ရာထူးအလွဲသုံးစားလုပ်တယ်လို့ ရဲတပ်ဖွဲ့ ဝေဖန်ခံနေရ

၅၅ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ၂ဝ၁၉ အောက်တိုဘာ ၁ ရက်နေ့က တွေ့ရစဉ် / Photo: Thet Su Aung/RFA
(Unicode)⤵⤵⤵
ရဲတပ်ဖွဲ့အတွင်း ရာထူးအလွဲသုံးစားလုပ်မှုကြောင့် အများပြည်သူ ယုံကြည်လေးစားမှု ကျဆင်းစေတယ်လို့ ဝေဖန်ခံနေရပါတယ်။ လာဘ်စားမှု၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုရှိတယ်လို့ စွပ်စွဲခံနေရတဲ့ အရာရှိတစ်ဦး ကိုတော့ မကြာသေးခင်က ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေနဲ့ အရေးယူလိုက်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

စတင်တည်ထောင်ချိန်တည်းက ပြုပြင်ပြောင်းလဲမှုတွေရှိခဲ့တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ အခု နှစ်ပေါင်း ၅၀ ကျော်ချိန်မှာတော့ ရဲတပ်ဖွဲ့ဝင်တွေကြားထဲ ရာထူးတိုးနိုင်ဖို့ အထက်အရာရှိကို လာဘ်ထိုးရတာ၊ အမျိုးသမီး ရဲမေတချို့ လိင်အမြတ်ထုတ်ခံရတာ ရှိနေတယ်ဆိုပြီး ရဲတပ်ဖွဲ့ဝင်တွေကြားထဲ ထုတ်ဖော်ပြောဆိုလာကြပါပြီ။

ရဲတပ်ဖွဲ့ဝင်တွေကြားထဲမှာ ရာထူးကို အလွဲသုံးစားလုပ် ဖိနှိပ်အနိုင်ကျင့်တာ၊ အထက်အရာရှိရဲ့ ဖိအားပေးတာ တွေကို မခံနိုင်တဲ့အတွက် သေကြောင်းကြံစည်သူတချို့လည်း ရှိခဲ့ပါတယ်။

“ကျနော်တို့ ရဲတပ်ဖွဲ့မှာ ဖိအားတွေအများကြီး ရှိပါတယ်။ ကျနော်နဲ့ တစ်ပတ်စဉ်တည်း ပန်းတနော်ရဲ စခန်းမှာ တာဝန်ကျခဲ့တဲ့ ဒုရဲအုပ်ကောင်းမြတ်သူဆိုတာရှိပါတယ်၊ သူဟာ အပေါ်ကဖိအားဒဏ်တွေ မခံနိုင်တဲ့အဆုံးမှာ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်ပါတယ်။ သေကြောင်းကြံစည်တဲ့ နှစ်ကြိမ်၊ သုံးကြိမ်မှာ သေကြောင်းကြံ စည်မှု လွတ်မြောက်ခဲ့တဲ့ အခါမျိုးကျတော့ ဇနီးသည်ကခေါ်ပြီးတော့မှ မြို့နယ်ရဲတပ်ဖွဲ့မှူးဆီကိုသွားပြီး အကူအညီတောင်းပါတယ်။ အကူအညီအတောင်းတဲ့အခါမှာ မြို့နယ်ရဲတပ်ဖွဲ့မှူးကလည်း မကူညီပါဘူး၊ ကိစ္စတစ်ခုရှိလို့ သေနတ်ပြန်ထုတ်တဲ့ချိန်မှာ သူ့သေနတ်နဲ့ သူ့ကိုယ်သူ အဆုံးစီရင်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ ပါတယ်။ ဒါတွေဟာ အပေါ်ရဲ့ဖိအားဒဏ်တွေကို ကျနော်တို့ အောက်ခြေမှာရှိတဲ့ တပ်ဖွဲ့ဝင်တွေ အများဆုံး ခံရတာပါ”

ဒါကတော့ အမည်မဖော်လိုတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် တစ်ဦး ပြောသွားတာပါ။

တာဝန်ထမ်းဆောင်ဆဲ ဖြစ်တဲ့အတွက် သူ့ရဲ့လုံခြုံရေးအတွက် RFA အနေနဲ့ နာမည်နဲ့ရာထူးကို ဖော်ပြမထားတာ ဖြစ်ပါတယ်။ နိုင်ငံမှာ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေပေမယ့် ရဲတပ်ဖွဲ့အတွင်းမှာတော့ ဒီမိုကရေစီဆိုတာ မရှိဘူးလို့ သူက မှတ်ချက်ပြု ပြောပါတယ်။

NLD အစိုးရရဲ့ လေးနှစ်တာ သက်တမ်းမှာ ရဲတပ်ဖွဲ့ဝင်တချို့ကို လာဘ်ပေးလာဘ်ယူမှုနဲ့ အရေးယူခဲ့ပြီး လတ်တလောမှာတော့ ထိပ်တန်း ရဲအရာရှိ သုံးဦးကို အရေးယူ စစ်ဆေးနေတာပါ။

“အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ အရေးယူထားတာဆိုလို့ရှိရင်လည်း ၂၀၁၆ ခုနှစ်မှာ အရာရှိ နှစ်ယောက် ၂၀၁၇ ခုနှစ်မှာ ၅ မှု အရာရှိ ငါးယောက်၊ ၂၀၁၈ မှာ ၁ မှု အရာရှိ တစ်ယောက်၊ ၂၀၁၉ ခုနှစ်မှာ ၉ မှု အရာရှိ ကိုးယောက်၊ ၂၀၂၀ ဇွန်လ ၁၅ ရက်နေ့မှာ ၂ မှု အရာရှိ နှစ်ယောက် စုစုပေါင်း ၁၈ မှုနဲ့ အရာရှိ ၁၉ ယောက် အရေးယူထားပါတယ်။ တိုင်ကြားစာကို စစ်ဆေးဆဲဖြစ်ပါတယ်။ စိစစ်ပြီးလို့ ပေါ်ပေါက်လို့ရှိရင်တော့ သတ်ချုပ်တို့ ရဲတရားရုံးတို့အမှုဖွင့် အရေးယူမှာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ နောက်ဆုံး အခြေအနေကိုတော့ ပြန်ပြီးတော့မှ ပြောပေးပါ့မယ်”

၂ဝ၂ဝ  ဇွန်လ ၂၂ ရက်နေ့ ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့  ဒုတိယ ရဲချုပ် မျိုးဆွေဝင်းက ပြောကြားခဲ့တာပါ။

