မူဆယ်မှာ တပ်မတော်နဲ့ KIA တို့ တိုက်ပွဲဖြစ်

(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် ထိန်းချုပ်ကာကွယ်ရေးအတွက် တပ်မတော်က အပစ်ရပ်ကြေညာထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်ထဲမှာ ဇွန်လ ၆ ရက် မနေ့ညက ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ တပ်မတော်တို့ တိုက်ပွဲ နှစ်ကြိမ် ဖြစ်ခဲ့တာပါ။

တိုက်ပွဲဖြစ်တဲ့နေရာဟာ KIA တပ်မဟာ (၆) လက်အောက်ခံတပ်ရင်း (၉)တပ်ဖွဲ့တွေ အခြေချနေတဲ့ ထန်ဖာတောင်နဲ့ လယန်းကုန်းနေရာမှာ ဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားတာ မှန်ကန်ပေမယ့် ဘာကြောင့်ဖြစ်တယ်ဆိုတာနဲ့ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။

"တိုက်ပွဲဖြစ်တယ်ဆိုတာလောက်ပဲ ကြားပါတယ်၊ အောက်ခြေကတော့ ဘာမှ သတင်းမတက်သေးဘူး၊ စစ်ဘက်ဆိုင်ရာ သတင်းတွေကတော့ အခုထိတော့မတက်သေးဘူး၊ ဒါပေမဲ့ ဖြစ်တာကတော့ သေချာလောက်ပါပီ၊ အတည်ပြု ပြောလို့ရလောက်ပါပီ၊ ဒါပေမဲ့ ခုနကပြောသလိုပေါ့ တိုက်ပွဲ အခြေအနေတွေကတော့ မသိရသေးပါဘူး။"

အမည်မသိ တပ်မတော် စစ်ကြောင်းတစ်ကြောင်းက ဟူးဖြတ်ဘက်ကနေ KIA တပ်ရင်း (၉) နေရာကို ချီတက်လာတာကြောင့် တိုက်ပွဲဖြစ်တာဖြစ်ပြီး KIA ဘက်က ထိခိုက်သေဆုံးမှုမရှိဘူးလို့ KIA တပ်မဟာ (၆) အရာရှိတစ်ယောက်က ကချင်သတင်းဌာန Kachin News Group ကို ဖြေဆိုထားပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့

"ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် တပ်မတော်က ရခိုင်ဒေသကလွဲပြီး ကျန်တဲ့နေရာတွေမှာ မေလ ၁၀ ရက်ကနေ သြဂုတ်လကုန်အထိ အပစ်ရပ်ထားမယ်လို့ ထုတ်ပြန်ထားပြီး မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကလည်း ဇွန်လကနေ သြဂုတ်လကုန်အထိ အပစ်ရပ်ထားမယ်လို့ ထုတ်ပြန်ထားတာပါ။"

ဒါပေမဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက မြောက်ပိုင်းမဟာမိတ် လေးဖွဲ့ရှိတဲ့ ဒေသတွေမှာ တိုက်ပွဲတွေ မကြာခဏဆိုသလို ဖြစ်ပွားနေပါတယ်။

မနေ့ညက တိုက်ပွဲဖြစ်ပွားတယ်ဆိုတဲ့သတင်းလည်း မကြားရသေးဘဲ လူတွေရှိနေတဲ့နေရာမှာ မဖြစ်နိုင်ကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဒေါ်ခွန်ဂျာက ဒေါ်ခွန်ဂျာက ပြောပါတယ်။

"ကျမတို့ကတော့ဘာမှမကြားဘူးရှင့်၊ မကြားဘူးဆိုတာက ကျမတို့က ဗန်းမော်ဘက်ဆိုတော့ မူဆယ်နဲ့က အဆက်အသွယ်ပြတ်နေတယ်၊ အခုပို့စ်တွေက အကုန်လုံးက မြို့ပေါ်မှာမဟုတ်ဘူးဆိုတော့ ကျမတို့လည်း မသိနိုင်ဘူးဖြစ်နေတယ်ရှင့်၊ ကြည့်ရတာ ပို့စ်က ရွာနားမှာ မရှိဘူးထင်တယ်၊ ဘာလို့လဲဆိုရင် ရွာသားတွေတစ်ယောက် မှပြောသံမကြားဘူးရှင့် အခုထိက၊ အဲဘက်မှာက အစုံရှိတယ်ဆိုတော့ ဘယ်ကဘယ်သူလဲမှန်းတောင်မသိဘူးရှင့် အဲဒါကျတော့၊ ရွာသားတွေကလည်း တိုက်ပွဲသံကြားတယ်ဆိုရင်တောင် ဒါဘယ်သူနဲ့ဖြစ်တယ်ဆိုတာ သိဖို့ခက်ပါတယ်။"

