လက်နက်ကိုင်အန္တရာယ်ကြောင့် ပလက်ဝမှာ ရိက္ခာပြတ်


(Unicode)⤵⤵⤵
စစ်ရေးတင်းမာနေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ဘက်မှာ လမ်းပန်းဆက်သွယ်ရေးတွေအဆင်မပြေတာကြောင့် စားနပ်ရိက္ခာတွေ ပြတ်လပ်နေတဲ့အကြောင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က ပြောပြပေးပါမယ်။

ပလက်ဝမြို့နယ်မှာ နေထိုင်ကြတဲ့ ဒေသခံအများစုဟာ တောင်ယာလုပ်ငန်းကို လုပ်ကိုင်ကြတာဖြစ်ပြီး ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နဲ့ ဆက်သွယ်ထားတဲ့ ကုလားတန်ရေလမ်းကြောင်းကို အသုံးပြုကာ ကုန်ပစ္စည်းတွေ ဖလှယ်ပြီး စားဝတ်နေရေးတွေကို ဖြေရှင်းနေရတာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ကျောက်တော်မြို့နယ်ကို သွားတဲ့ ရေလမ်းကြောင်းမှာ လက်နက်ကိုင်တပ်ဖွဲ့တွေက ခေါ်ယူစစ်ဆေးတာတွေ ပစ်ခတ်တာတွေ ရှိနေတာကြောင့် ကုန်စည်စီးဆင်းမှုမရှိဘဲ ပလက်ဝမြို့ပေါ်မှာ စာနပ်ရိက္ခာတွေ ပြတ်လပ်နေတယ်လို့ ပလက်ဝဒေသခံ ဆလိုင်းခင်မောင်က ပြောပါတယ်။

"ဖေဖော်ဝါရီလ ၉ ရက်လောက်ကတည်းက မသွားရတာဗျ။ မသွားရဘူးဆိုတာကလည်း ဘယ်သူမှတားမြစ်ထားတာမျိုး မဟုတ်ဘူး။ ဒါပေမဲ့ သွားရင် ကျောက်တော်မြို့နယ် တင်းမရွာ နားလောက် မြန်မာ့တပ်မတော်သားတွေက ပစ်ခတ်တာတွေရှိတယ်။ လှေပေါ်က လူတွေကိုခေါ်တယ် မေးမြန်းတယ်၊ သတ်ဖြတ်တယ်။ ပစ်ခတ်တာတွေရှိတယ် တချို့ဆိုရင် ဒဏ်ရာ ရသွားတာတွေရှိတယ်။ ဟိုတစ်လောကဆိုရင် သေသွားတဲ့ သူတွေတောင်ရှိတယ်။ ကျနော်တို့မှာ လမ်းကြောင်းက ဒီရေလမ်းကြောင်းတစ်ခုပဲ ရှိတာပေါ့နော်။ ရခိုင်ပြည်နယ်နဲ့ ဆက်သွယ်ထားတာပေါ့။ အခုက ကားလမ်းကတော့ ပေါက်နေပြီ သွားလို့မရဘူး။ ကုန်းလမ်းကသွားရင်လည်း ပစ်တယ်၊ ရေလမ်းကသွားရင်လည်း ပစ်တယ် ဘယ်ကမှ သွားလို့မရဘူးအခုက။"

လက်ရှိအချိန်ထိ ပလက်ဝမြို့ဘက်မှာ စားနပ်ရိက္ခာတွေ ရှားပါးနေသလို ကုန်းဈေးနှုန်းတွေလည်း ဆက်လက်မြင့်တက်နေတယ်လို့ သူကဆက်ပြောပါတယ်။

"အခက်အခဲကတော့ ကျနော်တို့မှာ အများကြီးရှိတယ်။ ဆန်ဆိုရင်အရင်တုန်းက အကောင်းမျိုးမှ ၄၀,၀၀၀ လောက်ကျတာ အခုကတော့ ဆန်တစ်အိတ်ကို ၁၀၀,၀၀၀ ကျော်လောက်ရှိတယ်ဗျာ။ နောက်ပြီးတော့ စားသောက်ကုန်တွေကလည်း အရင်တုန်းက ရှိတာထက် ၄ ဆလောက်တက်သွားတယ်ဗျာ။ အရင်တုန်းက ၅၀ ဆိုရင် အခု ၂၀၀ အရင်တုန်းက ၅၀၀ ဆိုရင် အခု ၂,၀၀၀ ဖြစ်သွားတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းတွေက လုပ်ပေးလား၊ မလုပ်ပေးလားတော့ မသိဘူး။ မြို့ခံတွေကတော့ တော်တေ်ာလေးကို အကျပ်အတည်း ဖြစ်နေကြတယ်ဗျာ။ ပိုက်ဆံရှိတဲ့ သူတွေက သိပ်မခက်ခဲပေမဲ့ ဆင်းရဲသားတွေကတော့ တော်တော်လေးကို အခက်အခဲဖြစ် တယ်ဗျာ။"

