ဟောင်ကောင်သားတွေကို ယူကေနိုင်ငံသားဖြစ်ခွင့် ဘာ့ကြောင့်ပေးရတာလဲ

နိုင်ငံသားဖြစ်ခွင့်ပေးဖို့ ကိစ္စကို ၁၉၉၇ ခုနှစ် ဟောင်ကောင်ကို တရုတ်လက်အောက် ပြန်အပ်တဲ့ အချိန်က တောင်းဆိုမှုတွေ ရှိခဲ့ပေမယ့် ယူကေအစိုးရက မပေးခဲ့
(Unicode)⤵⤵⤵
ဟောင်ကောင်သား သုံးသန်းလောက်အထိ ယူကေက နိုင်ငံသားဖြစ်ခွင့်ပေးမယ်ဆိုတဲ့ကိစ္စဟာ ယူကေအစိုးရအတွက် တကယ့်ကို ကြီးမားတဲ့ ခြေလှမ်းတစ်ခုပဲ ဖြစ်ပါတယ်။

ဟောင်ကောင်က ပိုဆိုးလာတဲ့ အခြေအနေတွေကို လွတ်မြောက်ဖို့အတွက် ဒီလောက်အထိများတဲ့ ဟောင်ကောင်သားတွေ ယူကေကို ရောက်လာလိမ့်မယ်လို့တော့ ယူကေအစိုးရနဲ့ ပါလီမန်တို့က မျှော်လင့်ထားတာတော့ မဟုတ်ပါဘူး။

အခုလို ယူကေအစိုးရက ဆုံးဖြတ်ချက် ချရတာဟာ လက်ရှိ ဟောင်ကောင်က လမ်းမတွေပေါ်က ရုန်းရင်းဆန်ခတ် ဖြစ်နေမှုတွေအပေါ် ယူကေအစိုးရက စိုးရိမ်မှုရှိလို့ ချက်ချင်း လုပ်ဆောင်မှု တစ်ခုလို့ ဆိုနိုင်ပါတယ်။

ဒါပေမဲ့ ဒီ ဆုံးဖြတ်ချက်ဟာ ဟောင်ကောင်ကို ယူကေက အုပ်ချုပ်ခဲ့တဲ့ အခြေအနေနဲ့လည်း သက်ဆိုင်နေပြီး ဒီလို နိုင်ငံသားဖြစ်ခွင့်ပေးဖို့ ကိစ္စကို ၁၉၉၇ ခုနှစ် ဟောင်ကောင်ကို တရုတ်လက်အောက် ပြန်အပ်တဲ့ အချိန်က တောင်းဆိုမှုတွေ ရှိခဲ့ပေမဲ့ ယူကေအစိုးရက မပေးခဲ့ပါဘူး။

အခုလို ဟောင်ကောင်ကို ပြန်အပ်တဲ့ အချိန်က ဟောင်ကောင်ရဲ့ တစ်စိတ်တစ်ပိုင်း ဒီမိုကရေစီ ကျင့်သုံးမှုနဲ့ ဈေးကွက်စီးပွားရေးကို တရုတ်အစိုးရက ဆက်ထိန်းထားမယ်ဆိုတဲ့ ကတိပြုချက်နဲ့ ပေးခဲ့တာ ဖြစ်ပြီး အဲဒီ အခြေအနေတွေကတော့ လတ်တလော နှစ်တွေ အတွင်းမှာ သိသိသာသာ ယိုယွင်းလာခဲ့ပါတယ်။
၂၀၁၅ ကမှ ယူကေ ဝန်ကြီးချုပ် ဒေးဗစ် ကန်မရွန်က တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ကော်ဇောနီနဲ့သာမက ဘုရင်မကြီးရဲ့ ရွှေမြင်းလှည်းနဲ့ပါ ကြိုဆိုခဲ့
အပြောင်းအလဲများခဲ့တဲ့ ယူကေ ပါလီမန်အတွင်းက တရုတ်အပေါ် သဘောထား

လက်ရှိ ဟောင်ကောင်သားတွေကို ယူကေနိုင်ငံသားဖြစ်ခွင့်ပေးမယ့် ကိစ္စ ကြေညာချိန်မှာ ပါလီမန်အတွင်း အမတ်တစ်ယောက်မှ ကန့်ကွက်ခြင်း မရှိခဲ့တာကလည်း သတိပြုစရာ တစ်ခု ဖြစ်ပြီး လတ်တလော ယူကေ-တရုတ် ဆက်ဆံရေး ဆိုးရွားနေခဲ့တာကိုလည်း ရောင်ပြန်ဟပ်နေပါတယ်။

တကယ်တမ်းဆိုရင် မကြာသေးခင် ၂၀၁၅ ကမှ ယူကေ ဝန်ကြီးချုပ် ဒေးဗစ်ကန်မရွန်က တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ကော်ဇောနီနဲ့သာမက ဘုရင်မကြီးရဲ့ ရွှေမြင်းလှည်းနဲ့ပါ ကြိုဆိုခဲ့တာ ဖြစ်ပြီး ဒီလိုမတိုင်ခင်ကလေးမှာပဲ ယူကေ ဘဏ္ဍာရေးဝန်ကြီး ဂျော့အော့စ်ဘွန်းက တရုတ်နိုင်ငံကို ငါးရက်ခရီးစဉ် သွားရောက်ထားခဲ့တာ ဖြစ်ပါတယ်။

အဲဒီအချိန်က ယူကေအနေနဲ့ တရုတ်ရဲ့ လူ့အခွင့်အရေး မူဝါဒတွေကို ဝေဖန်တာထက် တရုတ်နဲ့ စီးပွားရေးလုပ်ဖို့ကို ပိုပြီး ဦးစားပေးခဲ့ပုံရတဲ့အတွက် တရုတ်အစိုးရအတွက်ပိုပြီး နိုင်ငံရေးအမြတ်ထွက်ခဲ့တယ်ဆိုပြီး ယူကေသတင်းစာတချို့က ရေးသားခဲ့ပါသေးတယ်။

လက်ရှိကာလမှာတော့ အဲဒီအချိန်က တရုတ်နဲ့ စီးပွားရေးလုပ်ဖို့ဘက်ကို ဦးစားခဲ့တဲ့ အမတ်တွေအပါအဝင် ကွန်ဇားဗတစ် ပါတီအမတ်တွေက တစ်ပါတီထဲက တက်လမ်းရှိတဲ့ အမတ်တွေနဲ့ပါ ပူးပေါင်းပြီး တရုတ်နဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်မှုတွေကို ကျယ်ကျယ်လောင်လောင်နဲ့ ပုံမှန် ဆန့်ကျင်နေကြပြီ ဖြစ်ပြီး အထူးသဖြင့် တရုတ်ကုမ္ပဏီ ဟွာဝေးကို ယူကေရဲ့ ပဉ္စမမျိုးဆက် ဖုန်းကွန်ရက်မှာ လုပ်ကိုင်ခွင့်ပေးမယ့် ကိစ္စကို ဆန့်ကျင်ကြတာ ဖြစ်ပါတယ်။

