ထိုင်းနိုင်ငံပြန် စောင့်ကြည့်သူတွေထဲ ၆၅ဦး ကိုဗစ်ပိုးတွေ့ခဲ့

ကိုဗစ်ကာလအတွင်း ထိုင်းမြန်မာနယ်စပ်ကနေ နေရပ်ပြန်မြန်မာ အလုပ်သမားများ။ (စက်တင်ဘာ ၁၆၊ ၂၀၂၀)

ထိုင်းမြန်မာနယ်စပ် မြဝတီမြို့ကို ဒီရက်ပိုင်းအတွင်း ထိုင်းနိုင်ငံက ပြန်လာပြီး စောင့်ကြည့်ရေးစင်တာ ဝင်နေကြတဲ့ မြန်မာမိသားစုရဲ့ နှစ်နှစ်အရွယ်ကလေးမှာ ကိုဗစ်ကပ်ရောဂါပိုးတွေ့ရှိခဲ့ပါတယ်။ ကိုဗစ်အရေးပေါ်ကာလအတွင်းမှာ ထိုင်းနိုင်ငံက ပြန်လာသူတွေထဲက ကပ်ရောဂါပိုးတွေရှိသူ ၆၅ ဦး ရှိပြီလို့ မြန်မာအာဏာပိုင်တွေက ဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက တင်ဆက်ပေးပါမယ်။

ထိုင်းနိုင်ငံကနေ နေရပ်ပြန်လာကြတဲ့သူတွေထဲက ကပ်ရောဂါပိုး ထပ်မံတွေ့ရှိသူတွေလည်းပါဝင်တာပါ။ ထိုင်းနိုင်ငံမှာ ရက်ပေါင်း ၁၀၀ ကျော်အတွင်း ပြည်တွင်းကူးစက်မှု မရှိတာကြောင့် ကန့်သတ်ချက်တွေ ဖြေလျော့ပေးနေချိန်မှာပဲ ထိုင်းမြန်မာနယ်စပ်က တဆင့်မြန်မာနိုင်ငံဘက်ကို ပြန်သွားသူတွေထဲမှာ ရောဂါပိုးတွေရှိသူတွေ ရှိတယ်လို့ မြဝတီခရိုင်အုပ်ချုပ်ရေးမှူးဦးတေဇာအောင်က ပြောပြပါတယ်။

"ပထမ အသုတ်မှာ ပါတယ်ဆိုရင် အားလုံး ၆၅ ယောက်ပါ.. ၃လပိုင်း ၄လပိုင်းတုန်းက တံတား ၁ မှာ တယောက် တံတား ၂ မှာ တယောက် မြဝတီစာရင်းပေါက်ပြီး ဘုရားသုံးဆူမှာဝင်တာက တယောက် ၃ ယောက် မြဝတီတံတား ၂ က ဝင်တာက ၆၂ ယောက် တနေ့က တွေတဲ့ ကလေးလေး အပါအဝင်ပေါ့ နောက်ဆုံးဝင်တဲ့ တယောက်က ကော့ကရိပ်တယောက်တံတား ၂ က မဝင်ဘဲ ကာဂိုဘက်က ဝင်လိုအမှု ဖွင့်ပြီး အခု ဆေးရုံတက်နေတယ် တနေ့က ဝင်တဲ့ ကလေးတယောက်လည်း ဆေးရုံတက်နေတယ်။ ကျန်တဲ့ သူတွေကဆေးရုံက ဆင်းပါပြီ။ မလေးရှာနယ်စပ်က IDC ၃၅ ဦးတုန်းက ပေါ့စတစ်၂၄ ဦးတွေ့တယ် သူတို့က မလေးနယ်စပ်မှာကတည်းက ပေါ့စတစ် ၃၄ ယောက်ရှိတာ သူတို့က စစ်ပြီးပြီး ပျောက်ပြီဆိုပြီး လွဲလိုက်တာ ကိုဗစ်မဖြစ်တော့ကြောင်း ဆာဒီဖီကိတ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ဆီ ပြန်ရောက်တော့ပြန်စစ်တော့ ၂၄ ယောက်မှာ ကပ်ရောဂါပိုးပြန်တွေ့တာပါ။"

ဒီရက်ပိုင်းအတွင်းမှာ ထိုင်းနိုင်ငံ အယုဒယမြို့ကနေ မြန်မာပြည်နေရပ် ပြန်တဲ့မိသားစုတစုကနေ ၂နှစ်အရွယ်ကလေးငယ်မှာ ပေါ့စတစ်တွေ့တယ်ဆိုပြီး ထိုင်းသတင်းတွေမှာလည်းဖော်ပြနေကြပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ ကရင်ပြည်နယ်မြဝတီဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒဝင်းကလည်း အခုလိုပြောပါတယ်။

"တယောက်ပဲ ရှိတယ်။ မြဝတီစောင့်ကြည့်စင်တာမှာ တနေ့ တနေ့ ထောင်နဲ့ ချီဝင်တာ ရှိတယ်။ ရာနဲ့ ချီပြီး ဝင်တာလည်းရှိတယ်။ စောင့်ကြည့်စင်တာ ဝင်ထားတယ်။ အဲဒီလူတွေထဲမှာအခု တယောက်စ တွေ့ပါတယ် ခင်ဗျာ။ အဲဒီမတိုင်ခင်အရင် အရင်လတွေမှာလည်း တွေ့ဘူးတာတွေလည်း ရှိပါတယ်။"

ထိုင်းမြန်မာယ်စပ် ကရင်ပြည်နယ် မြဝတီခရိုင်ဘက်မှာတော့ ညမထွက်ရအမိန့်ကို စက်တင်ဘာလ ၁၅ ရက်ကစပြီး သက်တမ်းထပ်တိုးလိုက်ပါတယ်။ ထိုင်းမြန်မာနယ်စပ်မှာတော့ ထိုင်းဘက်က လုံခြုံရေးတွေ ပိုးတင်းကြပ်နေပြီး အဖမ်းအဆီးတွေလည်း ဆက်တိုက်ရှိနေပါတယ်။ ဒီရက်ပိုင်းအတွင်း မြန်မာပြည်မှာ ပိုးတွေ့ရှိသူများလာတဲ့အတွက် ထိုင်းနိုင်ငံဘက်က နယ်စပ်တလျှောက် တင်းကြပ်မှုတွေ ပိုလုပ်လာတာဖြစ်ပါတယ်။


မအေးအေးမာ/VOA (Burmese)

https://burmese.voanews.com/a/thai-myanmar-order-covid/5585456.html

ထိုင်းနိုင်ငံပြန် စောင့်ကြည့်သူတွေထဲ ၆၅ဦး ကိုဗစ်ပိုးတွေ့ခဲ့ ထိုင်းနိုင်ငံပြန် စောင့်ကြည့်သူတွေထဲ ၆၅ဦး ကိုဗစ်ပိုးတွေ့ခဲ့ Reviewed by THITHTOOLWIN on 19:48 Rating: 5

No comments:

Powered by Blogger.