ပလက်ဝဒေသခံတွေ ကြုံတွေ့နေရတဲ့ စားနပ်ရိက္ခာပြတ်လပ်တာတွေကို သက်ဆိုင်ရာဌာနဆိုင်ရာတွေကို အချိန်နဲ့ တပြေးညီ တင်ပြထားပေမဲ့ လက်ရှိအချိန်ထိ ဒေသခံတွေ စားနပ်ရိက္ခာပြတ်လပ်တာတွေကို ရင်ဆိုင်နေရတုန်းပဲလို့ ချင်းပြည်နယ် အမျိုးသားလွှတ်တော်အမတ် ဆလိုင်မျိုးထိုက်က ပြောပါတယ်။

"အခက်အခဲရှိတယ်ဆိုတာက မြို့ပေါ်မှာနေတဲ့ သူတွေရော ပြီးတော့အနီးအနားကျေးရွာတွေမှာ နေတဲ့သူတွေရော ကျေးရွာတွေမှာ တိုက်ပွဲရှောင်တဲ့အနေနဲ့ နေတဲ့ တချို့ မြို့ပြင်ပကျေးရွာတွေမှာ ရှိတယ်လေ။ သူတို့မှာ စားဖို့မရှိဘူးဆိုပြီးတော့ ကျနော့်ကိုလှမ်းပြီးတော့ ဖုန်းနဲ့ အကြောင်းကြားတာတွေ ရှိတယ်။ ကုန်ဈေးနှုန်းက ရိက္ခာပြတ်တယ်ဆိုတော့ တက်မှာပဲလေ။ ကျနော်ကတော့ သိပ်ပြောစရာ မရှိဘူး။ ကျနော်ကတော့ သက်ဆိုင်ရာ တွေကို အကြောင်းကြားပေးတယ်။ လူထုတွေ လှမ်းပြီးတော့ အကူအညီတောင်းတာတွေကို ချင်းပြည်နယ် အစိုးရအဖွဲ့ကိုရောက် အချိန်နဲ့ တပြေးညီအကြောင်းကြားပေးပါတယ်။"

အဲဒီ ပလက်ဝနဲ့ ကျောက်တော်မြို့နယ်ကို ဆက်သွယ်ထားတဲ့ ရေလမ်းကြောင်းကို ပိတ်ဆို့ထားတာမဟုတ်ပေမယ့် ရေလမ်းကြောင်းပြေးဆွဲနေတဲ့ စက်လှေတွေကို စစ်ဆေးတာတွေ ပစ်ခတ်တာတွေကြောင့် သေဆုံးသူတွေ ထိခိုက် ဒဏ်ရာတာတွေ ရှိတာကြောင့် ဒေသခံတွေက မသွားရဲကြတော့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့လပိုင်းလောက်ကလည်း ပလက်ဝနယ်ကို စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးဖို့ သွားတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ယာဉ်တန်းက လက်နက်ကိုင်အဖွဲ့တွေက ပစ်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း ပလက်ဝမြို့နယ်တွေမှာ ကြိုကြားကြိုကြား ပစ်ခတ်မှုတွေ ဆက်လက်ရှိနေသေးလို့ ပလက်ဝဒေသခံတွေက ပြောဆိုကြပါတယ်။

သက်နိုင်  / ဗွီအိုအေ (မြန်မာပိုင်း)
-------------------------------------------
(Zawgyi)⤵⤵⤵
လက္နက္ကိုင္အႏၲရာယ္ေၾကာင့္ ပလက္ဝမွာ ရိကၡာျပတ္

စစ္ေရးတင္းမာေနတဲ့ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ဘက္မွာ လမ္းပန္းဆက္သြယ္ေရးေတြအဆင္မေျပတာေၾကာင့္ စားနပ္ရိကၡာေတြ ျပတ္လပ္ေနတဲ့အေၾကာင္းကို ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က ေျပာျပေပးပါမယ္။