အခုလို ဟွာဝေးကို လုပ်ပိုင်ခွင့် ပေး မပေး ဆုံးဖြတ်ဖို့ ပါလီမန်အတွင်း ပြီးခဲ့တဲ့ မတ်လက မဲခွဲခဲ့ရာမှာလည်း ကွန်ဇားဗတစ်ပါတီ အမတ်တွေထဲက ၃၈ ယောက်က အစိုးရသဘောထားနဲ့ ဆန့်ကျင်ပြီး မပေးဖို့ဘက်က မဲပေးခဲ့ကြတာကို တွေ့ရပါတယ်။

ဒီလို မဲပေးခဲ့ရာမှာ အတိုက်အခံ အမတ်တွေ အပါအဝင် ပါလီမန်အတွင်း အစိုးရဘက်ကို ထောက်ခံတဲ့ မဲရရှိမှုက ၃၀၆ မဲ နဲ့ ဆန့်ကျင်တဲ့ဘက်က ၂၈၂ မဲရှိခဲ့ပြီး သိပ်မကွာတဲ့ အခြေအနေရှိခဲ့ရာမှာ အာဏာရ ကွန်ဇားဗတစ်ပါတီအတွင်းက အခုလို ပုန်ကန်တဲ့ အမတ်အင်အား ကောင်းခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

အဲဒီ အုပ်စုထဲက အမတ်တစ်ဦးကလည်း အစိုးရကို ဟောင်ကောင်ကိစ္စအပေါ် တုံ့ပြန်ဖို့အတွက် တွန်းအားပေးနေမှ ရတယ်လို့ ပြောဆိုခဲ့ပါတယ်။
ဟွာဝေးကို ယူကေမှာ လုပ်ပိုင်ခွင့် ပေး မပေး ဆုံးဖြတ်ဖို့ ပါလီမန်အတွင်း ပြီးခဲ့တဲ့ မတ်လက မဲခွဲခဲ့ရာမှာလည်း ကွန်ဇားဗတစ်ပါတီ အမတ်တွေထဲက ၃၈ ယောက်က အစိုးရသဘောထားနဲ့ ဆန့်ကျင်ပြီး မပေးဖို့ဘက်က မဲပေးခဲ့
တစ်ဖက်မှာလည်း တရုတ်နိုင်ငံဟာ စီးပွားရေး အင်အားကြီးနိုင်ငံကြီး ဖြစ်တယ်ဆိုတာ လျစ်လျူရှုလို့မရတဲ့ အခြေအနေဖြစ်ပြီး ကုန်သွယ်ရေးနဲ့ ရာသီဥတု ဖောက်ပြန်မှုဆိုင်ရာ ကိစ္စတွေမှာ တရုတ်နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ယူကေဝန်ကြီးတွေက စိတ်အားထက်သန်မှုလည်း ရှိနေကြပါတယ်။

ဒါ့အပြင် ယူကေဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ကိုယ်တိုင်ကလည်း “ကျွန်တော့ရဲ့ ရပ်တည်ချက်က အလွန့် အလွန် ရိုးရှင်းပါတယ်။ တရုတ်မုန်းတီးရေးဘက်ကိုတော့ ကျွန်တော် အပါမခံပါဘူး။ ဘာလို့လည်း ဆိုတော့ ကျွန်တော်က တရုတ်မုန်းတီးရေးသမား တစ်ယောက်လည်း မဟုတ်ဘူး” လို့ ဇွန်လ ၃၀ ရက်နေ့မှာ ပြောဆိုထားခဲ့ပါတယ်။

အစိုးရဘက်က သတင်းအရင်းအမြစ် တစ်ခုအရ ဆိုရင် ယူကေအစိုးရရဲ့ တရုတ်အပေါ်သဘောထားက တင်းမာလာတာ မဟုတ်ဘဲ တရုတ်အစိုးရရဲ့ ရပ်တည်ချက် တင်းမာမှု ပေါ်လာတာသာ ဖြစ်တယ်ဆိုပြီး ယူဆမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ယူကေအစိုးရရဲ့ ဟောင်ကောင်သားတွေကို ဖိတ်ခေါ်တဲ့ ဆုံးဖြတ်ချက်ဟာ ယူကေအစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေး မူဝါဒ အလှည့်အပြောင်းနဲ့လည်း အချိန်ကိုက်ဖြစ်နေပါတယ်။

ယူကေနိုင်ငံ ဥရောပသမဂ္ဂ အီးယူက ထွက်ဖို့ လူထုဆန္ဒခံယူပွဲနဲ့ ဆုံးဖြတ်ထားတာနဲ့အတူ အီးယူရဲ့ နိုင်ငံအသီးသီးက နိုင်ငံသားတွေ ယူကေကို လွတ်လပ်စွာ ဝင်ခွင့်ရမှုကို အဆုံးသတ်ဖို့ ဇွန်လ ၃၀ ရက်နေ့မှာ ပါလီမန်အတွင်း အတည်ပြုထားတာ ဖြစ်ပါတယ်။

ယူကေ အီးယူကထွက်ဖို့ မဲပေးသူတွေမှာ ယူကေနိုင်ငံကို နိုင်ငံခြားသား ဝင်ရောက်သူ အရေအတွက်ကို ကန့်သတ်ချင်တဲ့အတွက် ဒီလို ထွက်ဖို့ မဲပေးသူတွေလည်း အများအပြားပါဝင်တဲ့အတွက် သန်းနဲ့ချီပြီး ရှိနိုင်တဲ့ ဟောင်ကောင်သားတွေကို နိုင်ငံသားဖြစ်ဖို့ အခွင့်အရေးပေးမယ့် အခြေအနေနဲ့ ဝိရောဓိ ဖြစ်နေတယ်လို့ ပြောစရာ ဖြစ်နေပါတယ်။