အပစ်ရပ်ထားတဲ့အဖွဲ့တွေရော မရပ်ထားတဲ့အဖွဲ့တွေရောရှိလို့ တိုက်ပွဲတွေ အချိန်မရွေးဖြစ်နိုင်တဲ့နေရာ ဖြစ်တယ်လို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

"အဲဘက်မှာကတော့ တော်တော်လေးရှုပ်ထွေးတဲ့နေရာ ဖြစ်နေတယ်၊ လက်နက်ကိုင်တဲ့ တပ်ဖွဲ့တွေလည်း အားလုံးကတော့ ဝိုင်းရှိနေတဲ့နေရာဖြစ်နေတယ်၊ အပစ်အခတ် ရပ်စဲရေးလုပ်ထားတဲ့ အဖွဲ့တွေရှိသလို မလုပ်ထားတဲ့အဖွဲ့တွေလည်း ရှိတယ်၊ ဆိုတော့ တိုက်ပွဲတွေကတော့ အချိန်မရွေးဖြစ်နိုင်တဲ့ နေရာဖြစ်တယ်လို့ ကျနော်ပြောလိုခြင်းဖြစ်ပါတယ်၊ အချိန်မရွေးဖြစ်နိုင်တယ်၊ အဲဒါကြောင့် ဘာဖြစ်လို့ဆိုတာကတော့ တော်တော်လည်းပြောဖို့ခက်ပါတယ် အဲ့နေရာမှာတော့။"

တပ်မတော်နဲ့ KIA တို့ အခုလိုတိုက်ပွဲပြန်ဖြစ်တဲ့ အခြေအနေကိုသိနိုင်ဖို့ တိုက်ပွဲဖြစ်ပွားရာဒေသက ဒေသခံတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၉ ခုနှစ် တစ်နှစ်အတွင်း တပ်မတော်နဲ့ TNLA တိုက်ပွဲပေါင်း ၁၅၂ ကြိမ် ရှိခဲ့သလို ကိုးကန့်၊ AA နဲ့ TNLA သုံးဖွဲ့ပေါင်းနဲ့ဖြစ်တဲ့ တိုက်ပွဲက ၅၆ ကြိမ်ရှိခဲ့ပြီး KIA၊ TNLA ပူးပေါင်းအဖွဲ့နဲ့ဖြစ်တဲ့ တိုက်ပွဲက ၁၁ ကြိမ်ရှိခဲ့တယ်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

သန့်ဇင်ဦး / RFA Burmese
------------------------------------

(Zawgyi)⤵⤵⤵
မူဆယ္မွာ တပ္မေတာ္နဲ႔ KIA တို႔ တိုက္ပြဲျဖစ္

ကို႐ိုနာဗိုင္းရပ္စ္ အႏၲရာယ္ ထိန္းခ်ဳပ္ကာကြယ္ေရးအတြက္ တပ္မေတာ္က အပစ္ရပ္ေၾကညာထားတဲ့ ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕နယ္ထဲမွာ ဇြန္လ ၆ ရက္ မေန႔ညက ကခ်င္လြတ္ေျမာက္ေရးတပ္မေတာ္ KIA နဲ႔ တပ္မေတာ္တို႔ တိုက္ပြဲ ႏွစ္ႀကိမ္ ျဖစ္ခဲ့တာပါ။

တိုက္ပြဲျဖစ္တဲ့ေနရာဟာ KIA တပ္မဟာ (၆) လက္ေအာက္ခံတပ္ရင္း (၉)တပ္ဖြဲ႕ေတြ အေျခခ်ေနတဲ့ ထန္ဖာေတာင္နဲ႔ လယန္းကုန္းေနရာမွာ ျဖစ္ပါတယ္။

