ဦးတီခွန်မြတ်ကို တာဝန်က ရုပ်သိမ်းဖို့ အရေးကြီးအဆိုတင်မယ်

အခြေခံ ဥပဒေပြင်ဆင်ရေး ဆွေးနွေးမှုတွေမှာ သူ့ကို စွပ်စွဲပြောဆိုတာတွေရှိခဲ့
(Unicode)⤵⤵⤵
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို တာဝန်က ရုပ်သိမ်းဖို့ အရေးကြီးအဆိုတခုကို မေလ ၂၈ ရက်နေ့မှာကျင်းပမယ့် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တဦးက တင်ပြဖို့ရှိတယ်လို့အမည်မဖော်လိုသူ လွှတ်တော်အရာရှိတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

အရေးကြီးအဆိုတင်သွင်းမယ့် အစီအစဉ်ကို မေလ ၂၈ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပတဲ့အခါ လွှတ်တော် ဒုဥက္ကဋ္ဌက လွှတ်တော်ကို အသိပေးတင်ပြမှာဖြစ်တယ်လို့လည်း အဲဒီအရာရှိက ပြောပါတယ်။

ပြည်ခိုင်ဖြိုးပါတီအနေနဲ့မနက်ဖြန်မှာကျင်းပမယ့် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အရေးကြီးအဆိုတစ်ခု တင်သွင်းဖို့ ရှိတယ်လို့ ပါတီရဲ့ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်တဲ့ ကျောင်းကုန်းမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသိန်းထွန်းက ဘီဘီစီကိုအတည်ပြုပါတယ်။

အရေးကြီးအဆိုမှာပါမယ့် အကြောင်းအရာနဲ့ ပတ်သက်လို့တော့ မတင်သွင်းရသေးတဲ့ အတွက် ထုတ်ပြောလို့မရသေးကြောင်း ဦးသိန်းထွန်းက ဆိုပါတယ်။
ဦးသောင်းအေး က အခြေခံ ဥပဒေပြင်ဆင်ရေး ဆွေးနွေးမှုတွေမှာ လွှတ်တော်နည်းဥပဒေ၊ စည်းကမ်းချက်တွေနဲ့ မညီဘူးလို့ပြော ခဲ့
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို တာဝန်က ရုပ်သိမ်းဖို့ အရေးကြီးအဆိုကို ပြည်ခိုင်ဖြိုး ဘက်ကအဆိုတင်ဖို့ရှိမရှိဆိုတာနဲ့ပတ်သက်လို့ ပါတီဘက်ကတော့ ထုတ်ပြောတာမျိုးမရှိသေးပါဘူး။

ပြည်သူလွှတ်တော်ဆိုင်ရာ ဥပဒေ နည်းဥပဒေပါပြဌာန်းချက်တွေအရ လွှတ်တော်ဥက္ကဋ္ဌသို့မဟုတ် ဒုဥက္ကဋ္ဌ သို့မဟုတ် နှစ်ဦးစလုံးဟာ နိုင်ငံတော်ရဲ့ကျေးဇူးသစ္စာတော်ကိုဖောက်ဖျက်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များကို ဖောက်ဖျက်ကျူး လွန်ခြင်း ၊အကျင့်သိက္ခာပျက်ပြားခြင်း၊ ဥပဒေအရ ပေးအပ်သောတာဝန်များကိုကျေပွန်စွာ မဆောင်ရွက်ခြင်း စတဲ့အချက်တွေကိုကျူးလွန်ပါက သတ်မှတ်တဲ့နည်းလမ်းနဲ့အညီတာဝန်ကနေ ရုပ်သိမ်းနိုင်တယ်လို့ဖော်ပြထားပါတယ်။

တာဝန်မှ ရုပ်သိမ်းရန်အတွက် လွှတ်တော်ဥက္ကဋ္ဌအား တာဝန်မှ ရုပ်သိမ်းကြောင်း အဆိုကို လွှတ်တော် အစည်းအဝေးအစီအစဉ်မှာ ထည့်သွင်းရမှာဖြစ်ပြီး တာဝန်မှရုပ်သိမ်းကြောင်းအဆိုလွှာ ကို လက်မှတ်ရေးထိုးထား တဲ့ ကိုယ်စားလှယ်လွှတ်တော်ကိုတင်သွင်းရမှာဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ အဆိုနဲ့ပတ်သက်လို့ လွှတ်တော်ကဆွေးနွေးဆုံးဖြတ်ရမှာဖြစ်ပါတယ်။