ဝင်လာတဲ့ ဟောင်ကောင်သား အရေအတွက် အပေါ်မူတည်ပြီး အငြင်းပွားစရာတွေ ဖြစ်လာနိုင်ပေမယ့် ဒီကိစ္စက ယူကေ ဝန်ကြီးတွေအတွက်တော့ အီးယူက ထွက်လိုက်တဲ့ ယူကေနိုင်ငံဟာ ဘယ်သူ့ကို ပေးဝင်ပြီး ဘယ်သူ့က ထွက်ပေးရမယ်ဆိုတာ ကိုယ့်ဟာကိုယ် ဆုံးဖြတ်လို့ရကြောင်း ပြလိုက်တဲ့ ပြယုဂ်တခု လိုလည်း အသုံးချစရာ ဖြစ်နေပါတယ်။
ယူကေပြင်ပ နိုင်ငံသား (BNO) နိုင်ငံကူးလက်မှတ်ကိုင်သူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေက ယူကေမှာ ငါးနှစ်အခြေချ အလုပ်လုပ် ပညာသင်နိုင်ပြီး ငါးနှစ်ပြည့်ရင် နိုင်ငံသားလျှောက်ခွင့်ပေးမှာဖြစ်
ယူကေနိုင်ငံသားဖြစ်ဖို့ အခွင့်အရေးတွေကို ဘယ်လို ဟောင်ကောင်သားတွေက ရမှာလဲ

၁၉၈၀ နောက်ပိုင်း ယူကေပြင်ပ နိုင်ငံသား (BNO) လို့ခေါ်တဲ့ နိုင်ငံကူးလက်မှတ် ကိုင်ထားသူ ဟောင်ကောင်သားတွေကို လက်ရှိ ယူကေမှာ ပြည်ဝင်ခွင့် ဗီဇာမဲ့ ခြောက်လ နေခွင့်ပေးထားတာ ဖြစ်ပါတယ်။

အခုအချိန်မှာတော့ အဲဒီ နိုင်ငံကူးလက်မှတ်ကိုင်သူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေက ယူကေမှာ ငါးနှစ်အခြေချ အလုပ်လုပ် ပညာသင်နိုင်ပြီး ငါးနှစ်ပြည့်ရင် နိုင်ငံသားလျှောက်ခွင့်ပေးမှာ ဖြစ်ပါတယ်။

လက်ရှိ ဟောင်ကောင်မှာ BNO နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ ၃၅၀,ဝဝဝ လောက်ရှိပြီး ဒီနိုင်ငံကူးလက်မှတ် လျှောက်ဖို့ နောက်ထပ်အကျုံးဝင်သူ ဟောင်ကောင်သား အရေအတွက်ကလည်း ၂.၆ သန်းလောက် ရှိနေပါတယ်။

ဒါ့အပြင် အခုလို အကျုံးဝင်သူတွေရဲ့ ၁၉၉၇ နောက်ပိုင်း မွေးဖွားသူ မိသားစုဝင်တွေလည်း ယူကေအစိုးရရဲ့ နိုင်ငံသား လျှောက်ခွင့်ပေးမယ့် ကမ်းလှမ်းမှုအတွင်း အကျုံးဝင်နေပါတယ်။
တရုတ်အစိုးရဟာ ဟောင်ကောင်သားတွေကို ပေးထားတဲ့ လွတ်လပ်ခွင့်တွေကို တဖြည်းဖြည်းလျော့ပါးအောင် လုပ်နေတယ်လို့ ဟောင်ကောင်သားတွေက ယူဆတဲ့အတွက် ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေခဲ့တာ တနှစ်ရှိလာ
ဟောင်ကောင်မှာ တနှစ်ကြာ ဆန္ဒပြမှုတွေဖြစ်စေတဲ့ လုံးပါးပါးလာတဲ့ လွတ်လပ်ခွင့်တွေ

တရုတ်အစိုးရရဲ့ လတ်တလော ဟောင်ကောင် လုံခြုံရေး ဥပဒေသစ်အရ တရုတ်အစိုးရကို မုန်းတီးအောင် လှုံ့ဆော်မှုကို ပြင်းထန်တဲ့ ရာဇဝတ်မှုအဖြစ် သတ်မှတ်မှုအပါအဝင် တရုတ်ပြည်မကြီးက လုံခြုံရေးတပ်ဖွဲ့တွေကိုလည်း ဟောင်ကောင်ပြည်တွင်းမှာပါ ဝင်ရောက် ကိုယ်တွယ်ခွင့်ပေးတော့မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီဥပဒေ ထွက်မလာခင် ကတည်းက တရုတ်အစိုးရဟာ ဟောင်ကောင်သားတွေကို ပေးထားတဲ့ လွတ်လပ်ခွင့်တွေကို တဖြည်းဖြည်းလျော့ပါးအောင် လုပ်နေတယ်လို့ ဟောင်ကောင်သားတွေက ယူဆတဲ့အတွက် ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေခဲ့တာ တစ်နှစ်ရှိလာပြီ ဖြစ်ပါတယ်။

တရုတ်အစိုးရဟာ ဟောင်ကောင်နယ်အရေးမှာ ပိုမို စွက်ဖက်လာပြီး ဒီမိုကရေစီအရေး တောင်းဆိုတဲ့ ဟောင်ကောင် ဥပဒေပြုအမတ်တွေကို အမတ်အဖြစ်က ဖယ်ရှားတာနဲ့ ဟောင်ကောင်မှာ ပြစ်မှုကျူးလွန်သူတွေကို တရုတ်ပြည်မကြီးဆီပို့ပြီး အပြစ်ပေးနိုင်တဲ့ ဥပဒေ သတ်မှတ်ဖို့ ကြိုးစားတာတွေ လုပ်ခဲ့တယ်လို့လည်း လူ့အခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့တွေက ထောက်ပြကြပါတယ်။

အဲ့ဒီ ဥပဒေ သတ်မှတ် အတည်ပြုဖို့ တရုတ်အစိုးရက ကြိုးစားမှုကြောင့် သိန်းနဲ့ချီတဲ့ ဟောင်ကောင်သားတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပြီး ဟောင်ကောင်နယ်ရဲ့ ဥပဒေပြုအမတ် ရွေးချယ်ပုံကို ပြုပြင်ပြောင်းလဲဖို့ အပါအဝင် တခြားဒီမိုကရေစီပိုကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ အဲဒီ ဥပဒေ မသတ်မှတ်တော့ဖို့ တရုတ်အစိုးရက ဆုံးဖြတ်ခဲ့ပေမဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေကတော့ ဆက်ရှိနေခဲ့ပါတယ်။

ဒါ့အပြင် ဟောင်ကောင်နယ်အတွင်း စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ တတ်သိ ပညာရှင်တွေအတွက် လွတ်လပ်ခွင့်တွေ လျော့ပါးလာတယ်လို့လည်း စွပ်စွဲမှုတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ မတ်လမှာဆိုရင် အမေရိကန် စာနယ်ဇင်းသမား တော်တော်များများကို ဟောင်ကောင်မှာ ဆက်အလုပ်လုပ်ခွင့် မပေးတော့တာမျိုးလည်း တရုတ်အစိုးရက လုပ်ခဲ့ပါတယ်။