အရေးယူခံရသူတွေထဲမှာ ရာထူးခန့်ထားရေးအပိုင်း စီမံခန့်ခွဲနေတဲ့ ရဲရာထူးခန့်ချုပ် ရဲမှူးချုပ် ဇော်မိုးသန်းဟာ ရဲတပ်ဖွဲ့ဝင်တွေ ရာထူးတိုးဖို့အတွက် ငွေကြေးနှုန်းထားအမျိုးမျိုး ယူသလို ငွေမတတ်နိုင်တဲ့ ရဲမေတချို့ကို လိင်အမြတ်ထုတ်တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

လက်ရှိမှာတော့ ရဲမှူးချုပ် ဇော်မိုးသန်းကို ရဲတရားရုံးမှာ စစ်ဆေးပြီး အမှုပေါ်ပေါက်တဲ့အတွက် ပြစ်ဒဏ် စီရင်လိုက်ပြီလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး ကျော်သီဟကို RFA က ဆက်သွယ်မေး မြန်းချိန်မှာ ပြောပါတယ်။ ထောင်ဒဏ်ဘယ်လောက် ချမှတ်လိုက်တယ်ဆိုတာကိုတော့ မသိရှိသေးဘူးလို့ ပြောပါတယ်။

"သူတို့က ရဲတရားရုံးနဲ့ စစ်ဆေးပြီးတော့မှလေ ပြစ်ဒဏ်ချလိုက်တာပါ၊ ပြစ်ဒဏ်ချတာကိုတော့ အတည်ပြုချက် ယူနေသေးလို့လေ"

မီဒီယာအချို့မှာတော့ ရဲမှူးချုပ် ဇော်မိုးသန်းကို ရမည်းသင်းထောင်ကိုပို့ပြီး ထောင်ဒဏ် သုံးနှစ်ချမှတ်လိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ရဲမှူးကြီး ကျော်သီဟကတော့ ဒီအပေါ်မှာ အတည်ပြုပြောတာ မရှိသေးပါဘူး။

၁၉၉၅ ခုနှစ်  ပြည်သူ့ရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေး နည်းဥပဒေ ပုဒ်မှ ၄၇ (ဂ) မှာတော့  ရဲတရားရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ပြစ်ဒဏ်ချမှတ်ချက်တို့ကို ထုတ်ပြန်ကြေညာတာ ပြောဆိုတာ မလုပ်ရဘူးလို့ ဖော်ပြထားပါတယ်။

ပုဒ်မ ၇၄ မှာတော့ ရဲတရားရုံးဆုံးဖြတ်ချက်ကိုဖြစ်စေ၊ ပြစ်ဒဏ်ချမှတ်ချက်ကိုဖြစ်စေ နစ်နာစေတယ်လို့ ယူဆရင် ရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာ ဝန်ကြီးထံအသနားခံစာ တင်သွင်းခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ရဲတပ်ဖွဲ့ဝင်တစ်ဦးရဲ့ ဇနီးဖြစ်သူက သူ့ခင်ပွန်း ရာထူးတိုးဖို့အတွက် အထက်အရာရှိကို ငွေကြေးတစ်စုံတစ်ရာ ပေးခဲ့ရသလို အထက်အရာရှိတွေရဲ့ ကတော်တွေ အနားမှာနေပြီး လိုအပ်တာ လုပ်ကိုင်ပေးရတဲ့ အခြေအနေလည်း ကြုံခဲ့ရတယ်လို့ ပြောပါတယ်။

“တာဝန်ထမ်းဆောင်နေရတာက အမျိုးသားပါ၊ အမျိုးသမီးတွေနဲ့ အဆင်မပြေခဲ့လို့ရှိရင်လည်း အမျိုးသားကို အပြစ်ပေးတာတွေ တွေ့ရတယ် နောက်တစ်ခု လူကြီးတစ်ယောက်ရဲ့ အမျိုးသမီးခိုင်းတာကို မလုပ်ပေးခဲ့လို့ ငြိုငြင်ခဲ့ရင်လည်း အပြစ်တစ်ခု ပေးအပ်ခံရတယ်။ မြို့နယ်မှူးတစ်ယောက်ရဲ့ မျက်နှာကောင်းမှ ကျမတို့ရဲ့ အမျိုးသားတွေက နေရာရမယ်ဆိုတာမျိုးတွေ သက်ရောက်နေပါတယ်။ KTV တစ်ခုဖမ်းမယ်ဆိုရင်တောင်မှ အောက်ခြေစခန်းကလောက် ဖမ်းခိုင်းလို့ရှိရင် မမိဘူးလို့ထင်တယ်၊ သူတို့အကြောင်းကြားမှာလေ အကြောင်းကြားမှာ ဖြစ်တဲ့အတွက်ကြောင့်မို့ ဖမ်းမမိဘူး၊ အပေါ်က ဆင်းဖမ်းမှ တိတ်တိလေး ခိုးဖမ်းမှ မိပါမယ်၊ လောင်းကစားတွေဆိုရင်လည်း ဒီလိုပဲ အောက်ခြေမှာကို ဖမ်းခိုင်းရင် မမိပါဘူး သူတို့သိရင် သတင်းပို့ပြီးတော့ ဖျက်သိမ်းလိုက်ပါတယ်”

ရိုက်တာသတင်းထောက် နှစ်ဦးဖမ်းဆီးခံရတဲ့အမှုမှာ ပါဝင်ပတ်သက်ခဲ့ပြီး ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ ဒုရဲမှူးဟောင်း မိုးရန်နိုင်ကလည်း ရာထူးတိုးဖို့အတွက် ငွေပေးရတဲ့ အကျင့်ပျက်ခြစားမှုတွေဟာ အရိုးစွဲနေတဲ့ အစဉ်အလာတခုဖြစ်နေပြီလို့ ပြောပါတယ်။

“ကျနော်တို့ခေတ်ကတော့ တစ်ယောက်နဲ့ တစ်ယောက် ရေးဖြေစာမေးပွဲဖြေလို့ရှိရင် ဖြေရတဲ့ဘာသာရပ်တွေ ပတ်သက်ရင် ဒီဥပဒေစာတွေပဲဖြစ်တော့ ရေးဖြေမှာအမှတ်က သိပ်မကွာဘူးဗျ။ ဘယ်နေရာ ကွာလဲဆိုတော့ အများစုပါတာကတော့ အဲဒီအကြီးအကဲတွေရဲ့ အနီးကပ်တာဝန် ထမ်းဆောင်တဲ့သူတွေပေါ့ PSO လိုလူမျိုးတို့ နောက်တစ်ခါ သူတို့ကို အများကြီး ရှာဖွေပေးနိုင်တဲ့ အရာရှိမျိုးတွေပဲ သူတို့က အမြန်ဆုံးတိုးသွားကြတာ၊ သာမာန်ရိုးကျ ကျော်ဖြတ်တဲ့လူကျတော့ တော်တော်ကို မလွယ်တာပါ”