လက်ရှိ ပြဌာန်းထားတဲ့ဥပဒေနည်းဥပဒေအရ လွှတ်တော်ဥက္ကဋ္ဌကိုတာဝန် က ရုပ်သိမ်းတဲ့ အစီအစဉ် အောင်မြင်ဖို့အတွက်ဆိုရင် လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရဲ့ သုံးပုံနှစ်ပုံ ထောက်ခံမဲ ရရှိဖို့လိုတယ်လို့လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကပြောပါတယ်။
ဦးတီခွန်မြတ်ကို၂၀၁၈ ခုနှစ် မတ်လ ၂၂ ရက်နေ့မှာတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခဲ့
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်အဖြစ် ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးအနိုင်ရရှိခဲ့ သူဖြစ်ပါတယ်။ ဦးတီခွန်မြတ်ဟာ ကြံခိုင်ရေးပါတီမှာ ဗဟိုအလုပ်အမှုဆောင်တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ပါတီက နုတ်ထွက်ခဲ့ပါတယ်။

ဦးတီခွန်မြတ်ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကဦးဆောင်တဲ့ ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးမှာ ဒုဥက္ကဋ္ဌ အဖြစ် တင်မြှောက်ခံရပြီး ၂၀၁၈ ခုနှစ် မတ်လ ၂၂ ရက်နေ့မှာတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံရပါတယ်။ ပြီးခဲ့တဲ့ ပထမအကြိမ်လွှတ်တော်တုန်း က ဦးတီခွန်မြတ်ဟာ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ရင်းနှီးတဲ့သူလို့လည်းလူသိများသူ ဖြစ်ပါတယ်။

ဦးတီခွန်မြတ်ဟာ ဥပဒေဘွဲ့ရတစ်ဦးဖြစ်ပြီး ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေရေးဆွဲ တုန်းကလဲပါဝင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

ဦးတီခွန်မြတ်ဟာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်သလို ပြည်ထောင်စုလွှတ်တော်မှာနာယက တာဝန်လည်း ထမ်းဆောင်နေသူဖြစ်ပါတယ်။

ပြည်ထောင်စု လွှတ်တော်မှာ နာယက တာဝန်ယူစဉ် အခြေခံ ဥပဒေပြင်ဆင်ရေး ဆွေးနွေးမှုတွေမှာ သူ့ကို လွှတ်တော်အတွင်းမှာ စွပ်စွဲပြောဆိုမှုတွေရှိခဲ့ပါတယ်။

သူ ကိုယ်တိုင်က လည်း အခြေခံ ဥပဒေပြင်ဆင်ရေး ဆွေးနွေးမှုတွေမှာပြောဆိုမှုတွေနဲ့ ပတ်သက်ပြီးတပ်မတော်နဲ့ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် တချို့ကို သတိပေးပြောဆိုတာတွေရှိခဲ့ပါတယ်။

ပြည်ခိုင်ဖြိုးနဲ့တပ် ကိုယ်စားလှယ် ၅ဦးတို့ရဲ့ ဆွေးနွေးခဲ့တဲ့စကားရပ်အချို့ကို လွှတ်တော်မှတ်တမ်း က ပယ်ဖျက်လိုက်ကြောင်း ၂၀၁၉ နိုဝင်ဘာ ၂၈ ရက်နေ့ က ပြည်ထောင်စုလွှတ်တော် အစည်းအဝေး မှာ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ကြေညာခဲ့ ပါတယ်။

