ကိုယ်ဝန်ဆောင် အမျိုးသမီးကို ရက်ရက်စက်စက်သတ်ခဲ့တဲ့ တရားခံ ဖမ်းမိပြီ


(Unicode)⤵⤵⤵
 ပြီးခဲ့တဲ့ မေလ (၂၆)ရက်နေ့ မနက် ၁၁ နာရီ ၃၀ အချိန့်က ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်ရှေ့ရပ်ကွက်၊ (၉၄)လမ်း၊ အမှတ်(၉၄)၊ (၇)လွှာ၊ တိုက်ခန်း(၈)လှေခါးခွင်မှာ အမည်မသိအမျိုးသမီးတစ်ဦး ထိုးသွင်းဒဏ်ရာများနဲ့ လဲကျသေဆုံးနေကြောင်း သိရပါတယ်။

သေဆုံးသူ အမည်မသိအမျိုးသမီးရဲ့ လည်ပင်း ဝဲယာမှာထိုးသွင်းဒဏ်ရာ(၁၄)ချက်၊ ရင်ဘတ်ထိုးသွင်း ဒဏ်ရာ(၅)ချက်၊ ဝဲလက်မောင်း ထိုးသွင်းဒဏ်ရာ(၂)ချက်၊ ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာ(၁)ချက်တို့နဲ့ သေဆုံး နေတာကို တွေ့ရှိရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က အခင်းဖြစ်ရပ်ကို အသေးစိတ် စစ်ဆေးရှာဖွေ ဆောင်ရွက်ခဲ့ရာ အခင်းဖြစ်အရပ်မှတွေ့ရှိတဲ့ ဓာတ်မှန်စစ်ဆေးချက်အရ  သေဆုံးသူမှာ ကိုယ်ဝန်(၅)လရှိ မ ချမ်းမြေ့ဦး ၊ (၂၄)နှစ်ဖြစ်ကြောင်း သိရှိရပါတယ်။

 သေဆုံးသူနဲ့ပတ်သက်ပြီး ထပ်မံအတည်ပြုစုံစမ်းခဲ့ရာ မရီရီနွယ်(ခ)မချမ်းမြေ့ဦး၊ (၂၄) နှစ် ၊ အခန်းအမှတ်(B-1)၊ မောင်မျိုးအဆောင်၊ အမှတ်(၃၁၇/ခ)၊ စန္ဒာလမ်းသွယ်၊ ဒိုင်းစုရပ်ကွက်၊ လှိုင်သာယာ မြို့နယ်နေသူဖြစ်ကြောင်း သိရှိရပါတယ်။

 ရဲတပ်ဖွဲ့ဝင်များက ရရှိသတင်းအချက်အလက်များအပေါ် ချိတ်ဆက်ဆောင်ရွက်ခဲ့ရာ မသင်္ကာသူ နိုင်ရဲကျော်(ခ)ထက်မင်းအောင်(ခ) အောင်အောင်ကို ၂၆.၅.၂၀၂၀ ရက်နေ့ ၂၀၄၀ အချိန်၊ (အခင်းဖြစ်ပွားပြီး (၉)နာရီအတွင်း) ဗညားဒလလမ်းနဲ့ (၁၂၆)လမ်းထိပ်မှာ တွေ့ရှိ ဖမ်းဆီးရမိခဲ့ပါတယ်။

တရားခံ နိုင်ရဲကျော်(ခ)ထက်မင်းအောင်(ခ)အောင်အောင် တိုက်အမှတ်(၁၂၈)၊ (၅)လွှာ၊ (၁၂၈) လမ်း၊ သပြေကုန်းရပ်ကွက်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ကို စစ်မေးရာ သေဆုံးသူနဲ့ ချိန်းတွေ့စဉ် စကားများရန်ဖြစ်ပြီး ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

ပြစ်မှုကျူးလွန်စဉ်က ဝတ်ဆင်တဲ့ အင်္ကျီအဝတ်အစားများနဲ့ အသုံးပြုတဲ့ စတားဝက်အူလှည့်(၁)ချောင်းတို့ကိုလည်း သိမ်းဆည်းရရှိပြီး ဥပဒေနဲ့အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ြပထားပါတယ်။

သစ်ထူးလွင်
--------------------------------------
(Zawgyi)⤵⤵⤵
ကိုယ်ဝန်ဆောင် အမျိုးသမီးကို ရက်ရက်စက်စက်သတ်ခဲ့တဲ့ တရားခံ ဖမ်းမိပြီး







ပြစ်မှုကျူးလွန်စဉ်က ဝတ်ဆင်တဲ့ အင်္ကျီအဝတ်အစားများနဲ့ အသုံးပြုတဲ့ စတားဝက်အူလှည့်(၁)ချောင်းတို့ကိုလည်း သိမ်းဆည်းရရှိပြီး ဥပဒေနဲ့အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သစ်ထူးလွင်
ကိုယ်ဝန်ဆောင် အမျိုးသမီးကို ရက်ရက်စက်စက်သတ်ခဲ့တဲ့ တရားခံ ဖမ်းမိပြီ ကိုယ်ဝန်ဆောင် အမျိုးသမီးကို ရက်ရက်စက်စက်သတ်ခဲ့တဲ့ တရားခံ ဖမ်းမိပြီ Reviewed by THITHTOOLWIN on 23:10 Rating: 5
Powered by Blogger.