ထိုင်းအကျဉ်းထောင်က မြန်မာ ၈၀ ကျော် မြန်မာဘက်လွှဲပြောင်း

ထိုင်းအကျဉ်းထောင်ကနေ မြန်မာနိုင်ငံသားတွေကို မြန်မာဘက် လွှဲပြောင်းပေးတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - မြန်မာအလုပ်သမားသံအရာရှိဦးကျော်စိုးဝေ - စက်တင်ဘာ ၀၉၊ ၂၀၂၀)

ပြစ်မှုအမျိုးမျိုးနဲ့ ထိုင်းအကျဉ်းထောင်တွေမှာ အကျဉ်းကျနေတဲ့ ထိုင်းတောင်ပိုင်းက မြန်မာအကျဉ်းသား ၈၀ ကျော်ကို မြန်မာအလုပ်သမားသံအရာရှိတွေနဲ့ ရနောင်းအာဏာပိုင်တွေပူးပေါင်းပြီး မြန်မာပြည်ကော့သောင်းဘက်ကို ဒီရက်ထဲမှာပဲ လွှဲပြောင်းပေးလိုက်တဲ့သတင်းကိုတင်ပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကိုဗစ်အရေးပေါ်ကာလအတွင်း ပိတ်မိနေတဲ့ ထိုင်းအကျဉ်းထောင်အသီးသီးမှာ ပြစ်မှုမျိုးစုံနဲ့ အကျဉ်းကျနေတဲ့ မြန်မာနိုင်ငံသားတွေထဲက အကျဉ်းသား ၈၀ ကျော်ကို လေးကြိမ်မြောက်အဖြစ် စက်တင်ဘာလ ၇ ရက်နေ့က ရနောင်းခရိုင်ကနေတဆင့် မြန်မာပြည်ဘက်ကို လွှဲပြောင်းပေးလိုက်ကြောင်း ကော့သောင်းမြို့ ပညာရေးနဲ့ ဖွံဖြိူးရေးဖောင်ဒေးရှင်း ပညာပေးရေးစင်တာတာဝန်ခံဦးမိုးဝေက အခုလိုပြောပြပါတယ်။

"ကျနော်တို့ ထိုင်းထဲမှာ ၁၄ ပြည်နယ်ထဲမှာ ပိတ်မိနေတဲ့ အကျဉ်းသားတွေထဲက ထိုင်းထဲမှာသွားလို့လည်း မရဘူး။ မြဝတီဘက်လည်း သွားမရဘူး၊ ပြည်တွင်းထဲ သွားမရဘူး။ အများအားဖြင့် ကျနော်တို့ တနင်္သာရီတိုင်းက များတယ်။ အားလုံးပေါင်း ၈၆ ဦး၊ ခေါ်ထုတ်ပေးတယ် မိန်းကလေးက ၇ ဦးပါတယ်။ ပြီးခဲ့တဲ့အခေါက်က ပိတ်မိနေတာ ကျနော်တို့ဒီဘက်ကလည်းလက်မခံနိုင်ဘူး။ Quarantine စင်တာကလည်း ထွက်တဲ့သူ မရှိတော့ ပိတ်မိနေတာများတယ်လူ ၈၀၃ ယောက်ရှိတယ်။ ကျနော်တို့ စာရင်းရထားတာ ရှိတယ်။ ထိုင်းဘက်ကလည်းကျနော်တို့ဘက်က လက်မခံတော့ ဟိုဘက်လဝကကတဆင့် ပြီးခဲ့တဲ့အခေါက်တုန်းကတော့ တခေါက်ကို လူ ၄၀ နဲ့ ၄ ခေါက် မြဝတီလမ်းဘက်က ပို့လိုက်တယ်။ ပေးတာ အလကားမရဘူး။ တယောက်ကို ဘတ် ၈,၀၀၀ ပေးရတယ်။ အဲဒီမှာထောင်လည်းကျသေးတယ်။ အခက်အခဲလည်း ကြုံသေးတယ်။ လမ်းစရိတ်ဆိုလို့ တယောက် ၅,၀၀၀ လည်းပေးရတော့ အခက်အခဲတွေ ရှိတယ်။"

မြန်မာနိုင်ငံဘက်က Quarantine ဝင်ရတဲ့ရက်ကို ၂၁ ရက်အစား ၁၄ ရက်ပဲ ထားတော့မဲ့ အခြေအနေ ရှိလာတဲ့အတွက် လတ်တလော ပိတ်ထားတဲ့ကျောင်းတွေ ပြန်မဖွင့်ခင်အထိ Quarantine နေရာအဖြစ် အသုံးပြုခွင့်ရနေသေးတော့ အရင်ကထက် ရနောင်းဘက်ကနေ နေရပ်ပြန်ကိစ္စ ပိုအဆင်ပြေဖို့ အလားအလာရှိတဲ့အကြောင်း မြန်မာအလုပ်သမားသံအရာရှိတွေက ဆိုပါတယ်။

အခုဆိုရင်ကိုဗစ်အရေးပေါ်ကာလအတွင်းမှာ လွတ်ရက်စေ့ပြီး ပိတ်မိနေတဲ့ အကျဉ်းသား ၄၀၀ လောက်ကိုတော့ ရနောင်းကော့သောင်းလမ်းကနေ ပို့ခဲ့ပြီးပြီလို့ဆိုပါတယ်။


မအေးအေးမာ/VOA (Burmese)

https://burmese.voanews.com/a/thai-myanmar-covid/5576523.html

ထိုင်းအကျဉ်းထောင်က မြန်မာ ၈၀ ကျော် မြန်မာဘက်လွှဲပြောင်း ထိုင်းအကျဉ်းထောင်က မြန်မာ ၈၀ ကျော် မြန်မာဘက်လွှဲပြောင်း Reviewed by THITHTOOLWIN on 19:14 Rating: 5

No comments:

Powered by Blogger.