ဒုရဲမှူး မိုင်းရန်နိုင်ရဲ့ ပြောဆိုချက်တွေ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အပေါ်စွပ်စွဲပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတွေဆီကို RFA ကဆက်သွယ်မေးမြန်းပေမယ့် ဖြေကြားတာ မရှိပါဘူး။

ရဲတပ်ဖွဲ့ဝင် အကြီးအကဲနေရာ ယူထားတဲ့သူတွေဟာ တပ်မတော် အရာရှိတွေကနေ ရဲတပ်ဖွဲ့ထဲကို အသွင်ပြောင်း နေရာယူလာတဲ့အတွက်ကြောင့် ရဲကျင့်ဝတ်တွေနဲ့ ပတ်သက်ပြီး အားနည်းချက် ရှိနိုင်တယ်လို့ ပြောဆိုသူတွေလည်း ရှိလာပါတယ်။

“ရောက်လာတဲ့သူတွေကလည်းပဲ ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေ နားမလည် မသိတဲ့အခါကျတော့ ဒီလို ဖြစ်နေတာပေါ့ ဌာနဆိုင်ရာမှာလည်း တော်တော်များများကတော့ အသွင်ပြောင်းတွေပဲ များတယ်လေ သူတို့တွေကလည်းပဲ တပ်မတော်က ကူးပြောင်းလာတဲ့ စိတ်ကိုဖျောက်ပြီးတော့ ဌာဆိုင်ရာရဲ့ လုပ်ထုံးလုပ် နည်းတွေ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာမယ်၊ ငါ တပ်ကပြောင်းလာတာပဲ ငါ့ဆီမှာ ဘယ်သူအားကိုး ဘယ်ဝါရှိတယ်ဆိုတဲ့ဟာတွေ ဖျောက်ပြီးတော့ နေလိုက်မယ်ဆိုရင်တော့ အဆင်ပြေသွားမယ်လို့ ယူဆရ ပါတယ်။ တချို့ဆိုရင်လည်းပဲ ပြောင်းလာတဲ့သူတွေ တော်တော်များများ ကောင်းပါတယ်၊ အမျိုးသမီးကိစ္စ ရှင်းတယ်၊ လာဘ်ပေးလာဘ်ယူ တော်တော်တန်တန် မရှိဘူး”

အငြိမ်းစား ဒုရဲမှူးကြီးဟောင်း ဦးသိန်းအောင် ပြောသွားတာပါ။

ရဲတပ်ဖွဲ့ဝင်တွေထဲမှာ လာဘ်ပေးလာဘ်ယူမှုတွေ ဖြစ်ပေါ်လာတာကလည်း လစာမလောက်ငှမှုတွေ အမှုလိုက်ချိန်မှာ နိုင်ငံတော်နဲ့ ဝန်ကြီးဌာနရဲ့ ထောက်ပံ့မှုတွေမှာ လိုအပ်ချက်တွေ ရှိနေသေးတဲ့ အတွက်ကြောင့်ဖြစ်မယ်လို့ သူ့ရဲ့ အယူအဆကို ပြောပါတယ်။

ရဲတပ်ဖွဲ့ကိုဝင်ရောက်လာတဲ့ အများခေါ်တဲ့ မိုးကျရွှေကိုယ်လို့ခေါ်တဲ့ အသွင်ပြောင်း ဝန်ထမ်းတွေ အနေနဲ့ ရဲစည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကျင့်သုံးဖို့ ရဲဝန်ထမ်းဟောင်း အများစုက ဝေဖန်ထောက်ပြကြပါတယ်။

“ဥပဒေကို ကာကွယ်စောင့်ရှောက်နေတဲ့သူ တစ်ယောက်က ဥပဒေကိုချိုးဖောက်တယ်ဆိုတာ ဒါမဖြစ်သင့် ကိစ္စပဲ၊ အုပ်ချုပ်တဲ့ လူကြီးတွေကိုယ်တိုင်က အဲလိုဖြစ်တယ်ဆိုတာက မဖြစ်သင့်တဲ့ကိစ္စပဲ ဘာဖြစ်လို့လဲ ဆိုတော့ ဒါရဲလုပ်ငန်းကို မကျွမ်းကျင်တဲ့လူတွေရဲ့ လုပ်ရပ်တွေပေါ့၊ ဥပဒေကို မလိုက်နာလို့ပေါ့၊ ရဲလုပ်ငန်းမှာ ရဲသမိုင်းမှာ ရှိပြီးသားပဲ၊ ညွှန်ကြားချက်သတ်မှတ်ချက် ရဲလက်စွဲနဲ့ အညီလုပ်လို့ရှိရင် ဘာမှအန္တရာယ်မဖြစ်ဘူး ရဲလက်စွဲမှာ သတ်မှတ်ချက်တွေ ညွှန်ကြားချက်တွေ အမိန့်တွေပါပြီးသား အဲအတိုင်းသာလုပ်သွားလို့ရှိရင် လာဘ်ပေး လာဘ်ယူတွေလည်း လုပ်စရာမလိုဘူး၊ ကိုယ့်လုပ်ငန်းကိုပဲ တစ်စိုက်မတ်မတ်သာ လုပ်သွားလို့ရှိရင် ဒီလိုကိစ္စတွေက ဖြစ်လာစရာကို မရှိဘူး”

အငြိမ်းစား ရဲမှူးဟောင်း ဒေါ်သီသီမြင့် ပြောသွားတာပါ။

ဝေဖန်မှုတွေ ထွက်ပေါ်နေပေမယ့် နိုင်ငံတော်အဆင့် ဖြေရှင်းမှုတွေကတော့ အများပြည်သူ ကျေနပ်လောက်တဲ့ အဖြေမရှိသေးပါဘူး။ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲတပ်ဖွဲ့ဝင်တွေနဲ့ သံသယနဲ့ ဖမ်းဆီးထားသူတွေကို  အမှုစစ်ဆေး ချိန်တွေမှာ နှိပ်စက်ညှဉ်းပန်းမှုတွေ ရှိခဲ့တဲ့အတွက် သေဆုံးသွားသူတွေ ဒဏ်ရာအပြင်းအထန် ရသွားသူတွေ ဟာလည်း မြန်မာနိုင်ငံ အနှံ့အပြားမှာရှိနေပြီး အပြစ်ပေးအရေးယူမှုအပိုင်းတွေမှာ ပွင့်လင်းမြင်သာစွာ ချပြမှုမရှိတဲ့အပြင် အချို့တိုင်ကြားမှုတွေဟာ ယနေ့အချိန်အထိ တရားမျှတမှု မရှိခဲ့တာတွေလည်း ရှိနေပါတယ်။