တိုက္ပြဲျဖစ္ပြားတာ မွန္ကန္ေပမယ့္ ဘာေၾကာင့္ျဖစ္တယ္ဆိုတာနဲ႔ အေသးစိတ္ကိုေတာ့ မသိရေသးဘူးလို႔ KIA ေျပာခြင့္ရ ဗိုလ္မႉးႀကီး ေနာ္ဘူက RFA ကို ေျပာပါတယ္။

"တိုက္ပြဲျဖစ္တယ္ဆိုတာေလာက္ပဲ ၾကားပါတယ္၊ ေအာက္ေျခကေတာ့ ဘာမွ သတင္းမတက္ေသးဘူး၊ စစ္ဘက္ဆိုင္ရာ သတင္းေတြကေတာ့ အခုထိေတာ့မတက္ေသးဘူး၊ ဒါေပမဲ့ ျဖစ္တာကေတာ့ ေသခ်ာေလာက္ပါပီ၊ အတည္ျပဳ ေျပာလို႔ရေလာက္ပါပီ၊ ဒါေပမဲ့ ခုနကေျပာသလိုေပါ့ တိုက္ပြဲ အေျခအေနေတြကေတာ့ မသိရေသးပါဘူး။"

အမည္မသိ တပ္မေတာ္ စစ္ေၾကာင္းတစ္ေၾကာင္းက ဟူးျဖတ္ဘက္ကေန KIA တပ္ရင္း (၉) ေနရာကို ခ်ီတက္လာတာေၾကာင့္ တိုက္ပြဲျဖစ္တာျဖစ္ၿပီး KIA ဘက္က ထိခိုက္ေသဆုံးမႈမရွိဘူးလို႔ KIA တပ္မဟာ (၆) အရာရွိတစ္ေယာက္က ကခ်င္သတင္းဌာန Kachin News Group ကို ေျဖဆိုထားပါတယ္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းကေတာ့

"ကို႐ိုနာဗိုင္းရပ္စ္ အႏၲရာယ္ေၾကာင့္ တပ္မေတာ္က ရခိုင္ေဒသကလြဲၿပီး က်န္တဲ့ေနရာေတြမွာ ေမလ ၁၀ ရက္ကေန ၾသဂုတ္လကုန္အထိ အပစ္ရပ္ထားမယ္လို႔ ထုတ္ျပန္ထားၿပီး ေျမာက္ပိုင္း တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ေတြကလည္း ဇြန္လကေန ၾသဂုတ္လကုန္အထိ အပစ္ရပ္ထားမယ္လို႔ ထုတ္ျပန္ထားတာပါ။"

ဒါေပမဲ့ ရွမ္းျပည္နယ္ ေျမာက္ပိုင္းက ေျမာက္ပိုင္းမဟာမိတ္ ေလးဖြဲ႕ရွိတဲ့ ေဒသေတြမွာ တိုက္ပြဲေတြ မၾကာခဏဆိုသလို ျဖစ္ပြားေနပါတယ္။

မေန႔ညက တိုက္ပြဲျဖစ္ပြားတယ္ဆိုတဲ့သတင္းလည္း မၾကားရေသးဘဲ လူေတြရွိေနတဲ့ေနရာမွာ မျဖစ္ႏိုင္ေၾကာင္း ကခ်င္ၿငိမ္းခ်မ္းေရးကြန္ရက္က ေဒၚခြန္ဂ်ာက ေဒၚခြန္ဂ်ာက ေျပာပါတယ္။

