သမ္မတထရမ့် ကျန်းမာရေးအခြေအနေအပေါ် လွှတ်တော်ဥက္ကဋ္ဌ မေးခွန်းထုတ်

အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi။ (သြဂုတ် ၁၃၊ ၂၀၂၀)
 

အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်အနေနဲ့ သူ့ရဲ့ရာထူးတာဝန်တွေကို ထမ်းဆောင်ဖို့အတွက် ကျန်းမာကြံ့ခိုင်မှုရှိရဲ့လားလို့ အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi က မေးခွန်းထုတ်လိုက်ပါတယ်။

အမေရိကန်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက် အမှတ် ၂၅ အရ၊ သမ္မတကို အုပ်ချုပ်ရေးတာဝန်တွေကနေ ဖယ်ရှားပြီး၊ သမ္မတရဲ့ အစိုးရအဖွဲ့ ဒါမှမဟုတ် လွှတ်တော်အနေနဲ့ ကြားဝင်ဆောင်ရွက်ဖို့ကို ခွင့်ပြုတဲ့ ကော်မရှင်တရပ်ဖွဲ့စည်းနိုင်မယ့် ဥပဒေတရပ်ကို အောက်လွှတ်တော်ဥက္ကဋ္ဌ Pelosi က ကြေငြာပါတယ်။

သမ္မတထရမ့်အနေနဲ့ ကိုဗစ် ၁၉ ရောဂါကူးစက်ခံရပြီးတဲ့နောက် သူရဲ့ ကျန်းမာရေးအခြေအနေကို လူထုသိအောင် ပိုပြီးတော့ ပွင့်ပွင့်လင်းလင်း ပြောဖို့လိုတယ်လို့ အောက်လွှတ်တော်ဥက္ကဋ္ဌ Pelosi က ပြောပါတယ်။ အမေရိကန်သမ္မတရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာ ၃ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး အဲဒီလို ရွေးကောက်ပွဲကျင်းပဖို့ သီတင်းပတ်အနည်းငယ်ပဲလိုတော့တဲ့အချိန်မှာ အောက်လွှတ်တော်ဥက္ကဋ္ဌက အခုလို ပြောလိုက်တာပါ။

အဲဒီလိုပြောပြီး သိပ်မကြာခင်မှာပဲ သမ္မတထရမ့်ကတော့ Nancy Pelosi ရဲ့ကျန်းမာရေးကိုပဲ စောင့်ကြည့်သွားသင့်တယ်လို့ တွစ်တာကနေ တုံ့ပြန်ခဲ့ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/pelosi-25th-amendement/5615042.html

သမ္မတထရမ့် ကျန်းမာရေးအခြေအနေအပေါ် လွှတ်တော်ဥက္ကဋ္ဌ မေးခွန်းထုတ် သမ္မတထရမ့် ကျန်းမာရေးအခြေအနေအပေါ် လွှတ်တော်ဥက္ကဋ္ဌ မေးခွန်းထုတ် Reviewed by THITHTOOLWIN on 23:30 Rating: 5

No comments:

Powered by Blogger.