ရဲမှူးချုပ် ဇော်မိုးသန်းကို တိုင်ကြားထားတဲ့ အမျိုးသမီးရဲမေတွေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ဖြေကြားတာလည်း မရှိသေးပါဘူး။ ရဲမှူးချုပ် ဇော်မိုးသန်းဟာ ရာထူးကို အသုံးပြုပြီး စွပ်စွဲချက်အတိုင်း အမှန်တကယ် ကျူးလွန်မယ် ဆိုရင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ ငြိစွန်းနိုင်တဲ့အတွက် အရေးယူသင့်တယ်လို့ ဥပဒေပညာရှင် တွေက တိုက်တွန်းကြပါတယ်။

“အခုတော်တော်များများက ဖြစ်နေတာက ငွေကြေးပတ်သက်မှ အဂတိလို့ပဲ သတ်မှတ်ပြီးတော့ လုပ်နေကြ တာတွေပါ၊ ဒါပေမဲ့ တကယ်ကျတော့ အကတိဆိုတာက ကတိလေးပါး ဘရာကတိ ဒေါသကတိဘာညာပေါ့ဗျာ၊ တကယ်ကျတော့ အကတိထဲမှာ အခွင့်အရေးတစ်ခုပေးတာပေါ့ဗျာ၊ မလျော်သြဇာသုံးပြီးတော့မှ အခွင့်အရေး တစ်ခုကိုယူတာ အဲဒါတွေက အကတိထဲပါမှာပေါ့ဗျာ၊ ပါရမှာပေါ့ဗျာ”

တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော် ပြောသွားတာပါ။

မြန်မာနိုင်ငံရဲ့တရားဥပဒေဟာလည်း အားရကျေနပ်စရာ မရှိတော့ တိုင်ကြားထားသူတွေအတွက် တရားမျှတမှု ရှိပါ့မလားဆိုတာ စောင့်ကြည့်ရမယ်လို့ သူက ဆိုပါတယ်။ တရားဥပဒေစိုးမိုးရေး မဏ္ဍိုင်မှာ အဓိကအစိတ်အပိုင်း တခုအနေနဲ့ မားမားမတ်မတ်ရှိနေရမယ့်၊ အမျိုးသမီးတွေအပေါ် လိင်အကြမ်းဖက်မှုတွေကို စစ်ဆေးအရေးယူရမယ့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ထိပ်တန်းအရာရှိ တစ်ဦးကိုယ်တိုင် လိင်အကြမ်းဖက်မှု ကျူးလွန်တယ်ဆိုတာဟာ အများပြည်သူရဲ့ ယုံကြည်မှု ကျဆင်းစေသလို ရဲတပ်ဖွဲ့ဝင် ဟောင်းတွေ၊ လက်ရှိတာဝန် ထမ်းဆောင်နေသူတွေ အနေနဲ့လည်း ဂုဏ်သိက္ခာ ထိခိုက်စေတယ်လို့ ဝေဖန်နေကြပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ အင်အား ၉ သောင်းကျော်ရှိပြီး ၂၀၁၂ ခုနှစ် နောက်ပိုင်းမှာတော့ အမျိုးသမီးရဲမေ ၂၀ ရာခိုင်နှုန်းကျော် တိုးမြှင့်ခန့်ထားခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက သတင်းမီဒီယာတွေမှာ ဖြေကြားထားပါတယ်။

ရဲတပ်ဖွဲ့ကို ၁၈၈၇ ခုနှစ် အောက်တိုဘာက တည်ထောင်နိုင်ဖို့ ကြိုးစားခဲ့ပြီး ၁၉၆၄ ခုနှစ်ကစလို့ ပြည်သူ့ ရဲတပ်ဖွဲ့ဆိုပြီး တည်ထောင်ခဲ့တာဖြစ်ပါတယ်။

၁၉၉၅ ခုနှစ်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုပြီး အမည်ပြောင်းလဲ ခေါ်ဝေါ်ခဲ့တာ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှာဆိုရင် ၅၄ နှစ်တိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ကူညီပါရစေဆိုတဲ့ ရဲတပ်ဖွဲ့ရဲ့ ဆောင်ပုဒ်နဲ့အညီ တရားဥပဒေရဲ့ အကာအကွယ် လိုအပ်နေတဲ့ ပြည်သူတွေအပေါ် အပြည့်အ၀ မကူညီနိုင်တဲ့ အများပြည်သူရဲ့ ယုံကြည်အားကိုးမှု ကျဆင်းနေတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဟာ ပြုပြင်ပြောင်းလဲမှုတွေ အရှိန်မြှင့်လုပ်ဆောင်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။

အောင်သိင်္ခ / RFA Burmese
-------------------------------------
(Zawgyi)⤵⤵⤵
ရာထူးအလြဲသုံးစားလုပ္တယ္လို႔ ရဲတပ္ဖြဲ႕ ေဝဖန္ခံေနရ

ရဲတပ္ဖြဲ႕အတြင္း ရာထူးအလြဲသုံးစားလုပ္မႈေၾကာင့္ အမ်ားျပည္သူ ယုံၾကည္ေလးစားမႈ က်ဆင္းေစတယ္လို႔ ေဝဖန္ခံေနရပါတယ္။ လာဘ္စားမႈ၊ လိင္ပိုင္းဆိုင္ရာ အျမတ္ထုတ္မႈရွိတယ္လို႔ စြပ္စြဲခံေနရတဲ့ အရာရွိတစ္ဦး ကိုေတာ့ မၾကာေသးခင္က ရဲစည္းကမ္းထိန္းသိမ္းေရး ဥပေဒနဲ႔ အေရးယူလိုက္တယ္လို႔ ရဲတပ္ဖြဲ႕က ေျပာပါတယ္။

စတင္တည္ေထာင္ခ်ိန္တည္းက ျပဳျပင္ေျပာင္းလဲမႈေတြရွိခဲ့တဲ့ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဟာ အခု ႏွစ္ေပါင္း ၅၀ ေက်ာ္ခ်ိန္မွာေတာ့ ရဲတပ္ဖြဲ႕ဝင္ေတြၾကားထဲ ရာထူးတိုးႏိုင္ဖို႔ အထက္အရာရွိကို လာဘ္ထိုးရတာ၊ အမ်ိဳးသမီး ရဲေမတခ်ိဳ႕ လိင္အျမတ္ထုတ္ခံရတာ ရွိေနတယ္ဆိုၿပီး ရဲတပ္ဖြဲ႕ဝင္ေတြၾကားထဲ ထုတ္ေဖာ္ေျပာဆိုလာၾကပါၿပီ။

ရဲတပ္ဖြဲ႕ဝင္ေတြၾကားထဲမွာ ရာထူးကို အလြဲသုံးစားလုပ္ ဖိႏွိပ္အႏိုင္က်င့္တာ၊ အထက္အရာရွိရဲ႕ ဖိအားေပးတာ ေတြကို မခံႏိုင္တဲ့အတြက္ ေသေၾကာင္းႀကံစည္သူတခ်ိဳ႕လည္း ရွိခဲ့ပါတယ္။