"က်မတို႔ကေတာ့ဘာမွမၾကားဘူးရွင့္၊ မၾကားဘူးဆိုတာက က်မတို႔က ဗန္းေမာ္ဘက္ဆိုေတာ့ မူဆယ္နဲ႔က အဆက္အသြယ္ျပတ္ေနတယ္၊ အခုပို႔စ္ေတြက အကုန္လုံးက ၿမိဳ႕ေပၚမွာမဟုတ္ဘူးဆိုေတာ့ က်မတို႔လည္း မသိႏိုင္ဘူးျဖစ္ေနတယ္ရွင့္၊ ၾကည့္ရတာ ပို႔စ္က ႐ြာနားမွာ မရွိဘူးထင္တယ္၊ ဘာလို႔လဲဆိုရင္ ႐ြာသားေတြတစ္ေယာက္ မွေျပာသံမၾကားဘူးရွင့္ အခုထိက၊ အဲဘက္မွာက အစုံရွိတယ္ဆိုေတာ့ ဘယ္ကဘယ္သူလဲမွန္းေတာင္မသိဘူးရွင့္ အဲဒါက်ေတာ့၊ ႐ြာသားေတြကလည္း တိုက္ပြဲသံၾကားတယ္ဆိုရင္ေတာင္ ဒါဘယ္သူနဲ႔ျဖစ္တယ္ဆိုတာ သိဖို႔ခက္ပါတယ္။"

အပစ္ရပ္ထားတဲ့အဖြဲ႕ေတြေရာ မရပ္ထားတဲ့အဖြဲ႕ေတြေရာရွိလို႔ တိုက္ပြဲေတြ အခ်ိန္မေ႐ြးျဖစ္ႏိုင္တဲ့ေနရာ ျဖစ္တယ္လို႔ KIA ေျပာခြင့္ရ ဗိုလ္မႉးႀကီးေနာ္ဘူက ေျပာပါတယ္။

"အဲဘက္မွာကေတာ့ ေတာ္ေတာ္ေလးရႈပ္ေထြးတဲ့ေနရာ ျဖစ္ေနတယ္၊ လက္နက္ကိုင္တဲ့ တပ္ဖြဲ႕ေတြလည္း အားလုံးကေတာ့ ဝိုင္းရွိေနတဲ့ေနရာျဖစ္ေနတယ္၊ အပစ္အခတ္ ရပ္စဲေရးလုပ္ထားတဲ့ အဖြဲ႕ေတြရွိသလို မလုပ္ထားတဲ့အဖြဲ႕ေတြလည္း ရွိတယ္၊ ဆိုေတာ့ တိုက္ပြဲေတြကေတာ့ အခ်ိန္မေ႐ြးျဖစ္ႏိုင္တဲ့ ေနရာျဖစ္တယ္လို႔ က်ေနာ္ေျပာလိုျခင္းျဖစ္ပါတယ္၊ အခ်ိန္မေ႐ြးျဖစ္ႏိုင္တယ္၊ အဲဒါေၾကာင့္ ဘာျဖစ္လို႔ဆိုတာကေတာ့ ေတာ္ေတာ္လည္းေျပာဖို႔ခက္ပါတယ္ အဲ့ေနရာမွာေတာ့။"

တပ္မေတာ္နဲ႔ KIA တို႔ အခုလိုတိုက္ပြဲျပန္ျဖစ္တဲ့ အေျခအေနကိုသိႏိုင္ဖို႔ တိုက္ပြဲျဖစ္ပြားရာေဒသက ေဒသခံေတြကို ဆက္သြယ္ေမးျမန္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ ၂၀၁၉ ခုႏွစ္ တစ္ႏွစ္အတြင္း တပ္မေတာ္နဲ႔ TNLA တိုက္ပြဲေပါင္း ၁၅၂ ႀကိမ္ ရွိခဲ့သလို ကိုးကန႔္၊ AA နဲ႔ TNLA သုံးဖြဲ႕ေပါင္းနဲ႔ျဖစ္တဲ့ တိုက္ပြဲက ၅၆ ႀကိမ္ရွိခဲ့ၿပီး KIA၊ TNLA ပူးေပါင္းအဖြဲ႕နဲ႔ျဖစ္တဲ့ တိုက္ပြဲက ၁၁ ႀကိမ္ရွိခဲ့တယ္လို႔ တပ္မေတာ္ဘက္က သတင္းထုတ္ျပန္ထားပါတယ္။

သန႔္ဇင္ဦး / RFA Burmese
https://www.rfa.org/burmese/news/army-and-kia-attack-in-muse-06072020054122.html
မူဆယ်မှာ တပ်မတော်နဲ့ KIA တို့ တိုက်ပွဲဖြစ် မူဆယ်မှာ တပ်မတော်နဲ့ KIA တို့ တိုက်ပွဲဖြစ် Reviewed by THITHTOOLWIN on 21:26 Rating: 5
Powered by Blogger.