ဘာလို့ ယူကေက ဟောင်ကောင်ကို တရုတ်လက်အောက် ပြန်အပ်ခဲ့တာလဲ

ဟောင်ကောင်ကို ယူကေအစိုးရက ၁၅၆ နှစ်ကြာ အုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။ ၁၈၃၉ ခုနှစ် နှောင်းပိုင်းကစပြီး ဘိန်းကုန်သွယ်မှုကို နှိမ်နင်းလာတဲ့ တရုတ်အစိုးရနဲ့ တရုတ်ကို ဘိန်းတင်သွင်းနေတဲ့ ဗြိတိသျှအင်ပါယာတို့ ဘိန်းစစ်ပွဲ ဖြစ်ပွားကြအပြီး ၁၈၄၁ မှာ ဟောင်ကောင်ကျွန်းကို ယူကေအစိုးရက စတင်သိမ်းယူခဲ့ပါတယ်။

ဗြိတိသျှနဲ့ ပြင်သစ်အင်ပါယာတို့က အဓိက တိုက်ခိုက်ကြပြီး အမေရိကန်လည်း သူတို့ဘက်က တရုတ်ကို ဝင်တိုက်ခဲ့ပါတယ်။ ၁၈၅၆-၁၈၆၀ ဒုတိယ ဘိန်းစစ်ပွဲမှာတော့ ဗြိတိသျှ အင်ပါယာက ဟောင်ကောင်ကျွန်းနဲ့ တစ်ဘက်ကမ်း ကောင်လွန်း ကျွန်းဆွယ်ကိုပါ သိမ်းယူ လိုက်ပါတယ်။

၁၈၉၈ မှာတော့ နောက်ပိုင်း နယ်မြေသစ်လို့ ခေါ်တဲ့ ရှမ်းချွန်မြစ်ရဲ့ တောင်ဘက် အောက်ပိုင်းက ကောင်းလွန်းဒေသ တစ်ခုလုံးနဲ့တကွ ကျွန်းငယ်ပေါင်း ၂၃၀ ပါ အပါအဝင် လက်ရှိ ဟောင်ကောင်ဒေသကို တရုတ်နိုင်ငံက ၉၉ နှစ် အငှားစာချုပ်နဲ့ ဗြိတိသျှ အင်ပါယာကို လွှဲအပ်ခဲ့ပါတယ်။

၁၉၈၄ အရောက်မှာတော့ အဲဒီအချိန်က ယူကေ ဝန်ကြီးချုပ် မာဂရက်သက်ချာက ဟောင်ကောင်ကို ၁၉၉၇ ခုနှစ်မှာ တရုတ်လက်ထဲ ပြန်အပ်ဖို့ တရုတ်အစိုးရနဲ့ ပူးတွဲ ကြေညာချက် ထုတ်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီလို ဖြစ်လာဖို့ တရုတ်အစိုးရဘက်က ဟောင်ကောင်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် များများပေးဖို့နဲ့ ဟောင်ကောင်သားတွေကို လွတ်လပ်ခွင့်နဲ့ အခြားအပိုဆောင်း အခွင့်အရေးတွေပေးဖို့ ယူကေအစိုးရက ကန့်သတ်ထားခဲ့ပါတယ်။

ဒါ့အပြင် တရုတ်ပြည်မကြီးမှာ ကျင့်သုံးနေတဲ့ ကွန်မြူနစ် စနစ်ကို မကျင့်သုံးစေဘဲ အရင်းရှင်စနစ် ကျင့်သုံးမှုကို ဟောင်ကောင်မှာ ဆက်လုပ်ခွင့် ပေးရမယ့် အချက်လည်း ပါဝင်ပါတယ်။

ဒီလို သဘောတူညီချက်တွေကြောင့် လက်ရှိ ဟောင်ကောင်မှာ ကိုယ်ပိုင် ဥပဒေစနစ်နဲ့ ကိုယ်ပိုင်နယ်စပ် သီးသန့်ရှိပြီး လွတ်လပ်စွာ စုဝေးခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်တွေကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။

ဒီလို အခွင့်အရေးတွေကြောင့်လည်း ၁၉၈၉ မှာ တရုတ်အစိုးရက လက်နက်မဲ့ ဆန္ဒပြသူတွေကို တီယန်နန်မန် ရင်ပြင်အတွင်း ပစ်ခတ်မှုနဲ့ ပတ်သက်တဲ့ အထိန်းအမှတ် အခမ်းအနားတွေကို ဟောင်ကောင်မှာ ကျင်းပခွင့်ရနေတာ ဖြစ်ပါတယ်။

ဒီလို ဟောင်ကောင်မှာ သီးသန့်အခွင့်အရေးတွေကို ၂၀၄၇ ခုနှစ်အထိ တရုတ်အစိုးရက အနှစ် ငါးဆယ် ဆက်ပေးဖို့ ဆိုတဲ့ အချက်လည်း အဲဒီ ၁၉၈၄ သဘောတူညီချက်ထဲမှာ ပါဝင်ပါတယ်။

တရုတ်အစိုးရရဲ့ လတ်တလော ဟောင်ကောင် လုံခြုံရေး ဥပဒေသစ်ဟာ ဥပဒေအရလည်း အာဏာသက်ရောက်မှုရှိတဲ့ အဲ့ဒီ ၁၉၈၄ နှစ်နိုင်ငံ ပူးတွဲ ကြေညာချက်ကို ရှင်းရှင်းလင်းလင်းကြီး ဆိုးဆိုးဝါးဝါး ချိုးဖောက်နေတယ် ဆိုပြီး ယူကေဝန်ကြီးချုပ် မစ္စတာ ဂျွန်ဆင်က ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က ပြောကြားထားပါတယ်။

BBC Burmese
--------------------------------
(Zawgyi)⤵⤵⤵
ေဟာင္ေကာင္သားေတြကို ယူေကႏိုင္ငံသားျဖစ္ခြင့္ ဘာ့ေၾကာင့္ေပးရတာလဲ

ေဟာင္ေကာင္သား သုံးသန္းေလာက္အထိ ယူေကက ႏိုင္ငံသားျဖစ္ခြင့္ေပးမယ္ဆိုတဲ့ကိစၥဟာ ယူေကအစိုးရအတြက္ တကယ့္ကို ႀကီးမားတဲ့ ေျခလွမ္းတစ္ခုပဲ ျဖစ္ပါတယ္။

ေဟာင္ေကာင္က ပိုဆိုးလာတဲ့ အေျခအေနေတြကို လြတ္ေျမာက္ဖို႔အတြက္ ဒီေလာက္အထိမ်ားတဲ့ ေဟာင္ေကာင္သားေတြ ယူေကကို ေရာက္လာလိမ့္မယ္လို႔ေတာ့ ယူေကအစိုးရနဲ႔ ပါလီမန္တို႔က ေမွ်ာ္လင့္ထားတာေတာ့ မဟုတ္ပါဘူး။

