက်မှုတွေ တိုးလာနေတာကြောင့် ကန့်သတ်မှုအသစ်တွေကို ရှောင်လို့မရနိုင်ဘဲ မဖြစ်မနေ ချသွားဖို့ လိုအပ်ပြီး အသေးစိတ်ကို ရှေ့သီတင်းပတ်မှာ ကြေညာသွားမယ်လို့ မြို့တော်ဝန် Sadiq Khan က ပြောလိုက်ပါတယ်။

စပိန်မှာလည်း အစိုးရအရေးပေါ်အခြေအနေ ကြေညာပြီး မက်ဒရစ်မြို့တော်နဲ့ အနီးနားတဝိုက်မှာ တစိတ်တပိုင်းအားဖြင့် လူတွေကို အပြင်မထွက်ကြဖို့ ကန့်သတ်လိုက်ပါတယ်။

အီတလီမှာလည်း မနေ့က နေ့စဉ် ဗိုင်းရပ်စ်ကူးစက်မှုဟာ ၅,၃၀၀ ကျော်နဲ့ သေဆုံးသူ ၂၈ ယောက် ထပ်ရှိခဲ့တာကြောင့် ကူးစက်မှုအများဆုံး နေ့တွေထဲက တခုဖြစ်ပါတယ်။

ပြင်သစ်မှာလည်း မနေ့က ဗိုင်းရပ်စ်ကူးစက်သူ ၂၀,၀၀၀ ကျော် ထပ်တိုးခဲ့တာကြောင့် ဒါဟာ ဗိုင်းရပ်စ်ကူးစက်မှု စဖြစ်ချိန်ကစပြီး ပထမဆုံးအကြိမ် တရက်တည်းမှာ ၂၀,၀၀၀ ကျော်ခဲ့တာပါ။

အလားတူ ဂျာမနီနိုင်ငံမှာလည်း ဗိုင်းရပ်စ်ကူးစက်မှုတွေ တိုးလာနေတာကြောင့် နိုင်ငံတဝန်းမှာ ကန့်သတ်မှုအသစ်တွေကို ချမှတ်လိုက်တယ်လို့ ဝန်ကြီးချုပ် Angela Merkel က ပြောလိုက်ပါတယ်။

Johns Hopkins တက္ကသိုလ်ရဲ့ စာရင်းတွေအရတော့ ကမ္ဘာတဝန်းမှာ COVID-19 ရောဂါကူးစက်သူ ၃၆.၈ သန်းကျော်နဲ့ သေဆုံးသူ ၁ သန်းကျော်သွားပြီဖြစ်တယ်လို့ ပြောပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/covid-world-wide/5616300.html

ကမ္ဘာတဝန်း နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းဟာ ၃ သိန်းခွဲကျော်နဲ့ အများဆုံး စံချိန်တင်ခဲ့ ကမ္ဘာတဝန်း နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းဟာ ၃ သိန်းခွဲကျော်နဲ့ အများဆုံး စံချိန်တင်ခဲ့ Reviewed by THITHTOOLWIN on 22:48 Rating: 5

No comments:

Powered by Blogger.