“က်ေနာ္တို႔ ရဲတပ္ဖြဲ႕မွာ ဖိအားေတြအမ်ားႀကီး ရွိပါတယ္။ က်ေနာ္နဲ႔ တစ္ပတ္စဥ္တည္း ပန္းတေနာ္ရဲ စခန္းမွာ တာဝန္က်ခဲ့တဲ့ ဒုရဲအုပ္ေကာင္းျမတ္သူဆိုတာရွိပါတယ္၊ သူဟာ အေပၚကဖိအားဒဏ္ေတြ မခံႏိုင္တဲ့အဆုံးမွာ ကိုယ့္ကိုကိုယ္ ေသေၾကာင္းႀကံစည္ပါတယ္။ ေသေၾကာင္းႀကံစည္တဲ့ ႏွစ္ႀကိမ္၊ သုံးႀကိမ္မွာ ေသေၾကာင္းႀကံ စည္မႈ လြတ္ေျမာက္ခဲ့တဲ့ အခါမ်ိဳးက်ေတာ့ ဇနီးသည္ကေခၚၿပီးေတာ့မွ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉးဆီကိုသြားၿပီး အကူအညီေတာင္းပါတယ္။ အကူအညီအေတာင္းတဲ့အခါမွာ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉးကလည္း မကူညီပါဘူး၊ ကိစၥတစ္ခုရွိလို႔ ေသနတ္ျပန္ထုတ္တဲ့ခ်ိန္မွာ သူ႔ေသနတ္နဲ႔ သူ႔ကိုယ္သူ အဆုံးစီရင္ခဲ့တဲ့ ျဖစ္စဥ္ျဖစ္ပြားခဲ့ ပါတယ္။ ဒါေတြဟာ အေပၚရဲ႕ဖိအားဒဏ္ေတြကို က်ေနာ္တို႔ ေအာက္ေျခမွာရွိတဲ့ တပ္ဖြဲ႕ဝင္ေတြ အမ်ားဆုံး ခံရတာပါ”

ဒါကေတာ့ အမည္မေဖာ္လိုတဲ့ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္ တစ္ဦး ေျပာသြားတာပါ။

တာဝန္ထမ္းေဆာင္ဆဲ ျဖစ္တဲ့အတြက္ သူ႔ရဲ႕လုံၿခဳံေရးအတြက္ RFA အေနနဲ႔ နာမည္နဲ႔ရာထူးကို ေဖာ္ျပမထားတာ ျဖစ္ပါတယ္။ ႏိုင္ငံမွာ ဒီမိုကေရစီစနစ္ကို ေဖာ္ေဆာင္ေနေပမယ့္ ရဲတပ္ဖြဲ႕အတြင္းမွာေတာ့ ဒီမိုကေရစီဆိုတာ မရွိဘူးလို႔ သူက မွတ္ခ်က္ျပဳ ေျပာပါတယ္။

NLD အစိုးရရဲ႕ ေလးႏွစ္တာ သက္တမ္းမွာ ရဲတပ္ဖြဲ႕ဝင္တခ်ိဳ႕ကို လာဘ္ေပးလာဘ္ယူမႈနဲ႔ အေရးယူခဲ့ၿပီး လတ္တေလာမွာေတာ့ ထိပ္တန္း ရဲအရာရွိ သုံးဦးကို အေရးယူ စစ္ေဆးေနတာပါ။

“အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒအရ အေရးယူထားတာဆိုလို႔ရွိရင္လည္း ၂၀၁၆ ခုႏွစ္မွာ အရာရွိ ႏွစ္ေယာက္ ၂၀၁၇ ခုႏွစ္မွာ ၅ မႈ အရာရွိ ငါးေယာက္၊ ၂၀၁၈ မွာ ၁ မႈ အရာရွိ တစ္ေယာက္၊ ၂၀၁၉ ခုႏွစ္မွာ ၉ မႈ အရာရွိ ကိုးေယာက္၊ ၂၀၂၀ ဇြန္လ ၁၅ ရက္ေန႔မွာ ၂ မႈ အရာရွိ ႏွစ္ေယာက္ စုစုေပါင္း ၁၈ မႈနဲ႔ အရာရွိ ၁၉ ေယာက္ အေရးယူထားပါတယ္။ တိုင္ၾကားစာကို စစ္ေဆးဆဲျဖစ္ပါတယ္။ စိစစ္ၿပီးလို႔ ေပၚေပါက္လို႔ရွိရင္ေတာ့ သတ္ခ်ဳပ္တို႔ ရဲတရား႐ုံးတို႔အမႈဖြင့္ အေရးယူမွာ ျဖစ္ပါတယ္။ ဒါနဲ႔ပတ္သက္လို႔ ေနာက္ဆုံး အေျခအေနကိုေတာ့ ျပန္ၿပီးေတာ့မွ ေျပာေပးပါ့မယ္”

၂ဝ၂ဝ  ဇြန္လ ၂၂ ရက္ေန႔ ျပည္ထဲေရး ဝန္ႀကီးဌာနရဲ႕ သတင္းစာရွင္းလင္းပြဲမွာ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕  ဒုတိယ ရဲခ်ဳပ္ မ်ိဳးေဆြဝင္းက ေျပာၾကားခဲ့တာပါ။

အေရးယူခံရသူေတြထဲမွာ ရာထူးခန႔္ထားေရးအပိုင္း စီမံခန႔္ခြဲေနတဲ့ ရဲရာထူးခန႔္ခ်ဳပ္ ရဲမႉးခ်ဳပ္ ေဇာ္မိုးသန္းဟာ ရဲတပ္ဖြဲ႕ဝင္ေတြ ရာထူးတိုးဖို႔အတြက္ ေငြေၾကးႏႈန္းထားအမ်ိဳးမ်ိဳး ယူသလို ေငြမတတ္ႏိုင္တဲ့ ရဲေမတခ်ိဳ႕ကို လိင္အျမတ္ထုတ္တယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။

လက္ရွိမွာေတာ့ ရဲမႉးခ်ဳပ္ ေဇာ္မိုးသန္းကို ရဲတရား႐ုံးမွာ စစ္ေဆးၿပီး အမႈေပၚေပါက္တဲ့အတြက္ ျပစ္ဒဏ္ စီရင္လိုက္ၿပီလို႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ရဲမႉးႀကီး ေက်ာ္သီဟကို RFA က ဆက္သြယ္ေမး ျမန္းခ်ိန္မွာ ေျပာပါတယ္။ ေထာင္ဒဏ္ဘယ္ေလာက္ ခ်မွတ္လိုက္တယ္ဆိုတာကိုေတာ့ မသိရွိေသးဘူးလို႔ ေျပာပါတယ္။