အခုလို ယူေကအစိုးရက ဆုံးျဖတ္ခ်က္ ခ်ရတာဟာ လက္ရွိ ေဟာင္ေကာင္က လမ္းမေတြေပၚက ႐ုန္းရင္းဆန္ခတ္ ျဖစ္ေနမႈေတြအေပၚ ယူေကအစိုးရက စိုးရိမ္မႈရွိလို႔ ခ်က္ခ်င္း လုပ္ေဆာင္မႈ တစ္ခုလို႔ ဆိုႏိုင္ပါတယ္။

ဒါေပမဲ့ ဒီ ဆုံးျဖတ္ခ်က္ဟာ ေဟာင္ေကာင္ကို ယူေကက အုပ္ခ်ဳပ္ခဲ့တဲ့ အေျခအေနနဲ႔လည္း သက္ဆိုင္ေနၿပီး ဒီလို ႏိုင္ငံသားျဖစ္ခြင့္ေပးဖို႔ ကိစၥကို ၁၉၉၇ ခုႏွစ္ ေဟာင္ေကာင္ကို တ႐ုတ္လက္ေအာက္ ျပန္အပ္တဲ့ အခ်ိန္က ေတာင္းဆိုမႈေတြ ရွိခဲ့ေပမဲ့ ယူေကအစိုးရက မေပးခဲ့ပါဘူး။

အခုလို ေဟာင္ေကာင္ကို ျပန္အပ္တဲ့ အခ်ိန္က ေဟာင္ေကာင္ရဲ႕ တစ္စိတ္တစ္ပိုင္း ဒီမိုကေရစီ က်င့္သုံးမႈနဲ႔ ေဈးကြက္စီးပြားေရးကို တ႐ုတ္အစိုးရက ဆက္ထိန္းထားမယ္ဆိုတဲ့ ကတိျပဳခ်က္နဲ႔ ေပးခဲ့တာ ျဖစ္ၿပီး အဲဒီ အေျခအေနေတြကေတာ့ လတ္တေလာ ႏွစ္ေတြ အတြင္းမွာ သိသိသာသာ ယိုယြင္းလာခဲ့ပါတယ္။

အေျပာင္းအလဲမ်ားခဲ့တဲ့ ယူေက ပါလီမန္အတြင္းက တ႐ုတ္အေပၚ သေဘာထား

လက္ရွိ ေဟာင္ေကာင္သားေတြကို ယူေကႏိုင္ငံသားျဖစ္ခြင့္ေပးမယ့္ ကိစၥ ေၾကညာခ်ိန္မွာ ပါလီမန္အတြင္း အမတ္တစ္ေယာက္မွ ကန႔္ကြက္ျခင္း မရွိခဲ့တာကလည္း သတိျပဳစရာ တစ္ခု ျဖစ္ၿပီး လတ္တေလာ ယူေက-တ႐ုတ္ ဆက္ဆံေရး ဆိုး႐ြားေနခဲ့တာကိုလည္း ေရာင္ျပန္ဟပ္ေနပါတယ္။

တကယ္တမ္းဆိုရင္ မၾကာေသးခင္ ၂၀၁၅ ကမွ ယူေက ဝန္ႀကီးခ်ဳပ္ ေဒးဗစ္ကန္မ႐ြန္က တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ကို ေကာ္ေဇာနီနဲ႔သာမက ဘုရင္မႀကီးရဲ႕ ေ႐ႊျမင္းလွည္းနဲ႔ပါ ႀကိဳဆိုခဲ့တာ ျဖစ္ၿပီး ဒီလိုမတိုင္ခင္ကေလးမွာပဲ ယူေက ဘ႑ာေရးဝန္ႀကီး ေဂ်ာ့ေအာ့စ္ဘြန္းက တ႐ုတ္ႏိုင္ငံကို ငါးရက္ခရီးစဥ္ သြားေရာက္ထားခဲ့တာ ျဖစ္ပါတယ္။

အဲဒီအခ်ိန္က ယူေကအေနနဲ႔ တ႐ုတ္ရဲ႕ လူ႔အခြင့္အေရး မူဝါဒေတြကို ေဝဖန္တာထက္ တ႐ုတ္နဲ႔ စီးပြားေရးလုပ္ဖို႔ကို ပိုၿပီး ဦးစားေပးခဲ့ပုံရတဲ့အတြက္ တ႐ုတ္အစိုးရအတြက္ပိုၿပီး ႏိုင္ငံေရးအျမတ္ထြက္ခဲ့တယ္ဆိုၿပီး ယူေကသတင္းစာတခ်ိဳ႕က ေရးသားခဲ့ပါေသးတယ္။

လက္ရွိကာလမွာေတာ့ အဲဒီအခ်ိန္က တ႐ုတ္နဲ႔ စီးပြားေရးလုပ္ဖို႔ဘက္ကို ဦးစားခဲ့တဲ့ အမတ္ေတြအပါအဝင္ ကြန္ဇားဗတစ္ ပါတီအမတ္ေတြက တစ္ပါတီထဲက တက္လမ္းရွိတဲ့ အမတ္ေတြနဲ႔ပါ ပူးေပါင္းၿပီး တ႐ုတ္နဲ႔ နီးနီးကပ္ကပ္ ပူးေပါင္းေဆာင္႐ြက္မႈေတြကို က်ယ္က်ယ္ေလာင္ေလာင္နဲ႔ ပုံမွန္ ဆန႔္က်င္ေနၾကၿပီ ျဖစ္ၿပီး အထူးသျဖင့္ တ႐ုတ္ကုမၸဏီ ဟြာေဝးကို ယူေကရဲ႕ ပၪၥမမ်ိဳးဆက္ ဖုန္းကြန္ရက္မွာ လုပ္ကိုင္ခြင့္ေပးမယ့္ ကိစၥကို ဆန႔္က်င္ၾကတာ ျဖစ္ပါတယ္။

အခုလို ဟြာေဝးကို လုပ္ပိုင္ခြင့္ ေပး မေပး ဆုံးျဖတ္ဖို႔ ပါလီမန္အတြင္း ၿပီးခဲ့တဲ့ မတ္လက မဲခြဲခဲ့ရာမွာလည္း ကြန္ဇားဗတစ္ပါတီ အမတ္ေတြထဲက ၃၈ ေယာက္က အစိုးရသေဘာထားနဲ႔ ဆန႔္က်င္ၿပီး မေပးဖို႔ဘက္က မဲေပးခဲ့ၾကတာကို ေတြ႕ရပါတယ္။

