နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်နှင့် တပ်မတော်တို့အား AA အကြမ်းဖက်သောင်းကျန်းသူများအဖွဲ့က နှစ်ရက်ဆက်တိုက် ချောင်းမြောင်းပစ်ခတ်၊ အရာရှိ စစ်သည်နှင့် ရဲများ ကျဆုံး


ရန်ကုန်၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

    ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း သြဂုတ် ၂ ရက်နှင့် ၃ ရက် နှစ်ရက်ဆက်တိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်နှင့် တပ်မတော်တို့အား AA အကြမ်းဖက်သောင်းကျန်းသူများအဖွဲ့ကချောင်းမြောင်းပစ်ခတ်သဖြင့် နှစ်ဘက် ထိတွေ့မှုဖြစ်ပွားပြီးနောက် အရာရှိ စစ်သည်များနှင့် အရာရှိ ရဲတပ်ဖွဲ့များ ကျဆုံးခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆင်ဟွာသို့ပြောကြားသည်။

" သြဂုတ် ၂ ရက်နေ့က မနက် ၁၀နာရီကျော်က တစ်ကြိမ်၊ နောက်နေ့လည် ၂ နာရီက တစ်ကြိမ် နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို AA အကြမ်းဖက်သောင်းကျန်းသူများအဖွဲ့က ချောင်းပစ်တယ်၊ အဲမှာ ရဲအရာရှိ ၃ ဦးကျခဲ့တယ်၊ သြဂုတ် ၃ ရက်နေ့မှာလည်း နယ်ခြားစောင့်ရဲ၊ တပ်မတော်၊ လဝက ပါတဲ့ ပူးပေါင်းအဖွဲ့ကို ထပ်ချောင်းပစ်တယ်၊ အဲမှာလည်း တပ်မတော်အရာရှိ၊ ရဲအရာရှိတွေ ကဆုံးတာရော၊ ပျောက်ဆုံးတာရော ရှိတယ်၊ လဝက တစ်ဦးလည်း သေဆုံးခဲ့တယ်" ဟု  ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုသည်။

သြဂုတ် ၂ ရက် နံနက် ၁၀ ကျော်နှင့် နေ့လည် ၂ နာရီခန့်က အင်းဒင်ကျေးရွာ၏ အရှေ့မြောက်ဘက် ရသေ့တောင်မြို့နယ်အတွင်းရှိ မေယုတောင်တန်းပေါ်၌ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကို AA အကြမ်းဖက်သောင်းကျန်းသူများက ၂ ကြိမ်ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကြောင့် ရဲအရာရှိ(၃) ဦးကျဆုံးကြောင်း ၊ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ တပ်မတော်စစ်ကြောင်းများက စစ်ကူ၊ ပစ်ကူပေးခဲ့ပြီး လိုအပ်သည့်အကြမ်းဖက်နှိမ်နင်းမှုစစ်ဆင်ရေး Counter-terrorism Operation ပြုလုပ်လျက်ရှိကြောင်း သိရသည်။

အလားတူ အင်းဒင်ကျေးရွာအနီး၌ သြဂုတ် ၃ ရက် နေ့လည် ၁၂ နာရီခန့်က တပ်မတော်၊ ရဲနှင့် အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့ကို  AA အကြမ်းဖက်သောင်းကျန်းသူများအဖွဲ့က ထပ်မံချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်၊ ရဲအရာရှိနှင့် လဝက ဝန်ထမ်း အကျဆုံးရှိသည့်အပြင် ပျောက်ဆုံးမှုများလည်း ရှိခဲ့ကြောင်း  ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုသည်။

ယနေ့(သြဂုတ် ၄ ရက်)တွင် တိုက်ပွဲဖြစ်ပွားမှု ဆက်လက်မရှိသော်လည်း တပ်မတော်မှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက်ရှိနေကြောင်း ၎င်းကပြောသည်။  

(Xinhua)
နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်နှင့် တပ်မတော်တို့အား AA အကြမ်းဖက်သောင်းကျန်းသူများအဖွဲ့က နှစ်ရက်ဆက်တိုက် ချောင်းမြောင်းပစ်ခတ်၊ အရာရှိ စစ်သည်နှင့် ရဲများ ကျဆုံး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်နှင့် တပ်မတော်တို့အား AA အကြမ်းဖက်သောင်းကျန်းသူများအဖွဲ့က နှစ်ရက်ဆက်တိုက် ချောင်းမြောင်းပစ်ခတ်၊ အရာရှိ စစ်သည်နှင့် ရဲများ ကျဆုံး Reviewed by THITHTOOLWIN on 17:34 Rating: 5

No comments:

Powered by Blogger.