"သူတို႔က ရဲတရား႐ုံးနဲ႔ စစ္ေဆးၿပီးေတာ့မွေလ ျပစ္ဒဏ္ခ်လိုက္တာပါ၊ ျပစ္ဒဏ္ခ်တာကိုေတာ့ အတည္ျပဳခ်က္ ယူေနေသးလို႔ေလ"

မီဒီယာအခ်ိဳ႕မွာေတာ့ ရဲမႉးခ်ဳပ္ ေဇာ္မိုးသန္းကို ရမည္းသင္းေထာင္ကိုပို႔ၿပီး ေထာင္ဒဏ္ သုံးႏွစ္ခ်မွတ္လိုက္တယ္လို႔ သတင္းေတြ ထြက္ေပၚေနေပမယ့္ ရဲမႉးႀကီး ေက်ာ္သီဟကေတာ့ ဒီအေပၚမွာ အတည္ျပဳေျပာတာ မရွိေသးပါဘူး။

၁၉၉၅ ခုႏွစ္  ျပည္သူ႔ရဲတပ္ဖြဲ႕ စည္းကမ္းထိန္းသိမ္းေရး နည္းဥပေဒ ပုဒ္မွ ၄၇ (ဂ) မွာေတာ့  ရဲတရား႐ုံးရဲ႕ ဆုံးျဖတ္ခ်က္နဲ႔ ျပစ္ဒဏ္ခ်မွတ္ခ်က္တို႔ကို ထုတ္ျပန္ေၾကညာတာ ေျပာဆိုတာ မလုပ္ရဘူးလို႔ ေဖာ္ျပထားပါတယ္။

ပုဒ္မ ၇၄ မွာေတာ့ ရဲတရား႐ုံးဆုံးျဖတ္ခ်က္ကိုျဖစ္ေစ၊ ျပစ္ဒဏ္ခ်မွတ္ခ်က္ကိုျဖစ္ေစ နစ္နာေစတယ္လို႔ ယူဆရင္ ရက္ေပါင္း ၃၀ အတြင္း သက္ဆိုင္ရာ ဝန္ႀကီးထံအသနားခံစာ တင္သြင္းခြင့္ရွိတယ္လို႔ ျပ႒ာန္းထားပါတယ္။

ရဲတပ္ဖြဲ႕ဝင္တစ္ဦးရဲ႕ ဇနီးျဖစ္သူက သူ႔ခင္ပြန္း ရာထူးတိုးဖို႔အတြက္ အထက္အရာရွိကို ေငြေၾကးတစ္စုံတစ္ရာ ေပးခဲ့ရသလို အထက္အရာရွိေတြရဲ႕ ကေတာ္ေတြ အနားမွာေနၿပီး လိုအပ္တာ လုပ္ကိုင္ေပးရတဲ့ အေျခအေနလည္း ႀကဳံခဲ့ရတယ္လို႔ ေျပာပါတယ္။

“တာဝန္ထမ္းေဆာင္ေနရတာက အမ်ိဳးသားပါ၊ အမ်ိဳးသမီးေတြနဲ႔ အဆင္မေျပခဲ့လို႔ရွိရင္လည္း အမ်ိဳးသားကို အျပစ္ေပးတာေတြ ေတြ႕ရတယ္ ေနာက္တစ္ခု လူႀကီးတစ္ေယာက္ရဲ႕ အမ်ိဳးသမီးခိုင္းတာကို မလုပ္ေပးခဲ့လို႔ ၿငိဳျငင္ခဲ့ရင္လည္း အျပစ္တစ္ခု ေပးအပ္ခံရတယ္။ ၿမိဳ႕နယ္မႉးတစ္ေယာက္ရဲ႕ မ်က္ႏွာေကာင္းမွ က်မတို႔ရဲ႕ အမ်ိဳးသားေတြက ေနရာရမယ္ဆိုတာမ်ိဳးေတြ သက္ေရာက္ေနပါတယ္။ KTV တစ္ခုဖမ္းမယ္ဆိုရင္ေတာင္မွ ေအာက္ေျခစခန္းကေလာက္ ဖမ္းခိုင္းလို႔ရွိရင္ မမိဘူးလို႔ထင္တယ္၊ သူတို႔အေၾကာင္းၾကားမွာေလ အေၾကာင္းၾကားမွာ ျဖစ္တဲ့အတြက္ေၾကာင့္မို႔ ဖမ္းမမိဘူး၊ အေပၚက ဆင္းဖမ္းမွ တိတ္တိေလး ခိုးဖမ္းမွ မိပါမယ္၊ ေလာင္းကစားေတြဆိုရင္လည္း ဒီလိုပဲ ေအာက္ေျခမွာကို ဖမ္းခိုင္းရင္ မမိပါဘူး သူတို႔သိရင္ သတင္းပို႔ၿပီးေတာ့ ဖ်က္သိမ္းလိုက္ပါတယ္”

႐ိုက္တာသတင္းေထာက္ ႏွစ္ဦးဖမ္းဆီးခံရတဲ့အမႈမွာ ပါဝင္ပတ္သက္ခဲ့ၿပီး ေထာင္ဒဏ္ခ်မွတ္ခံခဲ့ရတဲ့ ဒုရဲမႉးေဟာင္း မိုးရန္ႏိုင္ကလည္း ရာထူးတိုးဖို႔အတြက္ ေငြေပးရတဲ့ အက်င့္ပ်က္ျခစားမႈေတြဟာ အ႐ိုးစြဲေနတဲ့ အစဥ္အလာတခုျဖစ္ေနၿပီလို႔ ေျပာပါတယ္။

“က်ေနာ္တို႔ေခတ္ကေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ ေရးေျဖစာေမးပြဲေျဖလို႔ရွိရင္ ေျဖရတဲ့ဘာသာရပ္ေတြ ပတ္သက္ရင္ ဒီဥပေဒစာေတြပဲျဖစ္ေတာ့ ေရးေျဖမွာအမွတ္က သိပ္မကြာဘူးဗ်။ ဘယ္ေနရာ ကြာလဲဆိုေတာ့ အမ်ားစုပါတာကေတာ့ အဲဒီအႀကီးအကဲေတြရဲ႕ အနီးကပ္တာဝန္ ထမ္းေဆာင္တဲ့သူေတြေပါ့ PSO လိုလူမ်ိဳးတို႔ ေနာက္တစ္ခါ သူတို႔ကို အမ်ားႀကီး ရွာေဖြေပးႏိုင္တဲ့ အရာရွိမ်ိဳးေတြပဲ သူတို႔က အျမန္ဆုံးတိုးသြားၾကတာ၊ သာမာန္႐ိုးက် ေက်ာ္ျဖတ္တဲ့လူက်ေတာ့ ေတာ္ေတာ္ကို မလြယ္တာပါ”