ဒီလို မဲေပးခဲ့ရာမွာ အတိုက္အခံ အမတ္ေတြ အပါအဝင္ ပါလီမန္အတြင္း အစိုးရဘက္ကို ေထာက္ခံတဲ့ မဲရရွိမႈက ၃၀၆ မဲ နဲ႔ ဆန႔္က်င္တဲ့ဘက္က ၂၈၂ မဲရွိခဲ့ၿပီး သိပ္မကြာတဲ့ အေျခအေနရွိခဲ့ရာမွာ အာဏာရ ကြန္ဇားဗတစ္ပါတီအတြင္းက အခုလို ပုန္ကန္တဲ့ အမတ္အင္အား ေကာင္းခဲ့တယ္လို႔ ဆိုရမွာ ျဖစ္ပါတယ္။

အဲဒီ အုပ္စုထဲက အမတ္တစ္ဦးကလည္း အစိုးရကို ေဟာင္ေကာင္ကိစၥအေပၚ တုံ႔ျပန္ဖို႔အတြက္ တြန္းအားေပးေနမွ ရတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

တစ္ဖက္မွာလည္း တ႐ုတ္ႏိုင္ငံဟာ စီးပြားေရး အင္အားႀကီးႏိုင္ငံႀကီး ျဖစ္တယ္ဆိုတာ လ်စ္လ်ဴရႈလို႔မရတဲ့ အေျခအေနျဖစ္ၿပီး ကုန္သြယ္ေရးနဲ႔ ရာသီဥတု ေဖာက္ျပန္မႈဆိုင္ရာ ကိစၥေတြမွာ တ႐ုတ္နဲ႔ ပူးေပါင္းလုပ္ေဆာင္ဖို႔ ယူေကဝန္ႀကီးေတြက စိတ္အားထက္သန္မႈလည္း ရွိေနၾကပါတယ္။

ဒါ့အျပင္ ယူေကဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြၽန္ဆင္ ကိုယ္တိုင္ကလည္း “ကြၽန္ေတာ့ရဲ႕ ရပ္တည္ခ်က္က အလြန႔္ အလြန္ ႐ိုးရွင္းပါတယ္။ တ႐ုတ္မုန္းတီးေရးဘက္ကိုေတာ့ ကြၽန္ေတာ္ အပါမခံပါဘူး။ ဘာလို႔လည္း ဆိုေတာ့ ကြၽန္ေတာ္က တ႐ုတ္မုန္းတီးေရးသမား တစ္ေယာက္လည္း မဟုတ္ဘူး” လို႔ ဇြန္လ ၃၀ ရက္ေန႔မွာ ေျပာဆိုထားခဲ့ပါတယ္။

အစိုးရဘက္က သတင္းအရင္းအျမစ္ တစ္ခုအရ ဆိုရင္ ယူေကအစိုးရရဲ႕ တ႐ုတ္အေပၚသေဘာထားက တင္းမာလာတာ မဟုတ္ဘဲ တ႐ုတ္အစိုးရရဲ႕ ရပ္တည္ခ်က္ တင္းမာမႈ ေပၚလာတာသာ ျဖစ္တယ္ဆိုၿပီး ယူဆမႈေတြ ရွိေနတယ္လို႔ ဆိုပါတယ္။

ယူေကအစိုးရရဲ႕ ေဟာင္ေကာင္သားေတြကို ဖိတ္ေခၚတဲ့ ဆုံးျဖတ္ခ်က္ဟာ ယူေကအစိုးရရဲ႕ လူဝင္မႈႀကီးၾကပ္ေရး မူဝါဒ အလွည့္အေျပာင္းနဲ႔လည္း အခ်ိန္ကိုက္ျဖစ္ေနပါတယ္။

ယူေကႏိုင္ငံ ဥေရာပသမဂၢ အီးယူက ထြက္ဖို႔ လူထုဆႏၵခံယူပြဲနဲ႔ ဆုံးျဖတ္ထားတာနဲ႔အတူ အီးယူရဲ႕ ႏိုင္ငံအသီးသီးက ႏိုင္ငံသားေတြ ယူေကကို လြတ္လပ္စြာ ဝင္ခြင့္ရမႈကို အဆုံးသတ္ဖို႔ ဇြန္လ ၃၀ ရက္ေန႔မွာ ပါလီမန္အတြင္း အတည္ျပဳထားတာ ျဖစ္ပါတယ္။

ယူေက အီးယူကထြက္ဖို႔ မဲေပးသူေတြမွာ ယူေကႏိုင္ငံကို ႏိုင္ငံျခားသား ဝင္ေရာက္သူ အေရအတြက္ကို ကန႔္သတ္ခ်င္တဲ့အတြက္ ဒီလို ထြက္ဖို႔ မဲေပးသူေတြလည္း အမ်ားအျပားပါဝင္တဲ့အတြက္ သန္းနဲ႔ခ်ီၿပီး ရွိႏိုင္တဲ့ ေဟာင္ေကာင္သားေတြကို ႏိုင္ငံသားျဖစ္ဖို႔ အခြင့္အေရးေပးမယ့္ အေျခအေနနဲ႔ ဝိေရာဓိ ျဖစ္ေနတယ္လို႔ ေျပာစရာ ျဖစ္ေနပါတယ္။

ဝင္လာတဲ့ ေဟာင္ေကာင္သား အေရအတြက္ အေပၚမူတည္ၿပီး အျငင္းပြားစရာေတြ ျဖစ္လာႏိုင္ေပမယ့္ ဒီကိစၥက ယူေက ဝန္ႀကီးေတြအတြက္ေတာ့ အီးယူက ထြက္လိုက္တဲ့ ယူေကႏိုင္ငံဟာ ဘယ္သူ႔ကို ေပးဝင္ၿပီး ဘယ္သူ႔က ထြက္ေပးရမယ္ဆိုတာ ကိုယ့္ဟာကိုယ္ ဆုံးျဖတ္လို႔ရေၾကာင္း ျပလိုက္တဲ့ ျပယုဂ္တခု လိုလည္း အသုံးခ်စရာ ျဖစ္ေနပါတယ္။

ယူေကႏိုင္ငံသားျဖစ္ဖို႔ အခြင့္အေရးေတြကို ဘယ္လို ေဟာင္ေကာင္သားေတြက ရမွာလဲ

၁၉၈၀ ေနာက္ပိုင္း ယူေကျပင္ပ ႏိုင္ငံသား (BNO) လို႔ေခၚတဲ့ ႏိုင္ငံကူးလက္မွတ္ ကိုင္ထားသူ ေဟာင္ေကာင္သားေတြကို လက္ရွိ ယူေကမွာ ျပည္ဝင္ခြင့္ ဗီဇာမဲ့ ေျခာက္လ ေနခြင့္ေပးထားတာ ျဖစ္ပါတယ္။