"လွှတ်တော်နာယကရဲ့တာဝန်နဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးချင်းစီရဲ့ တာဝန်များဟာ သူ့အတိုင်းအတာနှင့်သူ များပြားကြီးမားလှပါတယ်။ သို့သော် ထပ်တူမဖြစ်တဲ့အတွက် နာယကရဲ့ တာဝန်နှင့်လုပ်ဆောင်မှုအပေါ် နားမလည်နိုင်တာ တစ်ဦးတစ် ယောက်တစ်စု တစ်ဖွဲ့၏ ဆန္ဒအတိုင်း မလုပ်ပေးနိုင်လို့ သဘောမကျတာရှိနိုင်ပါတယ်။ ဒါကလည်း အတိုင်းအတာရှိပါတယ်။ နာယကရဲ့တာဝန်ကျေပွန် အောင်မဆောင်ရွက်နိုင်ဘူးဆိုရင် တာဝန်ရုပ်သိမ်း နိုင်တဲ့ ဥပဒေ၊ နည်းဥပဒေများ သတ်မှတ်ထားပြီးဖြစ်သလို မိမိရဲ့တာဝန်ရှိမှု အပိုင်းကိုလည်းကောင်း ကောင်း သိရှိနားလည်ပါကြောင်း အသိပေးလိုပါတယ်" လို့လည်း ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောဆိုခဲ့တာရှိပါတယ်။

BBC Burmese
----------------------------------------------------
(Zawgyi)⤵⤵⤵
ဦးတီခြန္ျမတ္ကို တာဝန္က ႐ုပ္သိမ္းဖို႔ အေရးႀကီးအဆိုတင္မယ္

ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးတီခြန္ျမတ္ကို တာဝန္က ႐ုပ္သိမ္းဖို႔ အေရးႀကီးအဆိုတခုကို ေမလ ၂၈ ရက္ေန႔မွာက်င္းပမယ့္ ျပည္သူ႔လႊတ္ေတာ္အစည္းအေဝးမွာ လႊတ္ေတာ္ကိုယ္စားလွယ္တဦးက တင္ျပဖို႔ရွိတယ္လို႔အမည္မေဖာ္လိုသူ လႊတ္ေတာ္အရာရွိတစ္ဦးက ဘီဘီစီကိုေျပာပါတယ္။

အေရးႀကီးအဆိုတင္သြင္းမယ့္ အစီအစဥ္ကို ေမလ ၂၈ ရက္ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးက်င္းပတဲ့အခါ လႊတ္ေတာ္ ဒုဥကၠ႒က လႊတ္ေတာ္ကို အသိေပးတင္ျပမွာျဖစ္တယ္လို႔လည္း အဲဒီအရာရွိက ေျပာပါတယ္။

ျပည္ခိုင္ၿဖိဳးပါတီအေနနဲ႔မနက္ျဖန္မွာက်င္းပမယ့္ ျပည္သူ႔လႊတ္ေတာ္အစည္းအေဝးမွာ အေရးႀကီးအဆိုတစ္ခု တင္သြင္းဖို႔ ရွိတယ္လို႔ ပါတီရဲ႕ဗဟိုအလုပ္အမႈေဆာင္တစ္ဦးျဖစ္တဲ့ ေက်ာင္းကုန္းၿမိဳ႕နယ္ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ဦးသိန္းထြန္းက ဘီဘီစီကိုအတည္ျပဳပါတယ္။

အေရးႀကီးအဆိုမွာပါမယ့္ အေၾကာင္းအရာနဲ႔ ပတ္သက္လို႔ေတာ့ မတင္သြင္းရေသးတဲ့ အတြက္ ထုတ္ေျပာလို႔မရေသးေၾကာင္း ဦးသိန္းထြန္းက ဆိုပါတယ္။

ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးတီခြန္ျမတ္ကို တာဝန္က ႐ုပ္သိမ္းဖို႔ အေရးႀကီးအဆိုကို ျပည္ခိုင္ၿဖိဳး ဘက္ကအဆိုတင္ဖို႔ရွိမရွိဆိုတာနဲ႔ပတ္သက္လို႔ ပါတီဘက္ကေတာ့ ထုတ္ေျပာတာမ်ိဳးမရွိေသးပါဘူး။