ဒုရဲမႉး မိုင္းရန္ႏိုင္ရဲ႕ ေျပာဆိုခ်က္ေတြ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ အေပၚစြပ္စြဲေျပာဆိုခ်က္ေတြနဲ႔ ပတ္သက္ၿပီး ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူေတြဆီကို RFA ကဆက္သြယ္ေမးျမန္းေပမယ့္ ေျဖၾကားတာ မရွိပါဘူး။

ရဲတပ္ဖြဲ႕ဝင္ အႀကီးအကဲေနရာ ယူထားတဲ့သူေတြဟာ တပ္မေတာ္ အရာရွိေတြကေန ရဲတပ္ဖြဲ႕ထဲကို အသြင္ေျပာင္း ေနရာယူလာတဲ့အတြက္ေၾကာင့္ ရဲက်င့္ဝတ္ေတြနဲ႔ ပတ္သက္ၿပီး အားနည္းခ်က္ ရွိႏိုင္တယ္လို႔ ေျပာဆိုသူေတြလည္း ရွိလာပါတယ္။

“ေရာက္လာတဲ့သူေတြကလည္းပဲ ဥပေဒေတြ လုပ္ထုံးလုပ္နည္းေတြ နားမလည္ မသိတဲ့အခါက်ေတာ့ ဒီလို ျဖစ္ေနတာေပါ့ ဌာနဆိုင္ရာမွာလည္း ေတာ္ေတာ္မ်ားမ်ားကေတာ့ အသြင္ေျပာင္းေတြပဲ မ်ားတယ္ေလ သူတို႔ေတြကလည္းပဲ တပ္မေတာ္က ကူးေျပာင္းလာတဲ့ စိတ္ကိုေဖ်ာက္ၿပီးေတာ့ ဌာဆိုင္ရာရဲ႕ လုပ္ထုံးလုပ္ နည္းေတြ စည္းမ်ဥ္းစည္းကမ္းေတြ လိုက္နာမယ္၊ ငါ တပ္ကေျပာင္းလာတာပဲ ငါ့ဆီမွာ ဘယ္သူအားကိုး ဘယ္ဝါရွိတယ္ဆိုတဲ့ဟာေတြ ေဖ်ာက္ၿပီးေတာ့ ေနလိုက္မယ္ဆိုရင္ေတာ့ အဆင္ေျပသြားမယ္လို႔ ယူဆရ ပါတယ္။ တခ်ိဳ႕ဆိုရင္လည္းပဲ ေျပာင္းလာတဲ့သူေတြ ေတာ္ေတာ္မ်ားမ်ား ေကာင္းပါတယ္၊ အမ်ိဳးသမီးကိစၥ ရွင္းတယ္၊ လာဘ္ေပးလာဘ္ယူ ေတာ္ေတာ္တန္တန္ မရွိဘူး”

အၿငိမ္းစား ဒုရဲမႉးႀကီးေဟာင္း ဦးသိန္းေအာင္ ေျပာသြားတာပါ။

ရဲတပ္ဖြဲ႕ဝင္ေတြထဲမွာ လာဘ္ေပးလာဘ္ယူမႈေတြ ျဖစ္ေပၚလာတာကလည္း လစာမေလာက္ငွမႈေတြ အမႈလိုက္ခ်ိန္မွာ ႏိုင္ငံေတာ္နဲ႔ ဝန္ႀကီးဌာနရဲ႕ ေထာက္ပံ့မႈေတြမွာ လိုအပ္ခ်က္ေတြ ရွိေနေသးတဲ့ အတြက္ေၾကာင့္ျဖစ္မယ္လို႔ သူ႔ရဲ႕ အယူအဆကို ေျပာပါတယ္။

ရဲတပ္ဖြဲ႕ကိုဝင္ေရာက္လာတဲ့ အမ်ားေခၚတဲ့ မိုးက်ေ႐ႊကိုယ္လို႔ေခၚတဲ့ အသြင္ေျပာင္း ဝန္ထမ္းေတြ အေနနဲ႔ ရဲစည္းမ်ဥ္းစည္းကမ္းေတြကို လိုက္နာက်င့္သုံးဖို႔ ရဲဝန္ထမ္းေဟာင္း အမ်ားစုက ေဝဖန္ေထာက္ျပၾကပါတယ္။

“ဥပေဒကို ကာကြယ္ေစာင့္ေရွာက္ေနတဲ့သူ တစ္ေယာက္က ဥပေဒကိုခ်ိဳးေဖာက္တယ္ဆိုတာ ဒါမျဖစ္သင့္ ကိစၥပဲ၊ အုပ္ခ်ဳပ္တဲ့ လူႀကီးေတြကိုယ္တိုင္က အဲလိုျဖစ္တယ္ဆိုတာက မျဖစ္သင့္တဲ့ကိစၥပဲ ဘာျဖစ္လို႔လဲ ဆိုေတာ့ ဒါရဲလုပ္ငန္းကို မကြၽမ္းက်င္တဲ့လူေတြရဲ႕ လုပ္ရပ္ေတြေပါ့၊ ဥပေဒကို မလိုက္နာလို႔ေပါ့၊ ရဲလုပ္ငန္းမွာ ရဲသမိုင္းမွာ ရွိၿပီးသားပဲ၊ ၫႊန္ၾကားခ်က္သတ္မွတ္ခ်က္ ရဲလက္စြဲနဲ႔ အညီလုပ္လို႔ရွိရင္ ဘာမွအႏၲရာယ္မျဖစ္ဘူး ရဲလက္စြဲမွာ သတ္မွတ္ခ်က္ေတြ ၫႊန္ၾကားခ်က္ေတြ အမိန႔္ေတြပါၿပီးသား အဲအတိုင္းသာလုပ္သြားလို႔ရွိရင္ လာဘ္ေပး လာဘ္ယူေတြလည္း လုပ္စရာမလိုဘူး၊ ကိုယ့္လုပ္ငန္းကိုပဲ တစ္စိုက္မတ္မတ္သာ လုပ္သြားလို႔ရွိရင္ ဒီလိုကိစၥေတြက ျဖစ္လာစရာကို မရွိဘူး”

အၿငိမ္းစား ရဲမႉးေဟာင္း ေဒၚသီသီျမင့္ ေျပာသြားတာပါ။

ေဝဖန္မႈေတြ ထြက္ေပၚေနေပမယ့္ ႏိုင္ငံေတာ္အဆင့္ ေျဖရွင္းမႈေတြကေတာ့ အမ်ားျပည္သူ ေက်နပ္ေလာက္တဲ့ အေျဖမရွိေသးပါဘူး။ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က ရဲတပ္ဖြဲ႕ဝင္ေတြနဲ႔ သံသယနဲ႔ ဖမ္းဆီးထားသူေတြကို  အမႈစစ္ေဆး ခ်ိန္ေတြမွာ ႏွိပ္စက္ညႇဥ္းပန္းမႈေတြ ရွိခဲ့တဲ့အတြက္ ေသဆုံးသြားသူေတြ ဒဏ္ရာအျပင္းအထန္ ရသြားသူေတြ ဟာလည္း ျမန္မာႏိုင္ငံ အႏွံ႔အျပားမွာရွိေနၿပီး အျပစ္ေပးအေရးယူမႈအပိုင္းေတြမွာ ပြင့္လင္းျမင္သာစြာ ခ်ျပမႈမရွိတဲ့အျပင္ အခ်ိဳ႕တိုင္ၾကားမႈေတြဟာ ယေန႔အခ်ိန္အထိ တရားမွ်တမႈ မရွိခဲ့တာေတြလည္း ရွိေနပါတယ္။