အခုအခ်ိန္မွာေတာ့ အဲဒီ ႏိုင္ငံကူးလက္မွတ္ကိုင္သူေတြနဲ႔ သူတို႔ရဲ႕ မိသားစုဝင္ေတြက ယူေကမွာ ငါးႏွစ္အေျခခ် အလုပ္လုပ္ ပညာသင္ႏိုင္ၿပီး ငါးႏွစ္ျပည့္ရင္ ႏိုင္ငံသားေလွ်ာက္ခြင့္ေပးမွာ ျဖစ္ပါတယ္။

လက္ရွိ ေဟာင္ေကာင္မွာ BNO ႏိုင္ငံကူးလက္မွတ္ ကိုင္ေဆာင္ထားသူ ၃၅၀,ဝ၀ဝ ေလာက္ရွိၿပီး ဒီႏိုင္ငံကူးလက္မွတ္ ေလွ်ာက္ဖို႔ ေနာက္ထပ္အက်ဳံးဝင္သူ ေဟာင္ေကာင္သား အေရအတြက္ကလည္း ၂.၆ သန္းေလာက္ ရွိေနပါတယ္။

ဒါ့အျပင္ အခုလို အက်ဳံးဝင္သူေတြရဲ႕ ၁၉၉၇ ေနာက္ပိုင္း ေမြးဖြားသူ မိသားစုဝင္ေတြလည္း ယူေကအစိုးရရဲ႕ ႏိုင္ငံသား ေလွ်ာက္ခြင့္ေပးမယ့္ ကမ္းလွမ္းမႈအတြင္း အက်ဳံးဝင္ေနပါတယ္။

ေဟာင္ေကာင္မွာ တႏွစ္ၾကာ ဆႏၵျပမႈေတြျဖစ္ေစတဲ့ လုံးပါးပါးလာတဲ့ လြတ္လပ္ခြင့္ေတြ

တ႐ုတ္အစိုးရရဲ႕ လတ္တေလာ ေဟာင္ေကာင္ လုံၿခဳံေရး ဥပေဒသစ္အရ တ႐ုတ္အစိုးရကို မုန္းတီးေအာင္ လႈံ႕ေဆာ္မႈကို ျပင္းထန္တဲ့ ရာဇဝတ္မႈအျဖစ္ သတ္မွတ္မႈအပါအဝင္ တ႐ုတ္ျပည္မႀကီးက လုံၿခဳံေရးတပ္ဖြဲ႕ေတြကိုလည္း ေဟာင္ေကာင္ျပည္တြင္းမွာပါ ဝင္ေရာက္ ကိုယ္တြယ္ခြင့္ေပးေတာ့မွာ ျဖစ္ပါတယ္။

ဒါေပမဲ့ ဒီဥပေဒ ထြက္မလာခင္ ကတည္းက တ႐ုတ္အစိုးရဟာ ေဟာင္ေကာင္သားေတြကို ေပးထားတဲ့ လြတ္လပ္ခြင့္ေတြကို တျဖည္းျဖည္းေလ်ာ့ပါးေအာင္ လုပ္ေနတယ္လို႔ ေဟာင္ေကာင္သားေတြက ယူဆတဲ့အတြက္ ဆႏၵျပပြဲေတြ ျဖစ္ေပၚေနခဲ့တာ တစ္ႏွစ္ရွိလာၿပီ ျဖစ္ပါတယ္။

တ႐ုတ္အစိုးရဟာ ေဟာင္ေကာင္နယ္အေရးမွာ ပိုမို စြက္ဖက္လာၿပီး ဒီမိုကေရစီအေရး ေတာင္းဆိုတဲ့ ေဟာင္ေကာင္ ဥပေဒျပဳအမတ္ေတြကို အမတ္အျဖစ္က ဖယ္ရွားတာနဲ႔ ေဟာင္ေကာင္မွာ ျပစ္မႈက်ဴးလြန္သူေတြကို တ႐ုတ္ျပည္မႀကီးဆီပို႔ၿပီး အျပစ္ေပးႏိုင္တဲ့ ဥပေဒ သတ္မွတ္ဖို႔ ႀကိဳးစားတာေတြ လုပ္ခဲ့တယ္လို႔လည္း လူ႔အခြင့္အေရးလႈပ္ရွားတဲ့ အဖြဲ႕ေတြက ေထာက္ျပၾကပါတယ္။

အဲ့ဒီ ဥပေဒ သတ္မွတ္ အတည္ျပဳဖို႔ တ႐ုတ္အစိုးရက ႀကိဳးစားမႈေၾကာင့္ သိန္းနဲ႔ခ်ီတဲ့ ေဟာင္ေကာင္သားေတြ လမ္းေပၚထြက္ ဆႏၵျပခဲ့ၾကၿပီး ေဟာင္ေကာင္နယ္ရဲ႕ ဥပေဒျပဳအမတ္ ေ႐ြးခ်ယ္ပုံကို ျပဳျပင္ေျပာင္းလဲဖို႔ အပါအဝင္ တျခားဒီမိုကေရစီပိုက်တဲ့ ျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ဖို႔ ေတာင္းဆိုခဲ့ၾကတာ ျဖစ္ပါတယ္။

ေနာက္ပိုင္းမွာ အဲဒီ ဥပေဒ မသတ္မွတ္ေတာ့ဖို႔ တ႐ုတ္အစိုးရက ဆုံးျဖတ္ခဲ့ေပမဲ့ ျပဳျပင္ေျပာင္းလဲေရးလုပ္ဖို႔ ေတာင္းဆိုတဲ့ ဆႏၵျပပြဲေတြကေတာ့ ဆက္ရွိေနခဲ့ပါတယ္။

ဒါ့အျပင္ ေဟာင္ေကာင္နယ္အတြင္း စာနယ္ဇင္း လြတ္လပ္ခြင့္နဲ႔ တတ္သိ ပညာရွင္ေတြအတြက္ လြတ္လပ္ခြင့္ေတြ ေလ်ာ့ပါးလာတယ္လို႔လည္း စြပ္စြဲမႈေတြ ရွိေနပါတယ္။

ၿပီးခဲ့တဲ့ မတ္လမွာဆိုရင္ အေမရိကန္ စာနယ္ဇင္းသမား ေတာ္ေတာ္မ်ားမ်ားကို ေဟာင္ေကာင္မွာ ဆက္အလုပ္လုပ္ခြင့္ မေပးေတာ့တာမ်ိဳးလည္း တ႐ုတ္အစိုးရက လုပ္ခဲ့ပါတယ္။