ျပည္သူလႊတ္ေတာ္ဆိုင္ရာ ဥပေဒ နည္းဥပေဒပါျပဌာန္းခ်က္ေတြအရ လႊတ္ေတာ္ဥကၠ႒သို႔မဟုတ္ ဒုဥကၠ႒ သို႔မဟုတ္ ႏွစ္ဦးစလုံးဟာ ႏိုင္ငံေတာ္ရဲ႕ေက်းဇူးသစၥာေတာ္ကိုေဖာက္ဖ်က္ျခင္း၊ ဖြဲ႕စည္းပုံအေျခခံဥပေဒပါ ျပဌာန္းခ်က္မ်ားကို ေဖာက္ဖ်က္က်ဴး လြန္ျခင္း ၊အက်င့္သိကၡာပ်က္ျပားျခင္း၊ ဥပေဒအရ ေပးအပ္ေသာတာဝန္မ်ားကိုေက်ပြန္စြာ မေဆာင္႐ြက္ျခင္း စတဲ့အခ်က္ေတြကိုက်ဴးလြန္ပါက သတ္မွတ္တဲ့နည္းလမ္းနဲ႔အညီတာဝန္ကေန ႐ုပ္သိမ္းႏိုင္တယ္လို႔ေဖာ္ျပထားပါတယ္။

တာဝန္မွ ႐ုပ္သိမ္းရန္အတြက္ လႊတ္ေတာ္ဥကၠ႒အား တာဝန္မွ ႐ုပ္သိမ္းေၾကာင္း အဆိုကို လႊတ္ေတာ္ အစည္းအေဝးအစီအစဥ္မွာ ထည့္သြင္းရမွာျဖစ္ၿပီး တာဝန္မွ႐ုပ္သိမ္းေၾကာင္းအဆိုလႊာ ကို လက္မွတ္ေရးထိုးထား တဲ့ ကိုယ္စားလွယ္လႊတ္ေတာ္ကိုတင္သြင္းရမွာျဖစ္ပါတယ္။

အဲဒီေနာက္မွာေတာ့ အဆိုနဲ႔ပတ္သက္လို႔ လႊတ္ေတာ္ကေဆြးေႏြးဆုံးျဖတ္ရမွာျဖစ္ပါတယ္။

လက္ရွိ ျပဌာန္းထားတဲ့ဥပေဒနည္းဥပေဒအရ လႊတ္ေတာ္ဥကၠ႒ကိုတာဝန္ က ႐ုပ္သိမ္းတဲ့ အစီအစဥ္ ေအာင္ျမင္ဖို႔အတြက္ဆိုရင္ လက္ရွိျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ရဲ႕ သုံးပုံႏွစ္ပုံ ေထာက္ခံမဲ ရရွိဖို႔လိုတယ္လို႔လည္း အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ပါတီရဲ႕လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးကေျပာပါတယ္။

ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးတီခြန္ျမတ္ဟာ ၂၀၁၅ ေ႐ြးေကာက္ပြဲမွာ ႀကံ့ခိုင္ေရးပါတီကိုယ္စားလွယ္အျဖစ္ ရွမ္းျပည္နယ္ ကြတ္ခိုင္ၿမိဳ႕နယ္က ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီးအႏိုင္ရရွိခဲ့ သူျဖစ္ပါတယ္။ ဦးတီခြန္ျမတ္ဟာ ႀကံခိုင္ေရးပါတီမွာ ဗဟိုအလုပ္အမႈေဆာင္တာဝန္ထမ္းေဆာင္ခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ ပါတီက ႏုတ္ထြက္ခဲ့ပါတယ္။

ဦးတီခြန္ျမတ္ဟာ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ပါတီကဦးေဆာင္တဲ့ ဒုတိယအႀကိမ္ လႊတ္ေတာ္အစည္းအေဝးမွာ ဒုဥကၠ႒ အျဖစ္ တင္ေျမႇာက္ခံရၿပီး ၂၀၁၈ ခုႏွစ္ မတ္လ ၂၂ ရက္ေန႔မွာေတာ့ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒အျဖစ္ ေ႐ြးခ်ယ္တင္ေျမႇာက္ခံရပါတယ္။ ၿပီးခဲ့တဲ့ ပထမအႀကိမ္လႊတ္ေတာ္တုန္း က ဦးတီခြန္ျမတ္ဟာ ျပည္သူ႔လႊတ္ေတာ္ဥပေဒၾကမ္းေကာ္မတီ ဥကၠ႒ အျဖစ္တာဝန္ထမ္းေဆာင္ခဲ့ၿပီး လႊတ္ေတာ္ဥကၠ႒ သူရဦးေ႐ႊမန္းနဲ႔ရင္းႏွီးတဲ့သူလို႔လည္းလူသိမ်ားသူ ျဖစ္ပါတယ္။