ရဲမႉးခ်ဳပ္ ေဇာ္မိုးသန္းကို တိုင္ၾကားထားတဲ့ အမ်ိဳးသမီးရဲေမေတြနဲ႔ ပတ္သက္ၿပီး တစ္စုံတစ္ရာ ေျဖၾကားတာလည္း မရွိေသးပါဘူး။ ရဲမႉးခ်ဳပ္ ေဇာ္မိုးသန္းဟာ ရာထူးကို အသုံးျပဳၿပီး စြပ္စြဲခ်က္အတိုင္း အမွန္တကယ္ က်ဴးလြန္မယ္ ဆိုရင္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ဥပေဒနဲ႔ ၿငိစြန္းႏိုင္တဲ့အတြက္ အေရးယူသင့္တယ္လို႔ ဥပေဒပညာရွင္ ေတြက တိုက္တြန္းၾကပါတယ္။

“အခုေတာ္ေတာ္မ်ားမ်ားက ျဖစ္ေနတာက ေငြေၾကးပတ္သက္မွ အဂတိလို႔ပဲ သတ္မွတ္ၿပီးေတာ့ လုပ္ေနၾက တာေတြပါ၊ ဒါေပမဲ့ တကယ္က်ေတာ့ အကတိဆိုတာက ကတိေလးပါး ဘရာကတိ ေဒါသကတိဘာညာေပါ့ဗ်ာ၊ တကယ္က်ေတာ့ အကတိထဲမွာ အခြင့္အေရးတစ္ခုေပးတာေပါ့ဗ်ာ၊ မေလ်ာ္ၾသဇာသုံးၿပီးေတာ့မွ အခြင့္အေရး တစ္ခုကိုယူတာ အဲဒါေတြက အကတိထဲပါမွာေပါ့ဗ်ာ၊ ပါရမွာေပါ့ဗ်ာ”

တရားလႊတ္ေတာ္ ေရွ႕ေန ဦးခင္ေမာင္ေဇာ္ ေျပာသြားတာပါ။

ျမန္မာႏိုင္ငံရဲ႕တရားဥပေဒဟာလည္း အားရေက်နပ္စရာ မရွိေတာ့ တိုင္ၾကားထားသူေတြအတြက္ တရားမွ်တမႈ ရွိပါ့မလားဆိုတာ ေစာင့္ၾကည့္ရမယ္လို႔ သူက ဆိုပါတယ္။ တရားဥပေဒစိုးမိုးေရး မ႑ိဳင္မွာ အဓိကအစိတ္အပိုင္း တခုအေနနဲ႔ မားမားမတ္မတ္ရွိေနရမယ့္၊ အမ်ိဳးသမီးေတြအေပၚ လိင္အၾကမ္းဖက္မႈေတြကို စစ္ေဆးအေရးယူရမယ့္ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ရဲ႕ ထိပ္တန္းအရာရွိ တစ္ဦးကိုယ္တိုင္ လိင္အၾကမ္းဖက္မႈ က်ဴးလြန္တယ္ဆိုတာဟာ အမ်ားျပည္သူရဲ႕ ယုံၾကည္မႈ က်ဆင္းေစသလို ရဲတပ္ဖြဲ႕ဝင္ ေဟာင္းေတြ၊ လက္ရွိတာဝန္ ထမ္းေဆာင္ေနသူေတြ အေနနဲ႔လည္း ဂုဏ္သိကၡာ ထိခိုက္ေစတယ္လို႔ ေဝဖန္ေနၾကပါတယ္။

ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွာ အင္အား ၉ ေသာင္းေက်ာ္ရွိၿပီး ၂၀၁၂ ခုႏွစ္ ေနာက္ပိုင္းမွာေတာ့ အမ်ိဳးသမီးရဲေမ ၂၀ ရာခိုင္ႏႈန္းေက်ာ္ တိုးျမႇင့္ခန႔္ထားခဲ့တယ္လို႔ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ တာဝန္ရွိသူတစ္ဦးက သတင္းမီဒီယာေတြမွာ ေျဖၾကားထားပါတယ္။

ရဲတပ္ဖြဲ႕ကို ၁၈၈၇ ခုႏွစ္ ေအာက္တိုဘာက တည္ေထာင္ႏိုင္ဖို႔ ႀကိဳးစားခဲ့ၿပီး ၁၉၆၄ ခုႏွစ္ကစလို႔ ျပည္သူ႔ ရဲတပ္ဖြဲ႕ဆိုၿပီး တည္ေထာင္ခဲ့တာျဖစ္ပါတယ္။

၁၉၉၅ ခုႏွစ္မွာ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဆိုၿပီး အမည္ေျပာင္းလဲ ေခၚေဝၚခဲ့တာ ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာ ၁ ရက္ေန႔မွာဆိုရင္ ၅၄ ႏွစ္တိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

ကူညီပါရေစဆိုတဲ့ ရဲတပ္ဖြဲ႕ရဲ႕ ေဆာင္ပုဒ္နဲ႔အညီ တရားဥပေဒရဲ႕ အကာအကြယ္ လိုအပ္ေနတဲ့ ျပည္သူေတြအေပၚ အျပည့္အ၀ မကူညီႏိုင္တဲ့ အမ်ားျပည္သူရဲ႕ ယုံၾကည္အားကိုးမႈ က်ဆင္းေနတဲ့ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ဟာ ျပဳျပင္ေျပာင္းလဲမႈေတြ အရွိန္ျမႇင့္လုပ္ေဆာင္ဖို႔ လိုအပ္ေနၿပီျဖစ္ပါတယ္။

ေအာင္သိခၤ / RFA Burmese
https://www.rfa.org/burmese/news/myanmar-police-force-corruptions-07062020060021.html
ရာထူးအလွဲသုံးစားလုပ်တယ်လို့ ရဲတပ်ဖွဲ့ ဝေဖန်ခံနေရ ရာထူးအလွဲသုံးစားလုပ်တယ်လို့ ရဲတပ်ဖွဲ့ ဝေဖန်ခံနေရ Reviewed by THITHTOOLWIN on 19:52 Rating: 5
Powered by Blogger.