ဘာလို႔ ယူေကက ေဟာင္ေကာင္ကို တ႐ုတ္လက္ေအာက္ ျပန္အပ္ခဲ့တာလဲ

ေဟာင္ေကာင္ကို ယူေကအစိုးရက ၁၅၆ ႏွစ္ၾကာ အုပ္ခ်ဳပ္ခဲ့တာ ျဖစ္ပါတယ္။ ၁၈၃၉ ခုႏွစ္ ေႏွာင္းပိုင္းကစၿပီး ဘိန္းကုန္သြယ္မႈကို ႏွိမ္နင္းလာတဲ့ တ႐ုတ္အစိုးရနဲ႔ တ႐ုတ္ကို ဘိန္းတင္သြင္းေနတဲ့ ၿဗိတိသွ်အင္ပါယာတို႔ ဘိန္းစစ္ပြဲ ျဖစ္ပြားၾကအၿပီး ၁၈၄၁ မွာ ေဟာင္ေကာင္ကြၽန္းကို ယူေကအစိုးရက စတင္သိမ္းယူခဲ့ပါတယ္။

ၿဗိတိသွ်နဲ႔ ျပင္သစ္အင္ပါယာတို႔က အဓိက တိုက္ခိုက္ၾကၿပီး အေမရိကန္လည္း သူတို႔ဘက္က တ႐ုတ္ကို ဝင္တိုက္ခဲ့ပါတယ္။ ၁၈၅၆-၁၈၆၀ ဒုတိယ ဘိန္းစစ္ပြဲမွာေတာ့ ၿဗိတိသွ် အင္ပါယာက ေဟာင္ေကာင္ကြၽန္းနဲ႔ တစ္ဘက္ကမ္း ေကာင္လြန္း ကြၽန္းဆြယ္ကိုပါ သိမ္းယူ လိုက္ပါတယ္။

၁၈၉၈ မွာေတာ့ ေနာက္ပိုင္း နယ္ေျမသစ္လို႔ ေခၚတဲ့ ရွမ္းခြၽန္ျမစ္ရဲ႕ ေတာင္ဘက္ ေအာက္ပိုင္းက ေကာင္းလြန္းေဒသ တစ္ခုလုံးနဲ႔တကြ ကြၽန္းငယ္ေပါင္း ၂၃၀ ပါ အပါအဝင္ လက္ရွိ ေဟာင္ေကာင္ေဒသကို တ႐ုတ္ႏိုင္ငံက ၉၉ ႏွစ္ အငွားစာခ်ဳပ္နဲ႔ ၿဗိတိသွ် အင္ပါယာကို လႊဲအပ္ခဲ့ပါတယ္။

၁၉၈၄ အေရာက္မွာေတာ့ အဲဒီအခ်ိန္က ယူေက ဝန္ႀကီးခ်ဳပ္ မာဂရက္သက္ခ်ာက ေဟာင္ေကာင္ကို ၁၉၉၇ ခုႏွစ္မွာ တ႐ုတ္လက္ထဲ ျပန္အပ္ဖို႔ တ႐ုတ္အစိုးရနဲ႔ ပူးတြဲ ေၾကညာခ်က္ ထုတ္ခဲ့ပါတယ္။

ဒါေပမဲ့ ဒီလို ျဖစ္လာဖို႔ တ႐ုတ္အစိုးရဘက္က ေဟာင္ေကာင္ကို ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ မ်ားမ်ားေပးဖို႔နဲ႔ ေဟာင္ေကာင္သားေတြကို လြတ္လပ္ခြင့္နဲ႔ အျခားအပိုေဆာင္း အခြင့္အေရးေတြေပးဖို႔ ယူေကအစိုးရက ကန႔္သတ္ထားခဲ့ပါတယ္။

ဒါ့အျပင္ တ႐ုတ္ျပည္မႀကီးမွာ က်င့္သုံးေနတဲ့ ကြန္ျမဴနစ္ စနစ္ကို မက်င့္သုံးေစဘဲ အရင္းရွင္စနစ္ က်င့္သုံးမႈကို ေဟာင္ေကာင္မွာ ဆက္လုပ္ခြင့္ ေပးရမယ့္ အခ်က္လည္း ပါဝင္ပါတယ္။

ဒီလို သေဘာတူညီခ်က္ေတြေၾကာင့္ လက္ရွိ ေဟာင္ေကာင္မွာ ကိုယ္ပိုင္ ဥပေဒစနစ္နဲ႔ ကိုယ္ပိုင္နယ္စပ္ သီးသန႔္ရွိၿပီး လြတ္လပ္စြာ စုေဝးခြင့္၊ လြတ္လပ္စြာ ေျပာဆိုခြင့္နဲ႔ စာနယ္ဇင္း လြတ္လပ္ခြင့္ေတြကို ဆက္လက္ ထိန္းသိမ္းထားႏိုင္ခဲ့ပါတယ္။

ဒီလို အခြင့္အေရးေတြေၾကာင့္လည္း ၁၉၈၉ မွာ တ႐ုတ္အစိုးရက လက္နက္မဲ့ ဆႏၵျပသူေတြကို တီယန္နန္မန္ ရင္ျပင္အတြင္း ပစ္ခတ္မႈနဲ႔ ပတ္သက္တဲ့ အထိန္းအမွတ္ အခမ္းအနားေတြကို ေဟာင္ေကာင္မွာ က်င္းပခြင့္ရေနတာ ျဖစ္ပါတယ္။

ဒီလို ေဟာင္ေကာင္မွာ သီးသန႔္အခြင့္အေရးေတြကို ၂၀၄၇ ခုႏွစ္အထိ တ႐ုတ္အစိုးရက အႏွစ္ ငါးဆယ္ ဆက္ေပးဖို႔ ဆိုတဲ့ အခ်က္လည္း အဲဒီ ၁၉၈၄ သေဘာတူညီခ်က္ထဲမွာ ပါဝင္ပါတယ္။

တ႐ုတ္အစိုးရရဲ႕ လတ္တေလာ ေဟာင္ေကာင္ လုံၿခဳံေရး ဥပေဒသစ္ဟာ ဥပေဒအရလည္း အာဏာသက္ေရာက္မႈရွိတဲ့ အဲ့ဒီ ၁၉၈၄ ႏွစ္ႏိုင္ငံ ပူးတြဲ ေၾကညာခ်က္ကို ရွင္းရွင္းလင္းလင္းႀကီး ဆိုးဆိုးဝါးဝါး ခ်ိဳးေဖာက္ေနတယ္ ဆိုၿပီး ယူေကဝန္ႀကီးခ်ဳပ္ မစၥတာ ဂြၽန္ဆင္က ၿပီးခဲ့တဲ့ ဇြန္လ ၃၀ ရက္ေန႔က ေျပာၾကားထားပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-53298469
ဟောင်ကောင်သားတွေကို ယူကေနိုင်ငံသားဖြစ်ခွင့် ဘာ့ကြောင့်ပေးရတာလဲ ဟောင်ကောင်သားတွေကို ယူကေနိုင်ငံသားဖြစ်ခွင့် ဘာ့ကြောင့်ပေးရတာလဲ Reviewed by THITHTOOLWIN on 21:20 Rating: 5
Powered by Blogger.