ပလက္ဝၿမိဳ႕နယ္မွာ ေနထိုင္ၾကတဲ့ ေဒသခံအမ်ားစုဟာ ေတာင္ယာလုပ္ငန္းကို လုပ္ကိုင္ၾကတာျဖစ္ၿပီး ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္နဲ႔ ဆက္သြယ္ထားတဲ့ ကုလားတန္ေရလမ္းေၾကာင္းကို အသုံးျပဳကာ ကုန္ပစၥည္းေတြ ဖလွယ္ၿပီး စားဝတ္ေနေရးေတြကို ေျဖရွင္းေနရတာလည္း ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ ေက်ာက္ေတာ္ၿမိဳ႕နယ္ကို သြားတဲ့ ေရလမ္းေၾကာင္းမွာ လက္နက္ကိုင္တပ္ဖြဲ႕ေတြက ေခၚယူစစ္ေဆးတာေတြ ပစ္ခတ္တာေတြ ရွိေနတာေၾကာင့္ ကုန္စည္စီးဆင္းမႈမရွိဘဲ ပလက္ဝၿမိဳ႕ေပၚမွာ စာနပ္ရိကၡာေတြ ျပတ္လပ္ေနတယ္လို႔ ပလက္ဝေဒသခံ ဆလိုင္းခင္ေမာင္က ေျပာပါတယ္။

"ေဖေဖာ္ဝါရီလ ၉ ရက္ေလာက္ကတည္းက မသြားရတာဗ်။ မသြားရဘူးဆိုတာကလည္း ဘယ္သူမွတားျမစ္ထားတာမ်ိဳး မဟုတ္ဘူး။ ဒါေပမဲ့ သြားရင္ ေက်ာက္ေတာ္ၿမိဳ႕နယ္ တင္းမ႐ြာ နားေလာက္ ျမန္မာ့တပ္မေတာ္သားေတြက ပစ္ခတ္တာေတြရွိတယ္။ ေလွေပၚက လူေတြကိုေခၚတယ္ ေမးျမန္းတယ္၊ သတ္ျဖတ္တယ္။ ပစ္ခတ္တာေတြရွိတယ္ တခ်ိဳ႕ဆိုရင္ ဒဏ္ရာ ရသြားတာေတြရွိတယ္။ ဟိုတစ္ေလာကဆိုရင္ ေသသြားတဲ့ သူေတြေတာင္ရွိတယ္။ က်ေနာ္တို႔မွာ လမ္းေၾကာင္းက ဒီေရလမ္းေၾကာင္းတစ္ခုပဲ ရွိတာေပါ့ေနာ္။ ရခိုင္ျပည္နယ္နဲ႔ ဆက္သြယ္ထားတာေပါ့။ အခုက ကားလမ္းကေတာ့ ေပါက္ေနၿပီ သြားလို႔မရဘူး။ ကုန္းလမ္းကသြားရင္လည္း ပစ္တယ္၊ ေရလမ္းကသြားရင္လည္း ပစ္တယ္ ဘယ္ကမွ သြားလို႔မရဘူးအခုက။"

လက္ရွိအခ်ိန္ထိ ပလက္ဝၿမိဳ႕ဘက္မွာ စားနပ္ရိကၡာေတြ ရွားပါးေနသလို ကုန္းေစ်းႏႈန္းေတြလည္း ဆက္လက္ျမင့္တက္ေနတယ္လို႔ သူကဆက္ေျပာပါတယ္။

"အခက္အခဲကေတာ့ က်ေနာ္တို႔မွာ အမ်ားႀကီးရွိတယ္။ ဆန္ဆိုရင္အရင္တုန္းက အေကာင္းမ်ိဳးမွ ၄၀,၀၀၀ ေလာက္က်တာ အခုကေတာ့ ဆန္တစ္အိတ္ကို ၁၀၀,၀၀၀ ေက်ာ္ေလာက္ရွိတယ္ဗ်ာ။ ေနာက္ၿပီးေတာ့ စားေသာက္ကုန္ေတြကလည္း အရင္တုန္းက ရွိတာထက္ ၄ ဆေလာက္တက္သြားတယ္ဗ်ာ။ အရင္တုန္းက ၅၀ ဆိုရင္ အခု ၂၀၀ အရင္တုန္းက ၅၀၀ ဆိုရင္ အခု ၂,၀၀၀ ျဖစ္သြားတယ္။ သက္ဆိုင္ရာအဖြဲ႕အစည္းေတြက လုပ္ေပးလား၊ မလုပ္ေပးလားေတာ့ မသိဘူး။ ၿမိဳ႕ခံေတြကေတာ့ ေတာ္ေတ္ာေလးကို အက်ပ္အတည္း ျဖစ္ေနၾကတယ္ဗ်ာ။ ပိုက္ဆံရွိတဲ့ သူေတြက သိပ္မခက္ခဲေပမဲ့ ဆင္းရဲသားေတြကေတာ့ ေတာ္ေတာ္ေလးကို အခက္အခဲျဖစ္ တယ္ဗ်ာ။"

