သားသမီးကို အတင်းအဓမ္မ တောင်းရမ်းခိုင်းသည့် ဖခင်နှစ်ဦးအား ဖမ်းဆီးအရေးယူ


(Unicode)⤵⤵⤵
မန္တလေး မေ ၂၅ ဏေဏီ

သားသမီးကို အတင်းအဓမ္မ တောင်းရမ်းခိုင်းတဲ့ ဖခင်နှစ်ဦးအား မေ ၂၅ ရက်က ဖမ်းဆီးလိုက်ပါတယ်။

 မန္တလေးမြို့ လမ်း ၃၀၊ ၇၃ လမ်း မီးပွိုင့်မှာ တောင်းရမ်းနေတဲ့ ကလေးငယ်နှစ်ယောက်ကို လူကြီးနှစ်ယောက်က ငွေတောင်းတာ၊ ရိုက်နှက်တာတွေလုပ်နေတဲ့ ရုပ်သံဖိုင်တစ်ခု မေ ၂၄ ရက်က လူမှုကွန်ယက်စာမျက်နှာမှာ ပြန့်နှံ့ခဲ့ပြီးနောက် အခုလိုဖမ်းဆီးလိုက်တာပါ။

“လက်ရှိမှာဖမ်းထားတယ်၊ ကလေးသူငယ် ဥပဒေပုဒ်မ ၁၀၂(ခ)နဲ့အမှုဖွင့်ထားတယ်။ ”လို့ ချမ်းအေးသာစံမြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးဇော်မိုးအောင်က ပြောပါတယ်။

အသက် ၄ နှစ်အရွယ်နဲ့ ၆ နှစ်အရွယ် ကလေးနှစ်ဦးကို တောင်းရမ်းခိုင်းပြီး ရိုက်နှက်နေသူတွေဟာ သူတို့ရဲ့ ဖခင်ရင်းတွေဖြစ်တဲ့ ဦးဝင်းနိုင်နဲ့ ဦးသိန်းဆု ဆိုသူတွေဖြစ်တယ်လို့  ချမ်းအေးသာစံမြို့နယ်ရဲတပ်ဖွဲ့က သိရပါတယ်။

“သိသိချင်းပဲ ကျနော်တို့အုပ်ချုပ်ရေးမှူးတွေကို တင်ပြလိုက်ပြီးတော့ မီးပွိုင့်တွေမှာ သွားကြည့်တယ်၊ မတွေ့ဘူး။ သက်ဆိုင်ရာအုပ်ချုပ်ရေးအချင်းချင်းတော့ မှာခဲ့တယ်။ ဒီကလေးတွေတွေ့ရင်အကြောင်းကြားဖို့ပေ့ါ။ ဒီနေ့တော့ ဆေးရုံကြီးဘက်က ကားမှတ်တိုင်နားမှာတွေ့တယ်၊ ဖမ်းလိုက်တယ်ပေါ့။”လို့ တရားလိုပြုလုပ်ပြီး တိုင်တန်းခဲ့တဲ့ ဟေမာဇလရပ်ကွက် ရာအိမ်မှူး ဦးထွန်းထွန်းကျော်က ဆိုပါတယ်။

ကလေးငယ်နှစ်ယောက်ကိုတော့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

သတင်း-ဏေဏီ / ဓာတ်ပုံ Ko Naung - One News Myanmar
------------------------------------------
(Zawgyi)⤵⤵⤵
သားသမီးကို အတင္းအဓမၼ ေတာင္းရမ္းခိုင္းသည့္ ဖခင္ႏွစ္ဦးအား ဖမ္းဆီးအေရးယူ

မႏၲေလး ေမ ၂၅ ေဏဏီ

သားသမီးကို အတင္းအဓမၼ ေတာင္းရမ္းခိုင္းတဲ့ ဖခင္ႏွစ္ဦးအား ေမ ၂၅ ရက္က ဖမ္းဆီးလိုက္ပါတယ္။

