တောင်ကုတ်မြို့တွင် အစာမှား၍ ဝမ်းလျှောရာမှ လူ ၃၄ ဦး ဆေးရုံတင်ခဲ့ရ

နိရဥၥရာ၊ စက္တင္ဘာ ၁ဝ/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ ဂူဒါရပ်ကွက်မှ လူပေါင်း ၃၄ ဦးကို အစားအစာမှားပြီး ဝမ်းလျှောရာမှ  တောင်ကုတ်ဆေးရုံတွင် ယမန့်နေ့ ညနေ ၅ နာရီခန့်က ဆေးကုသမှုခံယူခဲ့ရကြောင်း သတင်းရရှိသည်။

ဝမ်းလျှောသူ ၃၄ ဦးတွင် ၁၁ ဦးမှာ ပြင်းထန်သဖြင့် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရကြောင်း၊ သို့သော်လည်း စိုးရိမ်စရာမရှိကြောင်း တောင်ကုတ်မြို့ ဂူဒါရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က ပြောသည်။

“ခေါက်ဆွဲမှာ ဂေါ်ဖီ၊ မုလာဥ နီ၊ ပဲသီး၊ ကြက်ဥတွေနဲ့ ရောကြော်ပြီး ကျွေးခဲ့ကြတာ။ လုပ်ကျွေးတဲ့လူရော စားတဲ့ လူအကုန်လုံး ဆေးရုံတင်လိုက်ရတာ။ ကားနဲ့ သုံးခေါက်ပို့ပေးရတယ်။ ဂေါ်ဖီကဖြစ်တာလို့ ဆေးရုံက သုံးသပ်ကြတယ်” ဟု ၎င်းက ပြောသည်။

အရေးပေါ်ဆေးကုသမှုခံယူပြီး အိမ်ပြန်ခဲ့ရသူများလည်း ရှိကြောင်း၊ အတွင်းလူနာအဖြစ် ကုသမှုခံယူနေရသူများမှာလည်း စိုးရိမ်စရာမရှိတော့ကြောင်း ၎င်းက ပြောသည်။

၎င်းတို့သည် ခေါက်ဆွဲကြော်ကို စက်တင်ဘာ ၈ ရက်နေ့ ညနေ ၃ နာရီက ဆေးရုံသွားလမ်းအား ကွန်ကရစ် ခင်းနေသူ အလုပ်သမားများနှင့်အတူစားခဲ့ကြပြီး  စက်တင်ဘာ ၉ ရက်နေ့ ညနေရောက်မှ ဝမ်းလျှောခဲ့ကြခြင်း ဖြစ်သည်ဟု ၎င်းရပ်ကွက်မှမျက်မြင်များ၏ ပြောပြချက်အရ သိရသည်။

၎င်းရပ်ကွက်မှ ဒေါ်လှလှဝင်းက “အဲဒီလမ်းလုပ်တဲ့အလုပ်သမားတွေကို ရပ်ကွက်ထဲက စေတနာရှိတဲ့လူတွေက မုန့်တွေလုပ်ကျွေးကြတယ်။ အဲဒီ ၈ ရက်နေ့ နေ့လယ်ကလည်း ခေါက်ဆွဲကြော်ကျွေးကြတာ။ လုပ်ကျွေးတဲ့ သူတွေလည်း စားကြတာပဲ။ သူတို့အားလုံး နောက်တစ်နေ့ စက်တင်ဘာ ၉ ရက်နေ့  တစ်ရက်တည်းမှာ အကုန်ဝမ်းလျှောကြတယ်။ အကုန်ဆေးရုံတင်ရတယ်” ဟု ပြောသည်။


အိမ်စိုးဖြူ

Narinjara

https://www.facebook.com/narinjara.info

တောင်ကုတ်မြို့တွင် အစာမှား၍ ဝမ်းလျှောရာမှ လူ ၃၄ ဦး ဆေးရုံတင်ခဲ့ရ တောင်ကုတ်မြို့တွင် အစာမှား၍ ဝမ်းလျှောရာမှ လူ ၃၄ ဦး ဆေးရုံတင်ခဲ့ရ Reviewed by THITHTOOLWIN on 21:59 Rating: 5

No comments:

Powered by Blogger.