ပလက္ဝေဒသခံေတြ ႀကဳံေတြ႕ေနရတဲ့ စားနပ္ရိကၡာျပတ္လပ္တာေတြကို သက္ဆိုင္ရာဌာနဆိုင္ရာေတြကို အခ်ိန္နဲ႔ တေျပးညီ တင္ျပထားေပမဲ့ လက္ရွိအခ်ိန္ထိ ေဒသခံေတြ စားနပ္ရိကၡာျပတ္လပ္တာေတြကို ရင္ဆိုင္ေနရတုန္းပဲလို႔ ခ်င္းျပည္နယ္ အမ်ိဳးသားလႊတ္ေတာ္အမတ္ ဆလိုင္မ်ိဳးထိုက္က ေျပာပါတယ္။

"အခက္အခဲရွိတယ္ဆိုတာက ၿမိဳ႕ေပၚမွာေနတဲ့ သူေတြေရာ ၿပီးေတာ့အနီးအနားေက်း႐ြာေတြမွာ ေနတဲ့သူေတြေရာ ေက်း႐ြာေတြမွာ တိုက္ပြဲေရွာင္တဲ့အေနနဲ႔ ေနတဲ့ တခ်ိဳ႕ ၿမိဳ႕ျပင္ပေက်း႐ြာေတြမွာ ရွိတယ္ေလ။ သူတို႔မွာ စားဖို႔မရွိဘူးဆိုၿပီးေတာ့ က်ေနာ့္ကိုလွမ္းၿပီးေတာ့ ဖုန္းနဲ႔ အေၾကာင္းၾကားတာေတြ ရွိတယ္။ ကုန္ေစ်းႏႈန္းက ရိကၡာျပတ္တယ္ဆိုေတာ့ တက္မွာပဲေလ။ က်ေနာ္ကေတာ့ သိပ္ေျပာစရာ မရွိဘူး။ က်ေနာ္ကေတာ့ သက္ဆိုင္ရာ ေတြကို အေၾကာင္းၾကားေပးတယ္။ လူထုေတြ လွမ္းၿပီးေတာ့ အကူအညီေတာင္းတာေတြကို ခ်င္းျပည္နယ္ အစိုးရအဖြဲ႕ကိုေရာက္ အခ်ိန္နဲ႔ တေျပးညီအေၾကာင္းၾကားေပးပါတယ္။"

အဲဒီ ပလက္ဝနဲ႔ ေက်ာက္ေတာ္ၿမိဳ႕နယ္ကို ဆက္သြယ္ထားတဲ့ ေရလမ္းေၾကာင္းကို ပိတ္ဆို႔ထားတာမဟုတ္ေပမယ့္ ေရလမ္းေၾကာင္းေျပးဆြဲေနတဲ့ စက္ေလွေတြကို စစ္ေဆးတာေတြ ပစ္ခတ္တာေတြေၾကာင့္ ေသဆုံးသူေတြ ထိခိုက္ ဒဏ္ရာတာေတြ ရွိတာေၾကာင့္ ေဒသခံေတြက မသြားရဲၾကေတာ့တာလည္း ျဖစ္ပါတယ္။

ၿပီးခဲ့လပိုင္းေလာက္ကလည္း ပလက္ဝနယ္ကို စားနပ္ရိကၡာေတြ ေထာက္ပံ့ေပးဖို႔ သြားတဲ့ ကမာၻ႔စားနပ္ရိကၡာအဖြဲ႕ WFP ယာဥ္တန္းက လက္နက္ကိုင္အဖြဲ႕ေတြက ပစ္ခတ္ခဲ့တာလည္းျဖစ္ပါတယ္။ လက္ရွိအခ်ိန္ထိလည္း ပလက္ဝၿမိဳ႕နယ္ေတြမွာ ႀကိဳၾကားႀကိဳၾကား ပစ္ခတ္မႈေတြ ဆက္လက္ရွိေနေသးလို႔ ပလက္ဝေဒသခံေတြက ေျပာဆိုၾကပါတယ္။

သက္ႏိုင္  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/chin-pa-lat-wa/5447344.html
လက်နက်ကိုင်အန္တရာယ်ကြောင့် ပလက်ဝမှာ ရိက္ခာပြတ် လက်နက်ကိုင်အန္တရာယ်ကြောင့် ပလက်ဝမှာ ရိက္ခာပြတ် Reviewed by THITHTOOLWIN on 21:20 Rating: 5
Powered by Blogger.