ဦးတီခြန္ျမတ္ဟာ ဥပေဒဘြဲ႕ရတစ္ဦးျဖစ္ၿပီး ၂၀၀၈ ဖြဲ႕ စည္းပုံ အေျခခံဥပေဒေရးဆြဲ တုန္းကလဲပါဝင္ခဲ့သူတစ္ဦးျဖစ္ပါတယ္။

ဦးတီခြန္ျမတ္ဟာ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ျဖစ္သလို ျပည္ေထာင္စုလႊတ္ေတာ္မွာနာယက တာဝန္လည္း ထမ္းေဆာင္ေနသူျဖစ္ပါတယ္။

ျပည္ေထာင္စု လႊတ္ေတာ္မွာ နာယက တာဝန္ယူစဥ္ အေျခခံ ဥပေဒျပင္ဆင္ေရး ေဆြးေႏြးမႈေတြမွာ သူ႔ကို လႊတ္ေတာ္အတြင္းမွာ စြပ္စြဲေျပာဆိုမႈေတြရွိခဲ့ပါတယ္။

သူ ကိုယ္တိုင္က လည္း အေျခခံ ဥပေဒျပင္ဆင္ေရး ေဆြးေႏြးမႈေတြမွာေျပာဆိုမႈေတြနဲ႔ ပတ္သက္ၿပီးတပ္မေတာ္နဲ႔ ျပည္ခိုင္ၿဖိဳး ကိုယ္စားလွယ္ တခ်ိဳ႕ကို သတိေပးေျပာဆိုတာေတြရွိခဲ့ပါတယ္။

ျပည္ခိုင္ၿဖိဳးနဲ႔တပ္ ကိုယ္စားလွယ္ ၅ဦးတို႔ရဲ႕ ေဆြးေႏြးခဲ့တဲ့စကားရပ္အခ်ိဳ႕ကို လႊတ္ေတာ္မွတ္တမ္း က ပယ္ဖ်က္လိုက္ေၾကာင္း ၂၀၁၉ ႏိုဝင္ဘာ ၂၈ ရက္ေန႔ က ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝး မွာ ျပည္ေထာင္စုလႊတ္ေတာ္နာယက ဦးတီခြန္ျမတ္က ေၾကညာခဲ့ ပါတယ္။

"လႊတ္ေတာ္နာယကရဲ႕တာဝန္နဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးခ်င္းစီရဲ႕ တာဝန္မ်ားဟာ သူ႔အတိုင္းအတာႏွင့္သူ မ်ားျပားႀကီးမားလွပါတယ္။ သို႔ေသာ္ ထပ္တူမျဖစ္တဲ့အတြက္ နာယကရဲ႕ တာဝန္ႏွင့္လုပ္ေဆာင္မႈအေပၚ နားမလည္ႏိုင္တာ တစ္ဦးတစ္ ေယာက္တစ္စု တစ္ဖြဲ႕၏ ဆႏၵအတိုင္း မလုပ္ေပးႏိုင္လို႔ သေဘာမက်တာရွိႏိုင္ပါတယ္။ ဒါကလည္း အတိုင္းအတာရွိပါတယ္။ နာယကရဲ႕တာဝန္ေက်ပြန္ ေအာင္မေဆာင္႐ြက္ႏိုင္ဘူးဆိုရင္ တာဝန္႐ုပ္သိမ္း ႏိုင္တဲ့ ဥပေဒ၊ နည္းဥပေဒမ်ား သတ္မွတ္ထားၿပီးျဖစ္သလို မိမိရဲ႕တာဝန္ရွိမႈ အပိုင္းကိုလည္းေကာင္း ေကာင္း သိရွိနားလည္ပါေၾကာင္း အသိေပးလိုပါတယ္" လို႔လည္း ျပည္ေထာင္စုလႊတ္ေတာ္နာယက ဦးတီခြန္ျမတ္က ေျပာဆိုခဲ့တာရွိပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52822288
ဦးတီခွန်မြတ်ကို တာဝန်က ရုပ်သိမ်းဖို့ အရေးကြီးအဆိုတင်မယ် ဦးတီခွန်မြတ်ကို တာဝန်က ရုပ်သိမ်းဖို့ အရေးကြီးအဆိုတင်မယ် Reviewed by THITHTOOLWIN on 06:18 Rating: 5
Powered by Blogger.