 မႏၲေလးၿမိဳ႕ လမ္း ၃၀၊ ၇၃ လမ္း မီးပြိဳင့္မွာ ေတာင္းရမ္းေနတဲ့ ကေလးငယ္ႏွစ္ေယာက္ကို လူႀကီးႏွစ္ေယာက္က ေငြေတာင္းတာ၊ ႐ိုက္ႏွက္တာေတြလုပ္ေနတဲ့ ႐ုပ္သံဖိုင္တစ္ခု ေမ ၂၄ ရက္က လူမႈကြန္ယက္စာမ်က္ႏွာမွာ ျပန႔္ႏွံ႔ခဲ့ၿပီးေနာက္ အခုလိုဖမ္းဆီးလိုက္တာပါ။

“လက္ရွိမွာဖမ္းထားတယ္၊ ကေလးသူငယ္ ဥပေဒပုဒ္မ ၁၀၂(ခ)နဲ႔အမႈဖြင့္ထားတယ္။ ”လို႔ ခ်မ္းေအးသာစံၿမိဳ႕နယ္ရဲတပ္ဖြဲ႕ ရဲမႉးေဇာ္မိုးေအာင္က ေျပာပါတယ္။

အသက္ ၄ ႏွစ္အ႐ြယ္နဲ႔ ၆ ႏွစ္အ႐ြယ္ ကေလးႏွစ္ဦးကို ေတာင္းရမ္းခိုင္းၿပီး ႐ိုက္ႏွက္ေနသူေတြဟာ သူတို႔ရဲ႕ ဖခင္ရင္းေတြျဖစ္တဲ့ ဦးဝင္းႏိုင္နဲ႔ ဦးသိန္းဆု ဆိုသူေတြျဖစ္တယ္လို႔  ခ်မ္းေအးသာစံၿမိဳ႕နယ္ရဲတပ္ဖြဲ႕က သိရပါတယ္။

“သိသိခ်င္းပဲ က်ေနာ္တို႔အုပ္ခ်ဳပ္ေရးမႉးေတြကို တင္ျပလိုက္ၿပီးေတာ့ မီးပြိဳင့္ေတြမွာ သြားၾကည့္တယ္၊ မေတြ႕ဘူး။ သက္ဆိုင္ရာအုပ္ခ်ဳပ္ေရးအခ်င္းခ်င္းေတာ့ မွာခဲ့တယ္။ ဒီကေလးေတြေတြ႕ရင္အေၾကာင္းၾကားဖို႔ေပ့ါ။ ဒီေန႔ေတာ့ ေဆး႐ုံႀကီးဘက္က ကားမွတ္တိုင္နားမွာေတြ႕တယ္၊ ဖမ္းလိုက္တယ္ေပါ့။”လို႔ တရားလိုျပဳလုပ္ၿပီး တိုင္တန္းခဲ့တဲ့ ေဟမာဇလရပ္ကြက္ ရာအိမ္မႉး ဦးထြန္းထြန္းေက်ာ္က ဆိုပါတယ္။

ကေလးငယ္ႏွစ္ေယာက္ကိုေတာ့ လူမႈဝန္ထမ္းကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနကို ပို႔ေဆာင္ထားတယ္လို႔ သိရပါတယ္။

သတင္း-ေဏဏီ / ဓာတ္ပုံ Ko Naung - One News Myanmar
https://www.facebook.com/onenewsmyan
သားသမီးကို အတင်းအဓမ္မ တောင်းရမ်းခိုင်းသည့် ဖခင်နှစ်ဦးအား ဖမ်းဆီးအရေးယူ သားသမီးကို အတင်းအဓမ္မ တောင်းရမ်းခိုင်းသည့် ဖခင်နှစ်ဦးအား ဖမ်းဆီးအရေးယူ Reviewed by THITHTOOLWIN on 04:44 Rating: 5
Powered by Blogger.