မုန်တိုင်း Sinlaku မြန်မာနိုင်ငံဘက် ဦးတည် တိုက်ခတ်နေ

ထိုင်းမြောက်ပိုင်း Loei ပြည်နယ်အတွင်း တနင်္လာနေ့က Sinlaku မုန်တိုင်းကြောင့် ရေကြီးစဉ်(Photo: Loei Public Relations Office Facebook account)

ဒီ သီတင်းပတ်ကုန်က ထိုင်းနိုင်ငံမြောက်ပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ Sinlaku မုန်တိုင်းဟာ တနင်္လာနေ့က မြန်မာနိုင်ငံဘက်ကို ဆက်လက်ရွေ့လျားနေတယ်လို့ ထိုင်း မိုးလေဝသဌာနက ပြောပါတယ်။ Sinlaku မုန်တိုင်းကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်း ပြည်နယ် ၁၈ ခုမှာ မိုးသည်းထန်၊ရေကြီးခဲ့တာကြောင့် အိမ်ခြေပေါင်းရာနဲ့ချီ ပျက်စီးခဲ့ရသလို အနည်းဆုံး လူ ၂ ယောက်သေဆုံးရကြောင်း အာဏာပိုင် တွေက ပြောပါတယ်။

တနင်္ဂနွေနေ့တုန်းက အဲဒီကျေးလက်ဒေသတွေမှာ မိုးသည်းထန်တဲ့အတွက် ခါးလောက်ထိရှိတဲ့ ရွှံ့ရည်တွေ အိမ်တွေထဲထိ ရောက်ကုန်တာပါ။မုန်တိုင်းဒဏ်အဆိုးဆုံးခံရတဲ့ Loei ပြည်နယ်ကရွာသားတွေကို ထိုင်းစစ်သားတွေကလှေတွေနဲ့ကယ်ဆယ်ခဲ့ရသလို ထောက်ပံ့ရေး ပစ္စည်းတွေကိုလည်း ပေးအပ်ခဲ့ပါတယ်။ မုန်တိုင်းကြောင့် သစ်ပင်တွေ အမြစ်ကကျွတ်ထွက်ခဲ့သလို လျှပ်စစ်ဓါတ်အားပေးတိုင်တွေ လဲကျခဲ့ပြီး အိမ်ခေါင်မိုးလန်ထွက်တာကို တွေခဲ့ရပါတယ်။

Sinlaku မုန်တိုင်းက လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေကိုပါ ဝင်ရောက်တိုက်ခတ်ခဲ့တာဖြစ်ပြီး ဗီယက်နမ်နိုင်ငံ Hoa Binh နဲ့ Quang Ninh ပြည်နယ်တွေမှာအနည်းဆုံးလူ၂ယောက်သေဆုံးခဲ့တယ်လို့ ဗီယက်နမ်အသံသတင်းဌာန(VOV) ကပြောပါတယ်။နိုင်ငံမြောက်ပိုင်း တောင်ကုန်းထူထပ်တဲ့ဒေသတွေမှာ မိုးကြောင့်ရေကြီး၊မြေပြိုတာတွေဖြစ်နိုင်တယ်လို့လည်း အာဏာပိုင်တွေက သတိပေးခဲ့ပါတယ်။

Sinlaku မုန်တိုင်းကြောင့် ထိုင်းမြောက်ပိုင်းနဲ့ အနောက်မြောက်ပိုင်းက ပြည်နယ်အများစုပါဝင်တဲ့ ပြည်နယ် ၄၄ ခုမှာ မိုး ကြီးမယ်လို့ ထိုင်း မိုးလေဝသဌာနက ခန့်မှန်းထားချိန်မှာပဲ Pua ခရိုင်ထဲကို မုန်တိုင်း ဝင်ရောက်သွားချိန်မှာ အားပျော့သွားခဲ့တယ် လို့လည်း ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
မုန်တိုင်း Sinlaku မြန်မာနိုင်ငံဘက် ဦးတည် တိုက်ခတ်နေ မုန်တိုင်း Sinlaku မြန်မာနိုင်ငံဘက် ဦးတည် တိုက်ခတ်နေ Reviewed by THITHTOOLWIN on 17:41 Rating: 5

No comments:

Powered by Blogger.