မြန်မာ COVID-19 ရောဂါကူးစက်သူ ၅ ဦးထပ်တိုးပြီး စုစုပေါင်း ၃၂၆ ဦးရှိပြီ


(Unicode)⤵⤵⤵
မြန်မာနိုင်ငံမှာ COVID-19 ရောဂါ အတည်ပြုလူနာ နောက်ထပ် ငါး ယောက်တိုးတာကြောင့် စုစုပေါင်း ရောဂါဖြစ်သူ ၃၂၆ ယောက် ရှိသွားပါပြီ။

အတည်ပြုလူနာသစ် ငါး ယောက်မှာ အိန္ဒိယကို သွားခဲ့သူ အမျိုးသား နှစ် ယောက်နဲ့ အမျိုးသမီး တစ် ယောက်။ ဘင်္ဂလားဒေရှ့်ကို သွားခဲ့သူ အမျိုးသား နှစ် ယောက်ဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

သူတို့အားလုံးဟာ အသွားအလာ ကန့်သတ်ထားသူတွေဖြစ်ပြီး အိန္ဒိယပြန် သုံးဦးကို တောင်ဥက္ကလာပ အထူးကုဆေးရုံကြီးနဲ့ ဘင်္ဂလားဒေ့ရှ်က ပြန်လာသူနှစ်ဦးကို မောင်တောမြို့၊ ခရိုင်ပြည်သူ့ဆေးရုံမှာ တင်ပြီးတော့ ဆေးကုသပေးမယ်လို့ ကျန်းမာရေးဌာနကပြောပါတယ်။
ဒီကနေ့အတွက် ရန်ကုန် အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနမှာ (ပထမအသုတ်) ဓာတ်ခွဲနမူနာ ၆၅၄ ခု၊ ဆေးသုတေသနဦးစီးဌာနမှာ ဓာတ်ခွဲနမူနာ ၂၀၉ ခု၊ မန္တလေးမြို့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာနမှာဓာတ်ခွဲနမူနာ ၁၄၀ ခု၊ မော်လမြိုင်မြို့ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာနမှာ ဓာတ်ခွဲနမူနာ ၁၀၃ ခုနဲ့ရန်ကုန်မြို့အမှတ် (၁) တပ်မတော်ဆေးရုံကြီးမှာ ဓာတ်ခွဲနမူနာ ၁၉၆ ခု၊ စုစုပေါင်း ၁,၃၀၂ ကို ညနေပိုင်းမှာ စစ်ဆေးပြီးစီးခဲ့တာဖြစ်ပါတယ်။

ဒီနေ့ သောကြာနေ့ ညပိုင်းအထိ မြန်မာနိုင်ငံမှာCOVID-19ရောဂါပိုးကင်းစင်သွားသူက ၂၅၆ ယောက်ရှိပါတယ်။ သေဆုံးခဲ့သူက ခြောက် ယောက်ရှိပါတယ်။

ဗွီအိုအေ ( မြန်မာပိုင်း)
-------------------------------------
(Zawgyi)⤵⤵⤵
ျမန္မာ COVID-19 ေရာဂါကူးစက္သူ ၅ ဦးထပ္တိုးၿပီး စုစုေပါင္း ၃၂၆ ဦးရွိၿပီ

ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါ အတည္ျပဳလူနာ ေနာက္ထပ္ ငါး ေယာက္တိုးတာေၾကာင့္ စုစုေပါင္း ေရာဂါျဖစ္သူ ၃၂၆ ေယာက္ ရွိသြားပါၿပီ။

အတည္ျပဳလူနာသစ္ ငါး ေယာက္မွာ အိႏၵိယကို သြားခဲ့သူ အမ်ိဳးသား ႏွစ္ ေယာက္နဲ႔ အမ်ိဳးသမီး တစ္ ေယာက္။ ဘဂၤလားေဒရွ႕္ကို သြားခဲ့သူ အမ်ိဳးသား ႏွစ္ ေယာက္ျဖစ္တယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

သူတို႔အားလုံးဟာ အသြားအလာ ကန႔္သတ္ထားသူေတြျဖစ္ၿပီး အိႏၵိယျပန္ သုံးဦးကို ေတာင္ဥကၠလာပ အထူးကုေဆး႐ုံႀကီးနဲ႔ ဘဂၤလားေဒ့ရွ္က ျပန္လာသူႏွစ္ဦးကို ေမာင္ေတာၿမိဳ႕၊ ခ႐ိုင္ျပည္သူ႔ေဆး႐ုံမွာ တင္ၿပီးေတာ့ ေဆးကုသေပးမယ္လို႔ က်န္းမာေရးဌာနကေျပာပါတယ္။

ဒီကေန႔အတြက္ ရန္ကုန္ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲဌာနမွာ (ပထမအသုတ္) ဓာတ္ခြဲနမူနာ ၆၅၄ ခု၊ ေဆးသုေတသနဦးစီးဌာနမွာ ဓာတ္ခြဲနမူနာ ၂၀၉ ခု၊ မႏၲေလးၿမိဳ႕ ျပည္သူ႔က်န္းမာေရးဓာတ္ခြဲဌာနမွာဓာတ္ခြဲနမူနာ ၁၄၀ ခု၊ ေမာ္လၿမိဳင္ၿမိဳ႕ျပည္သူ႔က်န္းမာေရးဓာတ္ခြဲဌာနမွာ ဓာတ္ခြဲနမူနာ ၁၀၃ ခုနဲ႔ရန္ကုန္ၿမိဳ႕အမွတ္ (၁) တပ္မေတာ္ေဆး႐ုံႀကီးမွာ ဓာတ္ခြဲနမူနာ ၁၉၆ ခု၊ စုစုေပါင္း ၁,၃၀၂ ကို ညေနပိုင္းမွာ စစ္ေဆးၿပီးစီးခဲ့တာျဖစ္ပါတယ္။

ဒီေန႔ ေသာၾကာေန႔ ညပိုင္းအထိ ျမန္မာႏိုင္ငံမွာCOVID-19ေရာဂါပိုးကင္းစင္သြားသူက ၂၅၆ ေယာက္ရွိပါတယ္။ ေသဆုံးခဲ့သူက ေျခာက္ ေယာက္ရွိပါတယ္။

ဗြီအိုေအ ( ျမန္မာပိုင္း)
https://burmese.voanews.com/a/myanmar-covid/5497586.html
မြန်မာ COVID-19 ရောဂါကူးစက်သူ ၅ ဦးထပ်တိုးပြီး စုစုပေါင်း ၃၂၆ ဦးရှိပြီ မြန်မာ COVID-19 ရောဂါကူးစက်သူ ၅ ဦးထပ်တိုးပြီး စုစုပေါင်း ၃၂၆ ဦးရှိပြီ Reviewed by THITHTOOLWIN on 04:28 Rating: 5
Powered by Blogger.